Breaking News

တော်လှန်နှစ်ကူး ကြိုဆိုပွဲ ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီ ကျင်းပမယ်

Revolutionary Empowerment to Victory, Dec 31,2021

တော်လှန်နှစ်ကူး ကြိုဆိုပွဲ ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီ ကျင်းပမယ်

(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၁

"ဖက်ဒရယ်ဒီမိုကရေစီ New Year” အဖြစ် နွေဦးတော်လှန်ရေးအင်အားစုများက နှစ်သစ် ၂၀၂၂ ကို သတ်မှတ်လိုက်ကြပါပြီ။ နှစ်သစ်ကိုလည်းကြိုမယ် ဖက်ဆစ်ကိုလည်းဖြိုမယ် လို့ ကြွေးကြော်သံ ထုတ်ပြန်ထားကြပါတယ်။

ထို့အတူ - CRPH Support Team SF Bay Area Myanmar Community က Revolutionary Empowerment to Victory - REV 2022 - တော်လှန်နှစ်ကူး ကြိုဆိုပွဲ ကို ဒီဇင်ဘာ ၃၁ ညမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

DEC 31st (FRIDAY)

R-evolutionary

E-mpowerment to

V-ictory

REV Gala Party
ကို နှစ်သစ်မှာ ပြည်သစ်တည်ဖို့ တက်ခဲ့ပါ။ Limited Seats: Please donate and reserve your seats now!! $100, $200, $300 and More ဆိုတာ များများလှူဖြစ်အောင် တိုက်တွန်းထားတာပါ။ ပွဲတော်အတွက် ကုန်ကျစာရိတ်အားလုံးကို အဖွဲ့သားများနဲ့ အလှူရှင်များက စိုက်ထုတ်ကျခံကြတယ်လို့ သိရပါတယ်။

အစားအသောက် ဘာမှ ခွဲခြားထားတာ မရှိပါဘူး။ နေရာထိုင်ခင်း စနစ်တကျရှိအောင် သတ်မှတ်ထားခြင်းသာဖြစ်ပါတယ်။

အမိမြေအတွက် သဒ္ဒါတရားထက်သန်စွာလှူဒါန်းသွားကြမယ့် အလှူရှင်များကို ခမ်းမဆန့်သလောက် သတ်မှတ်ဦးရေအတွင်း နာမည်ကြီးစားသောက်ဆိုင်များမှ အစားအသောက်စုံလင်စွာနဲ့ (Full Course) ကျွေးမွေးဧည့်ခံသွားမှာဖြစ်သလို ဖျော်ဖြေရေးနဲ့ အခြားစိတ်ဝင်စားဖွယ် ကဏ္ဍများလဲပါဝင်သွားမှာဖြစ်ပါတယ်။ ညစာစားပွဲအပြင် နှစ်သစ်ကြိုပွဲ တော်လှန်ရေးတေးများနဲ့ အထူးစီစဥ်ထားတဲ့ Professional DJ New Year Count Down $50တန် လက်မှတ်ကိုလဲ $100, $200, $300နဲ့အထက် အလှူရှင်များကို မေတ္တာလက်ဆောင်အဖြစ် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

မလာနိုင်သူများလဲ အလှူငွေပါဝင်ချင်ရင် ပါဝင်နိုင်ပါတယ်။ ပါဝင်လှူဒါန်းဖို့လဲ တိုက်တွန်းနိုးဆော်အပ်ပါတယ်။ ကိုချိုဦး (510-552-7973) ကိုထိန်လင်း (415-531-3761) မဥမ္မာရွှေ (510-789-7064) ခင်သီရိနန္ဒာစိုး (510-241-7227)

Dec 31,2021

6-10 pm Revolution Gala Dinner

10- Midnight REV DJ Party New Year Count Down

Address - Swiss Park, 5911 Mowry Ave, Newark, CA

All proceeds will go to

- Local CDMs

- Diplomats CDMs

- Radio NUG.

Organized by CRPH Support Team- SF Bay Area





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar