မိုးမခကဗျာ - မောင်သွေးခိုင် ''တော်လှန်ဝိညာဉ် ကခုန်ခြင်း" ၊ ငြိမ်းအေးလူ - '' မရိုးနိုင်သော ကိစ္စများ ''
မိုးမခကဗျာ
သြဂုတ် ၂၈၊ ၂၀၂၁
''တော်လှန်ဝိညာဉ် ကခုန်ခြင်း''
မောင်သွေးခိုင်
(FB) ဖဘ ဖွင့်လိုက်တိုင်း
ကျေးလက်နဲ့ မြို့ပြတွေမှာ
မီးတောက် မီးလျှံတွေ
တိမ်တောင်တိမ်လိပ်တွေလို
ပြည့်လို့လျန်းလို့။
မီးလျံကြားကပြည်သူတွေရဲ့
ဒီမိုကရေစီရေးတေးသံ
ကမ္ဘာ့မြေပုံထဲက
ပွင့်ထွက်
အံကျ။
ဟယ်....ဖက်ဆစ် အာဏာရှုး
ငါဆိုတဲ့
တော်လှန်ကဗျာ
မီးပုံထဲ ဒူးမထောက်။
၄၄ လမ်း အမှတ် ၃၈ ပေါ်က
ဝိညာဉ် ငါးစုံ
ကတ္တရာ လမ်းမထက် ကြွေကျ။
သူရဲကောင်းတွေဟာ
သေရွာသွားတာကို
အိမ်ပြန်သလိုသဘောထားခဲ့။
Aug.27' 2021
စစ်အာဏာရှင်စံနစ် ကျရှုံးပါစေ
-
'' မရိုးနိုင်သော ကိစ္စများ ''
ငြိမ်းအေးလူ
စမှတ်...ဆုံးမှတ်
အရပ်ရပ်ဆီမှ...
ဦးတည်ရာကွဲ ရွေ့လျား
ဖြတ်သန်းပွေလီလမ်းမများ ....
လမ်းဆုံတိုင်းဟာ...
လမ်းခွဲများလည်းဖြစ်....
ငါနားခဲ့တဲ့သစ်ရိပ်ဟာ....
လမ်းတလျှောက်...
ငါ့နောက်...လမ်းလျှောက်လိုက်ပါ ....။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar