Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - နေစိမ့်၊ ဆောင်းယွန်းလ၊ မိုးခါး

Art- Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၁၃၊ ၂၀၂၁
-
G Z များသို့

လမ်းပေါ်တက်ပြီးဆန္ဒပြတာချင်းအတူတူ
အဓမ္မကိုဆန့်ကျင်တာခြင်းအတူတူ
အာဏာရှင်ကိုတော်လှန်တာချင်းအတူတူ
အကြီးကြီး
မင်းတို့ရင်းနှီးလိုက်တယ်စွန့်လွှတ်ရဲကြတယ် အိတ်သွန်ဖာမှောက်
ငါတို့ အခါခါ
အလေးအမြတ်ဦးညွှတ်လိုက်ပါတယ်
G Xများ

နေစိမ့်

...

နွေဦးတော်လှန်ရေး ၂၃

တော်လှန်ဖို့အရေးနဲ့
တော်လှန်ဖို့အကြောင်းရှိလာလို့
အရေးအကြောင်းထဲမှာ အရေးတကြီးပေါ့
အသက်ထက်လည်းအရေးကြီးလို့ အသက်တွေ စတေးခဲ့ကြရ
ဘဝထက်လည်း အရေးကြီးလို့ ဘ၀တွေ ပေးခဲ့ကြရ
ကိုယ်တိုင် မတိုက်နိုင်လို့
တိုက်ပွဲဝင်သူကို အားပေးကူညီခြင်းဟာလည်း တော်လှန်ရေးဘဲ
၂၁ ရာစုမှာ 
တစ်နိုင်ငံလုံးရော ပြည်ပရောက် နိုင်ငံသူ နိုင်ငံသားတွေကိုပါ
တော်လှန်ရေးသမားတွေဖြစ်သွားစေခဲ့တဲ့ နွေဦး
ထူးလည်းထူးမယ့် ဆန်းလည်းဆန်းမယ့် တော်လှန်ရေး
နွေဦးတော်လှန်ရေးအတွက်
တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်။

ဆောင်းယွန်းလ

...

ချစ်ခြင်းမှာ ဘက်ရှိတယ်

နှလုံးသားဖြစ် ဆုံဖြတ်ခြင်းကစားပွဲ
မျက်လုံးပေါင်းသောင်းခြောက်ထောင်ရဲ့လျှို့ဝှက်ခြင်း  ကျမ်းစာ
အမည်တုနဲ့လိပ်စာလွဲမှားတဲ့ စာအိပ်
ဘုရားနဲ့ တရားမကွဲပြားသေးတဲ့ကျိန်စာ
ရယ်မောခြင်း နောက်ဆက်တွဲမခိုင်တဲ့ ရထား
အသံနဲ့လေ ကွဲပြားမှုမသိသေးတဲ့ တကိုယ်ရေသီလ
ပွဲလည်သင့်တယ်ခြင်းနဲ့ကျောမလုံတဲ့ ဘဝရေစာ
လမ်းညွန်မှုအလွဲနဲ့ ယုံစားခြင်းကိန်းသေ
ကိုယ့်အရိပ်ကိုယ်နင်းထားခြင်းမသိတဲ့မာန
သွေးလည်းရှိတယ်
ချစ်ခြင်းလည်းရှိတယ်
မုန်းခြင်းလည်းရှိတယ်
ကျောပေးပုံခြင်းမတူသာပဲရှိတယ်။ ။

မိုးခါး
11.6.2021
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar