Breaking News

ရွှေပြည်စိုး - အနိုင်ကျင့်သူတွေရဲ့ ဘဝနိဂုံး

Art - Than Htay Maung


ရွှေပြည်စိုး - အနိုင်ကျင့်သူတွေရဲ့ ဘဝနိဂုံး

(MoeMaKa, April 5th, 2021)

ဖော်ပြပါ ခေါင်းစဉ်လေးဟာ ပါမောက္ခချုပ် ဆရာတော်ကြီး အရှင် နန္ဒမာလာဘိဝံသ ဟောကြားတော်မူခဲ့ သော တရားတော်များထဲမှ တပုဒ်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတိုလေးကို တပ်ချုပ် မင်းအောင်လှိုင် နားထောင်ပြီး သံဝေဂ ရစေလိုသော ဆန္ဒဖြင့် ပါချုပ် ဆရာတော်ကြီးက ဟောကြားခဲ့တာလို့ ယူဆမိပါတယ်။

အကြောင်းက - ဒီတရားမှာပါတဲ့ ဆင်ရိုင်းကြီးရဲ့ ကျင်နာမှု ကင်းတဲ့ လုပ်ရပ်ဆိုးနဲ့ တပ်ချုပ် မင်းအောင်လှိုင်နဲ့ သူရဲ့ စစ်အုပ်စုဝင်တွေရဲ့ လူမဆန်၊ ယုတ်မာ ရိုင်းစိုင်းတဲ့ လုပ်ရပ်ဆိုးတွေဟာ တသားတည်း တထပ်တည်း ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

တပ်ချုပ် မင်းအောင်လှိုင်နဲ့ သူ့စစ်အုပ်စုဝင်တွေက မတရား လုယူ၊ ခိုးဝှက်၊ သိမ်းပိုက်ထားတဲ့ ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ၊ အသပြာတွေ ရာသက်ပန် တည်မြဲဖို့ လက်နက်မဲ့၊ အပြစ်မဲ့ တိုင်းရင်းသား လူမျိုးစုများ အပါအဝင် တိုင်းသူပြည်သား အားလုံးအပေါ် လက်နက်နဲ့ ဆက်လက် အနိုင်ကျင့်နေမယ်ဆိုရင် သေးငယ်တဲ့ တိရစ္ဆာန်လေးတွေကို အလွန်အင်အားကြီးမားတဲ့ ဆင်ရိုင်းကြီးက အနိုင်ကျင့်လို့ မကြာမီ ကာလအတွင်းမှာ ဆင်ရိုင်းကြီး အသေဆိုးနဲ့ ဘဝနိဂုံး ချုပ်သွားရတဲ့ အဖြစ်ဆိုးနဲ့ နှိုင်းယှဉ်ပြီး ဟောကြားထားတဲ့ ဘဝသင်ခန်း စာပေး ဇာတ်လမ်းလေး ဖြစ်ပါတယ်။

ဇာတ်လမ်းပါ အဓိက ဇာတ်ကောင်ဟာ ဆင်ရိုင်းကြီး တကောင်နဲ့ စာမလေး (စာကလေး)တကောင်ဖြစ်ပြီး၊ ဇာတ်ပို့တွေကတော့ ကျီးကန်း၊ ယင်ကောင်နဲ့ ဖားလေး တကောင်စီ ဖြစ်ပါတယ်။

သဘောက အင်အားမရှိတဲ့ တိရစ္ဆာန်လေးတွေက သူတို့ထက် အဆတသိန်းမက ကြီးမားတဲ့ ဆင်ရိုင်းကြီး တကောင်ရဲ့ ဘဝကို နိဂုံးချုပ်စေဖို့ တကောင်စီ တမျိုးစီ ကြံစည်လိုက်တဲ့အခါ ဆင်ရိုင်းကြီးဘဝ နိဂုံးချုပ် မကောင်းတဲ့ ဇာတ်ကြောင်းလေး ဖြစ်ပါတယ်။

ပါချုပ်ဆရာတော်ကြီးက တပ်ချုပ် မင်းအောင်လှိုင်နဲ့ သူ့စစ်အုပ်စုဝင်တွေ ဆင်ရိုင်းကြီးလို အသေဆိုးနဲ့ မသေစေလိုတဲ့ ဆန္ဒနဲ့ ကြိုတင်ဟောကြားတာလို့လည်း ထင်မိပါတယ်။

ဒီဇာတ်လေးရဲ့ အကျဉ်းချုပ်မှာ -

တစ်နေ့မှာ - အခြားဆင်တွေနဲ့ မတည့်လို့ အတူမသွားတဲ့ ဆင်ရိုင်းကြီးတကောင် သွားမယ့်လမ်းကြောင်း ပေါ်ရှိ ခြုံပုတ်လေးတခုထဲမှာ စာမလေး မွေးထားတဲ့ စာကလေး ၂ ကောင် ရှိတယ်။

ဆင်ရိုင်းကြီး လာတဲ့အခါ စာမလေးက ဆင်ရိုင်းကြီးရှေ့ ကနေပြီး ကိုယ်ဟန်အမူအရာနဲ့ “ဆင်မင်းကြီး၊ ရှေ့ ကခြုံပုတ်လေးထဲမှာ ကျုပ်မွေးထားတဲ့ စာကလေး ၂ ကောင် ရှိပါတယ်။ သူတို့ အသက် မထိခိုက်အောင် ရှောင်ပြီး သွားပေးပါ”လို့ တောင်းပန်ရှာတယ်။

ဆင်ကြီးက စာမလေး တောင်းပန်တာကို ဂရုမစိုက်ဘဲ ရိုင်းစိုင်းတဲ့ စိတ်နဲ့ “နင်လိုကောင်မျိုး အကောင် တသိန်းလာလဲ ငါမမှုဘူး။ အကုန်လုံး နင်းချေပြစ်မယ်”လို့ ပြောပြီး ဆက်လျှောက်ကာ ခြုံပုတ်လေးကိုရော၊ စာကလေး ၂ ကောင်ကိုပါ နင်းချေပြစ်လိုက်တယ်။

သစ်ပင်ပေါ်က ကြည့်နေတဲ့ စာမလေးဟာ မျက်ရည်ကျပြီး အံကြိတ်ခါ လက်စားချေဖို့ စဉ်းစား ဆင်ခြင်တယ်။ 

စာမလေးက ကျီးကန်း၊ ယင်ကောင်နဲ့ ဖားလေးတကောင်နဲ့ မိတ်ဆွေဖွဲ့ကာ သူ့အစီအစဉ်ကို ပြောပြီး အကူ အညီတောင်းတယ်။

သူ့အစီစဉ်အတိုင်း ကျီးကန်းက ဆင်ကြီး အိပ်နေချိန်မှာ ဆင်ကြီးရဲ့ မျက်စေ့ ၂ လုံးကို သူ့နှုတ်သီးနဲ့ ထိုး ဖောက်လိုက်တယ်။ 

ယင်ကောင်လေးက ဆင်ကြီးရဲ့ မျက်စေ့တွေထဲကို ဥတွေ ဥချလိုက်ပြီး လောက်တက်စေခဲ့တယ်။

ဆင်ကြီး မျက်စေ့ကန်းပြီး အစာရေစာ မရှာနိုင်ချိန်မှာ ဖားလေးက တောင်ပေါ်တက်ပြီး အသံပေးလိုက်တယ်။

ဆင်ကြီးက ရေငတ်လို့ ဖားအော်တဲ့ နေရာမှာ ရေရှိမှာပဲ ဆိုပြီး တောင်ပေါ်တက်လိုက်သွားတယ်။

ဆင်ကြီး တောင်ပေါ်ရောက်တဲ့အခါ ဖားလေးက ချောက်ထဲ ခုန်ချပြီး ချောက်ထဲကနေ အသံပေးလိုက် ပြန်တယ်။

ဆင်ကြီးက ဖားအော်သံကြားတဲ့ဘက်ကို လှည့်အသွား ချောက်ထဲကျပြီး သေဆုံးသွားတယ်။

တရားသဘောက - ခွန်အားကြီးမားတဲ့ ဆင်ရိုင်းကြီးဟာ ခွန်အားနဲတဲ့ တိရစ္ဆာန်လေးတွေကို အနိုင်ကျင့်နေ ရင် တနေ့မှာ အသေဆိုးနဲ့ သေရနိုင်တယ်လို့ ဆိုလိုတယ်။

လက်နက်အပြည့်အစုံရှိတဲ့ ပြည်သူ့ ချဉ်ဖတ်၊ မကောင်းမှုအပေါင်း သရဖူးဆောင်းတဲ့ လူယုတ်မာ တပ်ချုပ် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ လက်နက်မဲ့၊ အပြစ်မဲ့ ရဟန်းရှင်လူ ကျောင်းသား လူငယ်လေးတွေကို လက်နက်နဲ့ရော၊ လူဆိုး လူမိုက်တွေကို ငွေကြေးပေးပြီး ခိုင်စေကာ ဆက်လက် အနိုင်ကျင့်နေရင် မကြာ တော့ကာလမှာ ဆင်ရိုင်းကြီးလို အသေဆိုးနဲ့ ဘဝနိဂုံး မချုပ်စေလို၍ သူ့လုပ်ရပ်ဆိုးတွေ ရပ်တန်းက ရပ်ဖို့ ပါချုပ်ဆရာတော်ကြီးက လူယုတ်မာ တပ်ချုပ် မင်းအောင်လှိုင်ကို အချိန်မီ သံဝေဂ ရစေဖို့ ရှေ့ပြေး နိမိတ် အနေနဲ့ ဥပမာပေးပြီး ဟောကြားတော်မူတာ ဖြစ်မယ်လို့လည်း ယူဆမိပါတယ်။

ပါချုပ် ဆရာတော်ကြီးက လူယုတ်မာ မင်းအောင်လှိုင် စိတ်ကောင်း ပြန်ဝင်လာအောင် ဘယ်လောက်ပဲ ဟောဟော နားမဝင်ပါဘူး။

အကြောင်းက - အာဏာရှိရင် လုပ်တိုင်းဖြစ်နေမှန်း သိနေတာမို့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကြွ ရောက်ပြီး ဟောကြားရင်တောင် သူ့ကို ဆရာလာလုပ်တယ် ထင်ပြီး ပြန်ရန်မူမှာ သေချာတယ်။

သူဟာ အတ္တစွဲ လွန်ကဲပြီး ရာထူးရူး၊ အာဏာရူး၊ ပစ္စည်းဥစ္စာ အသပြာရူး ရူးပြီး အာဏာရမက် ငန်းငန်း တက်ဖြစ်ခါ ဒီမိုကရေစီ လိုလားသူတိုင်းကို ရန်သူလို သဘောထားနေတာ ဒီနေ့အထိပါ။

သူဟာ မြန်မာလူမျိုး အစစ်မဟုတ်ပါ။ တယုတ်သွေး အများဆုံး ပါနေသူပါ။ ဒါကြောင့် သူ့ပထွေး တယုတ်ကြီး ခိုင်းသမျှ လုပ်နေတာ ဒီနေ့အထိပါ။

သူဟာ ဗုဒ္ဓဘာသာဝင် အစစ်လည်း မဟုတ်တာကြောင့် မင်းအောင်လှိုင်ဟာ သူ့ပထွေး တယုတ်ကို ကိုးကွယ် ပြီး ရာထူး အာဏာ တည်မြဲရေးအတွက် တယုတ်ခိုင်းသမျှ လုပ်နေတာ အားလုံးအသိပါ။

သူဟာ ဗုဒ္ဓဘာသာဝင်လည်း အစစ်အမှန် မဟုတ်ပါ။ ဟန်ဆောင် ဗုဒ္ဓဘာသာဝင်သာ ဖြစ်ပါတယ်။

သူသာ မြန်မာဗုဒ္ဓဘာသာဝင် အစစ်အမှန်ဖြစ်ရင် ဗုဒ္ဓဘာသာဝင် သူတော်စင် မန္တလေးမြို့မှ မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်ကြီး အရှင်အရိယဝံသာဘိဝံသအား ဖမ်းဆီး ချုပ်နှောင်ထားမှာ မဟုတ်သလို လူဝတ်လဲကာ ရုံးထုတ်ပြီး ပြန်ချုပ်ထားမှာ မဟုတ်ပါ။

အခြားဆရာတော်၊ သံဃာတော်များနဲ့ တိုင်းသူပြည်သားများအပေါ် ရန်သူလို သဘောထားပြီး အကြောင်း အမျိုးမျိုးရှာ၊ ပြဿနာ အမျိုးမျိုး ဆင်ပြီး ရက်စက်စွာ ရိုက်နှက် ဖမ်းဆီး ချုပ်နှောင်၊ ရက်စက်စွာ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်၊ သတ်ဖြတ်ပြီး အလောင်းကိုပါ လက်စဖျောက်နေတာ ကမ္ဘာကပါ သိနေပါပြီ။

ဒီလို သူ့ရဲ့  လုပ်ရပ်ဆိုးကို လုပ်ရက်တာကို ကြည့်ရင် တယုတ်စုပ် မင်းအောင်လှိ်ုင်ဟာ မြန်မာဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။

ဒါ့ကြောင့် သူဟာ ပါချုပ် ဆရာတော်ကြီး ဥပမာပေး ဟောကြားခဲ့သော ဆင်ရိုင်းကြီးအတိုင်း စိတ်ရိုင်းဝင်ပြီး ထင်ရာစိုင်းနေတဲ့ ပြည်သူ့ ချဉ်ဖတ်၊ ပြည်သူ့ မေတ္တာတုန်း ပြည်သူ့မေတ္တာ၊ ပြည်သူ့ ကျိန်စာကြောင့် မကြာ တော့တဲ့ကာလအတွင်းမှာ သေခြင်းဆိုးနဲ့ ဘဝနိဂုံးချုပ်ရတော့မှာ ဧကံမုချ မလွှဲတော့ပါ။

လူယုတ်မာ တပ်ချုပ် မင်းအောင်လှိုင်နဲ့ စစ်အုပ်စု အမြန်ဆုံး ကျဆုံးပါစေ။ 

ဒီမိုကရေစီ အရေးတော်ပုံ မကြာမီ အေင်ရမည်။   ။


#MoeMaKaMedia #WhatsHappeningInMyanmar