Breaking News

ကိုအောင်မှိုင်း - မိုးကာစကလေး

ကိုအောင်မှိုင်း - မိုးကာစကလေး
(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၂၂

မင်းဟာ
ငါ့သူငယ်ချင်းဖြစ်ခဲ့တယ်။
မင်းဟာ
ငါ့မိတ်ဆွေကောင်းကြီးပေါ့။
မင်းဟာ
ငါ့ရဲဘော်ရဲဘက်ပါဘဲ။
မင်းဟာ
မျှော်လင့်ချက်တို့ရဲ့ဆုံချက်။

နွေကာလမှာ
မင်းကိုခင်းပြီးအိပ်ခဲ့ရတဲ့ညတွေ
နဲမှမနဲတာဘဲသူငယ်ချင်းရယ်။

ဆောင်းကာလမှာ
မင်းကအမိုးလေးဖြစ်သွား
ဆောင်းချမ်းချမ်းမီးလှုံရတာကိုလွမ်းတယ်။

မိုးကာလမှာတော့
မင်းကိုခြုံပြီး တိုက်ပွဲထွက်ခဲ့တာ
ငါတို့မှတ်မိနေကြပါတယ် ရဲဘော်ရေ။

အဖြစ်ဆိုးတွေကြောင့်
ငါတို့ခွဲခဲ့ကြရပေမဲ့ 
တမ်းတမ်းတတ လွမ်းနေကြဆဲပါ။

ခုတော့ 
မင်းက သူငယ်ချင်းသစ်တွေနဲ့
တာဝန်တွေထမ်းရင်း ပျော်နေလေရဲ့
ငါလေကြေကြေကွဲကွဲဝမ်းသာနေမိတယ်။
တချိန်ချိန်မှာ
ဒို့ချစ်ချင်းတွေအတွက်
ပြန်ဆုံလိုက်ချင်ပါသေးတယ်
ချစ်တဲ့ မိုးကာစလေးရယ်။

ကိုအောင်မှိုင်း


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar