Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ရင်နီ၊ ရန်လင်းအောင်

ART- THAN HTAY MAUNG

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
မေ ၇၊ ၂၀၂၁


မျိုးဆက်​​တော်​လှန်​​ရေး
ရင်​နီ


သမီးငယ်​ရဲ့ရှိုက်​သံ​နောက်​
သားကြီးရဲ့ လက်​သီးက နံရံဆီလွင့်
မိဘတစ်​​ယောက်​ရဲ့ စိတ်​ခံစားမှုဟာ
တိုက်​ပွဲဖြစ်​သွား။

အသက်​ကိုအရင်းပြုလို့
နိုင်​​အောင်​ တိုက်​ရမယ့်တိုက်​ပွဲ။

ပြည်​သူချင်းယုံကြည်​မှုနဲ့
နိုင်​ကိုနိုင်​ရမယ်​လို့
စိတ်​ကိုဖြတ်​
မရပ်​မနား ထိုးစစ်​ဆင်​ရမှာပဲ။

​မေတ္တာတရားရဲ့ညွှန်​ပြချက်​နဲ့
​ရှေ့ဆက်​ရမယ့်လမ်း
အကြမ်း အရမ်း လွမ်းခန်း
သန်းချီတဲ့ တိုင်းရင်းသားပြည်​သူများနဲ့ လက်​တွဲ
​နှောင်​ကြိုးပြတ်​ဖို့ တိုက်​ရမယ့်ပွဲ
တိုက်​ပွဲဟာ ဘဝထဲကို မီးထုပ်​ကိုင်​ပြီး ဝင်​လာပြီ။

သိစိတ်​ထဲဆုပ်​ကိုင်​မိတာက ဓမ္မ
နှလုံးသားမှာ လူ့ဂုဏ်​သိက္ခာ
စစ်​မိစ္ဆာကိုအမြစ်​ဖြတ်​ဖို့
​သွေးသစ္စာကို ဆိုခဲ့ပြီ။

အံကြတ်​ရင်းကြည့်တဲ့ အ​ဖေ့မျက်​လုံးထဲ
အ​မေကိုင်​ထားတဲ့ ဓားမကိုမြင်​​တော့
​သွေးက​ပြောတဲ့စည်​းလုံးမှုနဲ့
​အောင်​စည်​သံကို ​အောင်​စိတ်​နဲ့ကြား
သားတို့​ရေ
အိမ်​​ရှေ့သ​ပြေပင်​က ရွက်​နုသစ်​လွင်​
တိုက်​ရင်​နိုင်​မယ့်အောင်​ပွဲရှိတယ်​။ ။


၃၊ ၃၊ ၂၀၂၁
နံနက်​ ၈း၄၅

...


နွေဦးကျောင်း
ရန်လင်းအောင်

နွေဦးကျောင်းကို တက်ပြီးပြီပဲ
ဘယ်ကျောင်းတက်ဖို့လိုသေးလဲ ။

ဓမ္မလှိုင်းတွေ တလုံးပြီးတလုံး 
အဓမ္မအမှိုက်တွေကို ခါထုတ်နေပြီ 

စစ်မိစ္ဆာတွေက ပြည်သူကိုပုန်ကန်လို့
ပြည်သူတွေက ပြည်သူ့တရားနဲ့
စီရင်ကြပြီ 

ဒလန်တွေ သေပန်းပွင့်သလို
နွေဦးကြယ်တွေ ရှင်ပန်းပွင့်ပြီ
ပြည်သူ့ကောင်းကင်ပေါ်မှာ
တလက်လက် 

လူဆိုးနဲ့လူကောင်း
ဓမ္မနဲ့အဓမ္မ
ရန်သူနဲ့မိတ်ဆွေ
အထူအပါး စာရင်းဇယားထုတ်
ခွဲခြားဖော်ပြ 
နွေဦးပညာရေးဟာ
ကျွန်ပညာရေးကို အမြစ်ဖြုတ်ပြီ 

နွေဦးကျောင်းကိုတက်ခဲ့ပြီပဲ
ဘယ်ကျောင်း တက်ဖို့လိုသေးလဲ ။

၂၆.၄.၂၁


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar