မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၄ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၄ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၁
ကိုဗစ်ကူးစက်မှုက နယ်မြို့တွေဆီ ပြန့်နှံ့ဖြစ်ပွားနေဆဲ၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်ကောင်စီတပ်တွေကို ကြားဖြတ် မိုင်းခွဲတိုက်ခိုက်မှုတွေ၊ အလစ်အငိုက် ချောင်းပစ်တာတွေ မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဖြစ်ပွားနေဆဲ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တချို့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေဆဲ၊ ကယား၊ ချင်း၊ ရှမ်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်ဘေးရှောင် အရေအတွက်က နေ့စဥ်လိုလို ထောင်ဂဏန်း သောင်းဂဏန်းနဲ့ မြင့်တက်လာနေဆဲ အခြေအနေက ပြည်တွင်း အခြေအနေဖြစ်ပါတယ်။
နိုင်ငံရေး အခြေအနေ ကိုဗစ်ကူးစက်မှု အခြေအနေအပြင် စီးပွားရေး အခြေအနေကလည်း မျက်နှာသာမပေးပဲ ကိုဗစ်ကူးစက်မှုကြောင့် ကန့်သတ်မှုတွေ နယ်စပ်ကုန်သွယ်မှုတွေ အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်း၊ ရေထွက်ပစ္စည်း ရှာဖွေတင်ပို့တဲ့လုပ်ငန်းတွေ အပေါ် ကြီးမားတဲ့ ရိုက်ခတ်မှု အကျိုးသက်ရောက်မှုတွေ ရှိနေဆဲ ဖြစ်ပြီး စီးပွားရေးအခက်အခဲကို အဖြေရှာဖို့ထက် နိုင်ငံရေး အာဏာချုပ်ကိုင်နိုင်ဖို့ ဦးစားပေး လုပ်ဆောင်မှုတွေကြောင့် ြမန်မာနိုင်ငံရဲ့ မဝေးတဲ့အနာဂတ်ဟာ မှုန်ဝါးနေတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြို့ရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရေအတွက်ဟာ ၃ သိန်း နဲ့ ၄ သိန်းအကြားကို ရောက်လာနေပါပြီ။ အဲဒီအရေအတွက်ရှိတဲ့ သူတွေအတွက် ရိက္ခာ၊ ဆေးဝါး၊ မရှိမဖြစ် အသုံးအဆောင်လိုမျိုး လူသားချင်းစာနာမှုအကူအညီပေးဖို့ လက်ခံယူဖို့ အခြေအနေပေးတဲ့ ဒေသတွေရှိသလို အခြေအနေမပေး လက်ခံရယူခြင်းမပြုနိုင်ပဲ ပိတ်ဆို့ကန့်သတ်ခံထားရတဲ့ ဒေသတွေ စခန်းတွေ အများအပြားလည်း ရှိနေတာဖြစ်ပါတယ်။
နိုင်ငံရေး အခြေအနေ ကိုဗစ်ကူးစက်မှု အခြေအနေအပြင် စီးပွားရေး အခြေအနေကလည်း မျက်နှာသာမပေးပဲ ကိုဗစ်ကူးစက်မှုကြောင့် ကန့်သတ်မှုတွေ နယ်စပ်ကုန်သွယ်မှုတွေ အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်း၊ ရေထွက်ပစ္စည်း ရှာဖွေတင်ပို့တဲ့လုပ်ငန်းတွေ အပေါ် ကြီးမားတဲ့ ရိုက်ခတ်မှု အကျိုးသက်ရောက်မှုတွေ ရှိနေဆဲ ဖြစ်ပြီး စီးပွားရေးအခက်အခဲကို အဖြေရှာဖို့ထက် နိုင်ငံရေး အာဏာချုပ်ကိုင်နိုင်ဖို့ ဦးစားပေး လုပ်ဆောင်မှုတွေကြောင့် ြမန်မာနိုင်ငံရဲ့ မဝေးတဲ့အနာဂတ်ဟာ မှုန်ဝါးနေတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြို့ရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရေအတွက်ဟာ ၃ သိန်း နဲ့ ၄ သိန်းအကြားကို ရောက်လာနေပါပြီ။ အဲဒီအရေအတွက်ရှိတဲ့ သူတွေအတွက် ရိက္ခာ၊ ဆေးဝါး၊ မရှိမဖြစ် အသုံးအဆောင်လိုမျိုး လူသားချင်းစာနာမှုအကူအညီပေးဖို့ လက်ခံယူဖို့ အခြေအနေပေးတဲ့ ဒေသတွေရှိသလို အခြေအနေမပေး လက်ခံရယူခြင်းမပြုနိုင်ပဲ ပိတ်ဆို့ကန့်သတ်ခံထားရတဲ့ ဒေသတွေ စခန်းတွေ အများအပြားလည်း ရှိနေတာဖြစ်ပါတယ်။

မုတ်သုန်မိုးရာသီထဲမှာ မိိမတို့နေထိုင်တဲ့ ကျေးရွာတွေ နေအိမ်တွေ၊ စိုက်ပျိုးခင်း တောင်ယာတွေ အိမ်မွေးတိရိစ္ဆာန်တွေ ထားရစ်ခဲ့ရပြီး အသက်ရှင်ဖို့ အတွက် တောထဲ တောင်ထဲ ကွင်းထဲမှာ တိမ်းရှောင်နေကြရတဲ့ ဘဝတွေ သိန်း နဲ့ချီရှိတဲ့ အခြေအနေဟာ တွေးကြည့်ရုံနဲ့တင် စိတ်မချမ်းမြေ့ဘွယ် ရင်နာဖွယ် အခြေအနေမျိုးဖြစ်ပါတယ်။
ဒီအခြေအနေတင်ပဲလားဆို မဟုတ်သေးပါဘူး။ စစ်ကောင်စီတပ်တွေနဲ့ ကြုံရတဲ့ သူတွေ ထွက်မပြေးနိုင်သူတွေအဖို့ သတ်ဖြတ်ခံရ ညှင်းဆဲခံရတဲ့ အဖြစ်တွေလည်း နေ့စဥ်နဲ့အမျှ သတင်းတွေထဲ ဖတ်နေကြရတာလည်း ဖြစ်ပါတယ်။
နေ့စဥ် ကြားနေရ ဖတ်နေရတဲ့ သတင်းတွေ အများစုက စိတ်ဆင်းရဲဖွယ်ရာ၊ နာကျည်းဖွယ်ရာ ၊ ဘဝတသက်တာအတွက် တကြိမ်တခါသာ ကြားဖူးတဲ့ ဆိုးရွားတဲ့ သတင်းတွေက အများစုလို ဖြစ်နေပြီး အဲဒီသတင်းတွေကြားထဲ ရှားရှားပါးပါး သတင်းတချို့ကသာ စိတ်သက်သာစရာ သတင်းမျိုး ဖြစ်ပါတယ်။ ဒီနေ့သတင်းတွေထဲ အဲဒီလိုသတင်းတပုဒ်ကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ကလေးငယ် ၃၀၀ ကို စာသင်အခွင့်အလမ်းမဆုံးရှုံးစေဖို့ မီဇိုရမ်ပြည်နယ်က ကျောင်းတွေမှာ တက်ရောက်စေဖို့ ပြည်နယ် အစိုးရက စီမံဆောင်ရွက်ပေးတယ် ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဟာ ချင်းပြည်နယ် မြောက်ပိုင်းနဲ့ နယ်နိမိတ်ချင်းဆက်စပ်နေပြီး ဘာသာစကားအားဖြင့် ယဥ်ကျေးမှုအားဖြင့် နီးစပ်တဲ့ မျိုးနွယ်စုတွေ ဖြစ်ကြပြီး မြန်မာနိုင်ငံ ချင်းပြည်နယ်က ထွက်ပေြးခိုလှုံလာသူတွေကို နွေးထွေးစွာ ကြိုဆိုနေရာပေးထားတဲ့ ပြည်နယ် တခုလည်းဖြစ်ပါတယ်။
အခြားေသာသတင်းတပုဒ်ကတော့ မြန်မာ့အရေး အာဆီယံအဖွဲ့ရဲ့ အထူးကိုယ်စားလှယ် ခန့်အပ်ထားခံရတဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာရောက်ဖို့ ကိစ္စနဲ့ပတ်သက်လို့ လာရောက်တဲ့အခါမှာ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ညှိနှိုင်းနေဆဲ ဖြစ်တယ်ဆိုတဲ့ သတင်းပါ။ အာဆီယံမူ ငါးချက်ကို သဘောတူကြောင်း စစ်ကောင်စီခေါင်းဆောင်က ဧပြီလ နေှာင်းပိုင်းမှာ ဂျာကာတာ အာဆီယံအစည်းအဝေးမှာ ကတိပေးခဲ့ပြီး အဆိုပါ မူ ငါးချက်ကို ဆက်လက်အကောင်အထည်ဖေါ်ဖို့ အတွက် နိုင်ငံတကာကလည်း တိုက်တွန်းနေခဲ့ပါတယ်။ သို့ပေမယ့် လအားဖြင့် ၃/၄ လကြာမြင့်သည့်တိုင် အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်မရသေးတာ ဖြစ်ပါတယ်။
အာဆီယံရဲ့ ကြားဝင်ညှိနှိုင်းမှုဟာ အာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံရေးနည်းလမ်းအရ ထွက်ပေါက် တခုဖြစ်တယ်လို့ အများက ယူဆကြပေမယ့် စစ်ကောင်စီကိုယ်တိုင်က အဲဒီလို နားလည်ယူဆပုံမရပါဘူး။ စစ်ကောင်စီက အန်အယ်လ်ဒီနဲ့ ညှိနှိုင်းဖို့ဆိုတဲ့ နိုင်ငံတကာရဲ့ အဆိုပြုချက်တွေကို လက်မခံချင်တဲ့ ရပ်တည်ချက်မျိုး ထားရှိပြီး အာဆီယံရဲ့ တောင်းဆိုချက်ကို အချိန်ဆွဲ နေတဲ့ပုံ လို့ ခန့်မှန်းရပါတယ်။

စစ်တပ်ရဲ့ ရပ်တည်ချက် ယူဆချက်တွေဟာ မြန်မာနိုင်ငံဟာ ၈၈ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်း နိုင်ငံတကာရဲ့ သံတမန်ရေး ကြုိးပမ်းမှုတွေ တိုက်တွန်းမှုတွေကို အာခံခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှလိုမျိုး အာဏာရှင် တပိုင်းနိုင်ငံတွေရဲ့ အားပေးထောက်ခံမှုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ယခုတကြိမ်မှာလည်း အလားတူ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ကို သံတမန်ရေးနဲ့ လက်နက် ဝယ်ယူဖို့ အရင်းအြမစ် နိုင်ငံအဖြစ် အားကိုးကာ နိုင်ငံတကာရဲ့ သြဇာ၊ ဖိအားကို အံတုရင်ဆိုင်မယ်လို့ တွေးဆထားတဲ့ အနေအထားဖြစ်နိုင်ပါတယ်။
သို့ပေမယ့် ၁၉၈၈ ခုနှစ် ကမ္ဘာ့အခြေအနေ ၊ အိမ်နီးချင်းတရုတ်နိုင်ငံအခြေအနေ အကျိုးစီးပွား စတာတွေက မတူကွဲပြားတဲ့ အခြေအနေမျိုး ဆိုတာကို စစ်ကောင်စီဘက်က သိပုံမရပါဘူး။ တရုတ်နိုင်ငံက ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ရှိတဲ့ သူတို့ရဲ့ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ မီးတောက်လာနိုင်ခြေက အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမး်ပြီးနောက် အခင်းအကျင်းနဲ့ ကွဲပြားပါတယ်။
အခုအချိန်မှာ တရုတ်နုိင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီးသွယ်တန်းထားတဲ့ ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေ ၊ မကြာခင် နှစ်များမှာ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ ရထားလမ်း၊ ကမ္ဘာလုံးဆိုင်ရာ ခါးပတ်တကွင်း လမ်းတစင်း ဆိုတဲ့ မဟာဗျူဟာထဲမှာပါဝင်မယ့် မြန်မာနိုင်ငံ၊ စတဲ့အကြောင်းတွေကြောင့် မြန်မာနုိင်ငံ အနေနဲ့ ပဋိပက္ခတွေထဲ နစ်မြုပ်နေမယ်ဆို ရင် အထက်က အကျိုးစီးပွားတွေကို ထိခိုက်ပျက်စီးစေမှာ ဖြစ်လို့ မြန်မာကို လက်နက်ကိုင် ပဋိပက္ခထဲ အလွန်အမင်း မကျရောက်အောင် လက်တွေ့ကျတဲ့ အဖြေရှာမှုကို စစ်ကောင်စီကို တိုက်တွန်းတာမျိုးလည်း ဖြစ်နိုင်စရာ ရှိတာကေြာင့် ၂၀၂၁ အခင်းအကျင်းမှာ စစ်ကောင်စီအဖို့ တရုတ်နဲ့ အချို့ကိစ္စရပ်တွေမှာ အမြင်ချင်း ချဥ်းကပ်ပုံခြင်း သိသိသာသာ ကွဲပြားလိမ့်မယ်လို့ မြင်မိပါတယ်။
စစ်ကောင်စီအနေနဲ့ အကယ်၍ တရုတ်နဲ့ ကွဲလွဲတဲ့ ကိစ္စတွေမှာ အင်အားကြီးနိုင်ငံတွေထဲက တခုဖြစ်တဲ့ ရုရှားကို အားကိုးပြီး ရင်ဆုိင်ဖြေရှင်းတာမျိုး ဖြစ်မလားဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စဖြစ်နေဆဲပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar