ခိုင်မာကျော်ဇော - မီးတောက်ဆောင်း
မီးတောက်ဆောင်း
ခိုင်မာကျော်ဇော
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၂၁
Merry Christmas တဲ့လား
ဒေဝဒတ်က ဘီလူးဆိုင်းနဲ့ကတယ်
ဘုရားသခင် မျက်နှာလွှဲခဲပစ်တော့
ဖရူဆိုမှာ
မီးတောက်တွေ ရွာတယ်
သောင်ရင်းမြစ် ရေလယ်ခေါင်မှာ
အပူတွေလောင်တယ်
ဘုရားပုထိုးတွေ မှိုလိုပေါက်တဲ့
စစ်ကိုင်းရွာတွေဟာ မျက်ရည်ချောင်းစီး
ဆောင်းမီးဟာ
အိပ်မက်ထဲအထိ တောက်လောင်။
မေတ္တာတရားခေါင်းပါးပုံက
ဒီကမ္ဘာမြေမှာ
ဘယ်ဘုရားမှ မပွင့်ခဲ့ရော့သလား
ဆောင်းမီးဟာ ခါးလွန်းတယ်
ဒီဇင်ဘာ ၂၆၊ ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar