မောင်လွမ်းဏီ - သက်တန့်မင်
သက်တန့်မင်
မောင်လွမ်းဏီ
(မိုးမခ) မတ် ၂၁၊ ၂၀၂၂
ရပ်ရှစ်ခွင်ကိုငေး
အဝေးပြေး မာရသွန်လမ်းမကြီးကို
ဖြတ်ကူး
နွေဦးရိပ်ကြိုလင့်
ကဗျာတွေ ဖူးပွင့်ခဲ့တယ်ကို။
ဆယ်စုနှစ်များစွာပါ
ကဗျာရနံ့ထုံသင်း
နိုင်ငံတကာကောင်းကင်မှာ
လင်းလက်ခဲ့
ဖွသက်တိုးညှင်း
နွေနံနက်ခင်းခေါ်သံတွေပေါ့။
ဝေးခဲ့ကြ ၊ နီးခဲ့ကြ
နီးကြပြန် ၊ ဝေးကြပြန်
ပြန် ပြန် ရေတွက်ကြည့်မောမိတဲ့
ကဗျာနေ့က လက်မှတ်လေးတွေ။ ။
(မဲဆောက်ကမ္ဘာ့ကဗျာနေ့များသို့)
၂၀ မတ် ၂၀၂၂
ဖိတ်စာဒီဇိုင်းလေးတွေက ကိုသီဟမောင်မောင်ရဲ့ အနုပညာစိတ်ကူး။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar