အိုက်နီ(ဖြူး) - ကြီးမြတ်သောဂုဏ်ရောင်ပြောင်သော Nataji(ခေါင်းဆောင်ကြီး) Subaschandra Bose
အိုက်နီ(ဖြူး) - ကြီးမြတ်သောဂုဏ်ရောင်ပြောင်သော Nataji(ခေါင်းဆောင်ကြီး) Subaschandra Bose
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၁နယ်ချဲ့ဆန့်ကျင်ရေးမှာ ဂန္ဒီ ရဲ့ အကြမ်းမဖက်တော်လှန်ရေး နဲ့ ဘို့စ်ရဲ့ လက်နက်ကိုင်တော်လှန်ရေး အကြားမှာ ဘို့စ် ကို ဂန္ဒီတို့ လက်ယာအုပ်စုမှ အိန္ဒိယအမျိုးသားကွန်ဂရက် မှ ထုတ်ပယ်ခဲ့သည်။ ဘို့စ်မှ စိတ်ဓါတ်ကျဆင်းမှု အလျဉ်းမရှိဘဲ All india forward bloc ကို တည်ထောင်ခဲ့သည်။ AIFB ၏ အလံမှာ အနီရောင်အောက်ခံ တွင် အဝါရောင် ကျားရုပ်၏ အပေါ်တွင်အဖြူရောင် တူတံဇဉ် တို့ဖြစ်သည်။ Nataji bose သည် ၁၉၃၈ ၁၉၃၉ ထိ India National Congress ဥက္ကဌ တာဝန်ယူခဲ့သည်။နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရပြီး ဗြိတိသျှအစိုးရမှ ဘို့စ် အား မန္တလေးနန်းတွင်းထောင်တွင် အကျဉ်းချခဲ့ဖူးသည်။ ဘို့စ် ၏ အိန္ဒိယလွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအတွက် အကူအညီရရှိရန် အာဖကန္နစ္စတန် ကို ခက်ခဲစွာ ဖြတ်သန်းပြီး ဆိုဗီယက်ယူနီယံကွန်မြူနစ်အစိုးရထံ အကူအညီတောင်းခဲ့သော်လည်း ခေါင်းဆောင်ကြီး စတာလင်မှ ပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းအရ ငြင်းပယ်ခြင်းခံခဲ့ရသည်။
(ထိုကာလသည် ဖက်ဆစ်ဝင်ရိုးတန်း ၃ နိုင်ငံဖြစ်သော ဂျာမဏီ ဂျပန် အီတလီ တို့အား တိုက်ခိုက်ရန် ဗြိတိသျှ ဆိုဗီယက် အမေရိကန် ပြင်သစ် စသည့်နိုင်ငံကြီးများ မဟာမိတ်ဖွဲ့ထားသော ကာလဖြစ်၍ ဗြိတိသျှ ဆန့်ကျင်ရေးအတွက် အကူအညီဖြစ်တဲ့ ဘို့စ်အား ငြင်းပယ်ရခြင်းဖြစ်သည်။) ဆိုဗီယက်အကူအညီမရသော ဘို့စ်သည် ဂျာမဏီခေါင်းဆောင်ဟစ်တလာဆီ ဂျာမဏီသံရုံးမှတဆင့် အကူအညီ သွားတောင်းခဲ့ရာ ဂျာမဏီ နဲ့ ဂျပန် ဖက်ဆစ်တို့၏ အကူအညီဖြင့် အိန္ဒိယအမျိုးသားတပ် ကို ဖွဲ့စည်းခဲ့ရသည်။ (ဗမာပြည်တွင်လည်း သခင်အောင်ဆန်းသည် တရုတ်ကွန်မြူနစ်အကူအညီ သွားရှာရာမှာ အလွဲအချော်များကြောင့် ဖက်ဆစ်ဂျပန်အကူအညီ ရရှိခဲ့ခြင်းနှင့်အလားသဏ္ဍန်တူသည်။ ဖက်ဆစ်တို့သည်လည်း ဗြိတိသျှ ပြင်သစ် စသည့် အနောက်နိုင်ငံကြီးများ ကိုလိုနီအပြုခံထားရသော အမျိုးသားများရဲ့ လွတ်လပ်ရေးလိုလားတောင့်တမှုအား အသုံးချကာ အနောက်နိုင်ငံကြီးများကို ထိုးစစ်ဆင်ကာ ကျူးကျော်ရန်အတွက်ဖြစ်သည်။)
Nataji bose သည် ဂျာမဏီ ဂျပန် အကူအညီဖြင့် ဗမာပြည် အတွင်းရှိ အိန္ဒိယအမျိုးသားများစည်းရုံးပြီး ဗမာပြည်အားခက်ခဲစွာဖြတ်သန်းကာ နယ်ချဲ့တိုက်ပွဲကို ဆင်နွှဲခဲ့ရသည်။ ဘို့စ် တွက်ကိန်းအတိုင်းပင် နောက်ပိုင်းတွင် ဖက်ဆစ်ဂျပန်တို့ တဖြေးဖြေးချင်း အကူအညီပေးဖို့ ဖြတ်တောက်ခံရသည့်အတွက် လူထူကို ဗဟိုပြုကာ ပင်ပန်းဆင်းရဲစွာ လက်နက်ကိုင်တော်လှန်ရေးဖြင့် အိန္ဒိယလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် အမေ့အလျော့ခံ အမျိုးသားခေါင်းဆောင်ဖြစ်ပေသည်။ ၁၉၄၅ ခုနစ် သြဂုတ် ၁၈ရက်နေ့တွင် ဘို့စ် စီးနှင်းလာသော ရဟတ်ယျာဉ်သည် ထိုင်ဝမ်ကျွန်းအနီး ပျက်ကျခဲ့သည်။ အိန္ဒိယပြည်သူတရပ်လုံးသည် သာမန်ရိုးကျ ပျက်ကျခြင်းမဟုတ် နယ်ချဲ့သမားများ၏ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု တထစ်ချယုံကြည်ကြသည်။ ဘို့စ် သည် အိန္ဒိယလွတ်လပ်ရေးကို မြင်မသွားရပေမဲ့ အိန္ဒိယပြည်သူတရပ်လုံးလိုလားအပ်သည့် လွတ်လပ်ရေးရောင်ခြည်အား အသက်ပေး၍ နည်းလမ်းမှန် ပေးစွမ်းခဲ့သော အမေ့လျော့ခံ အိန္ဒိယ Nataji တဦးဖြစ်ပေသည်။
အိုက်နီ(ဖြူး)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar