မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂ ရက်မြောက်နေ့ မြင်ကွင်း
ဦးနေဝင်းနှင့် တရုတ်သမ္မတ တိန့်ရှောင်ဖိန် (ဓာတ်ပုံ – idcpc.org.cn) |
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၃၊ ၂၀၂၂
မတ်လ ၂ ရက် - တောင်သူလယ်သမားနေ့မဟုတ်တဲ့ စစ်အာဏာသိမ်း နှစ်လည်နေ့
မတ်လ ၂ ရက်ကို မဆလ လို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို့ တရားဝင်အမည်ပေးခဲ့တဲ့ ၆၂ ခုနှစ်စစ်အာဏာသိမ်းအစိုးရက တောင်သူလယ်သမားနေ့ ဆိုပြီး အာဏာသိမ်းတဲ့နေ့ကို သတ်မှတ်ခဲ့တာပါ။ မျိုးဆက်တွေပြောင်းသွားတဲ့အခါ သမိုင်းကို မလေ့လာရင် အမှုမဲ့အမှတ်မဲ့နေရင် မတ်လ ၂ ရက်နေ့ကို တောင်သူ လယ် သမားတွေကို ဂုဏ်ပြုလို့အထိမ်းအမှတ်နေ့ပေးထားသယောင် မှတ်ထင်နိုင်ပါတယ်။ အမှန်တကယ်တော့ လွတ်လပ်ရေးရပြီးနောက် ပြောင်ကျကျ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နေ့သာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလို့ ခေါ်ဆိုတဲ့အာဏာသိမ်းမှုကတော့ ပြောင်ကျကျ အာဏာသိမ်းတာမဟုတ်ပဲ အာဏာသိမ်းမယ့်အလားအလာက သေချာနေတာမို့ ဥပဒေဘောင်ထဲက ကာလအကန့်အသတ်တခုနဲ့ လွှဲပေးပြီး ရွေး ကောက်ပွဲပြန်လုပ်ဖို့ ကတိကဝတ်ကိုချည်နှောင်ခဲ့တဲ့ စမ်းသပ်အာဏာသိမ်းမှု လို့ဆိုရမယ့် အဖြစ်အပျက်ဖြစ်ပါတယ်။
၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းဟာ အဲဒီအချိန်က ကမ္ဘာမှာရေပန် းစားတဲ့ လက်ဝဲအယူအဆ ဆိုရှယ်လစ်စနစ်ကို ထူထောင်မယ့် သဘောမျိုးအယောင်ပြကာ စစ်တပ်ကသာကြီးစိုးတဲ့အာဏာရှင်စနစ်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ မြန်မာမှုပြုထားတဲ့ သဘောတရားရေး စာအုပ်တအုပ်ပြုစုစေကာ တိုးတက်သော အယူအဆရှိသယောင်နဲ့ လက်ဝဲနိုင်ငံရေးသမားတချို့ကို စည်းရုံးခဲ့ပြီး တောင်သူလယ်သမားတွေကိုလည်း ကျေးဇူးရှင်သဖွယ် စကားလုံးနဲ့ အချိုသတ်ကာ စစ်အာဏာသိမ်းနေ့ကို အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့တဲ့ သဘောဖြစ်ပါတယ်။
တော်လှန်ရေးကောင်စီတက်ခါစနှစ်တွေမှာ စစ်ကိုင်းက အုန်းတောကျေးရွာ ဟင်္သာတမြို့နယ်က ဒူးယားကျေး ရွာ ကျောက်ပန်းတောင်းက ပုပ္ပါးကျေးရွာနဲ့ တောင်ငူက ခပေါင်းကျေးရွာတွေမှာကျင်းပခဲ့ပါတယ်။ အမှန်တကယ်တော့ စစ်အာဏာသိမ်း အစိုးရအနေနဲ့ လယ်သမားအရေးကို အမှန်တကယ် လုပ်ဆောင်ပေးလိုတဲ့ ဆန္ဒလည်းမရှိသလို ၂၆ နှစ်တာကာလမှာ လယ်သမားတွေ ထောင်နဲ့ချီအဖမ်းခံရ၊ ကိုယ်စိုက်လို့ ထွက်လာတဲ့ စပါးကို ရောင်းချင်တဲ့နေရာမှာ ရောင်းခွင့်မရှိ၊ တာဝန်ကျေစပါးလို့ခေါ်တဲ့ ကိုတာသတ်မှတ်ချက်ပြည့်မှီအောင် အစိုးရကိုရောင်းပြီးမှသာ အပြင်စျေးကွက်မှာရောင်းချခွင့်ရှိပေမယ့်လည်း တမြို့နဲ့တမြို့သယ်ယူခွင့်ကို ကန့်သတ်ထားတာတွေ အစရှိသဖြင့် လယ်ယာစိုက်ပျိုးသူတွေ ဒုက္ခရောက်ခဲ့ကြတာတွေကို ကြည့်ရင် တောင်သူလယ်သမားနေ့ရဲ့ အဓိပ္ပါယ်ကို သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။
တကယ်တော့ မတ်လ ၂ ရက်နေ့ဟာ စစ်အာဏာသိမ်းမှုတွေကို အစဉ်အလာဖြစ်စေခဲ့တဲ့နေ့တနေ့လို့သာ နားလည်မိပါတယ်။ ၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၂၆ နှစ်ကြာတဲ့အခါမှာ စီးပွားရေး အကြပ်အတည်း၊ စစ်တပ်၊ စစ်တပ်က အငြိမ်းစားတွေ အများစုပြန်ဝင် ဦးဆောင်ကြတဲ့ပါတီနဲ့ ကောင်စီတို့ရဲ့အခွင့်ထူးခံ စနစ်၊ တိုင်းရင်းသား ဆယ်စုနှစ်ချီ လက်နက်ကိုင်ပဋိပက္ခ၊ ပြည်တွင်းစစ်စတာတွေကို အကြောင်းပြုပြီး ၈၈ ခုနှစ် အရေးအခင်းအုံကြွမှု ဖြစ်ပွားကာ အုပ်ချုပ်သူလူ အပြောင်းအလဲကို တကြိမ်မက လုပ်ဆောင်ပြီးနောက် စစ်တပ်က အာဏာသိမ်းတဲ့အသွင်နဲ့ အုပ်ချုပ်မှုပုံစံကို ပြောင်းပြီး စစ်အာဏာကိုဆက်လက် ထိန်းသိမ်းခဲ့ပြန်ပါတယ်။
၈၈ ကနေ ၂၀၁၀ ရွေးကောက်ပွဲကာလအထိ ၂၂ နှစ်က စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ နဝတ၊ နအဖ ဆိုတဲ့အစိုးရက အုပ်ချုပ်ခဲ့ပြန်တာဖြစ်ပါတယ်။ နှစ်များစွာ စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့်တွေထုတ်ပြန်ကာ အုပ်ချုပ်ခဲ့ပြီးနောက် ဆယ်နှစ်တာ အသွင်ကူးပြောင်းရေးခေါ်တဲ့ ၂၀၀၈ အခြေခံဥပဒေအောက်က ရွေးကောက်ပွဲနဲ့ ခုနောက်ဆုံး ၂၀၂၁ စစ်အာဏာသိမ်းမှုဆီ တကျော့ပြန်ခဲ့တာပါ။
စစ်အာဏာသိမ်းဆန့်ကျင်ရေးက ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းလိုက်တဲ့နောက် လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းကို ကျောင်းသားလူငယ်တွေ ရွေးချယ်ခဲ့ကြသလိုပဲ ခုတကြိမ်မှာလည်း လူငယ်တွေ၊ အတိုက်အခံ အန်အယ်လ်ဒီပါတီခေါင်းဆောင်နဲ့ ပါတီဝင်အချို့လည်း ရွေးချယ်ခဲ့ကြပါတယ်။ ၈၈ ခုနှစ်တုန်းကတော့ လက် နက်ကိုင်တော်လှန်ရေး အဖွဲ့က ကျောင်းသားအပေါ် အခြေခံထားပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး ABSDF လို့ ပေါ်ထွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် မှာတော့ အန်အယ်လ်ဒီအများစု ပါဝင်ဦးဆောင်တဲ့ National Unity Government အမျိုးသားညီညွတ်ရေး အစိုးရလို့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
အရင်တကြိမ် ဖြစ်တဲ့ ၈၈ခုနှစ် စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်တော်လှန်ရေးနဲ့ အခုတကြိမ် လက်နက် ကိုင်တော်လှန်ရေး မတူတာတွေ ကွာခြားတာတွေ အခြေအနေအများအပြားရှိပါတယ်။ အင်အားအရေအတွက် အရင်ထက်များပြားတာ၊ ပြည်တွင်းက နယ်မြေဒေသအတော်များများ လက်ဖြစ်သေနတ်၊ လက်လုပ်ဗုံးတွေနဲ့ ကျေးရွာတွေ မြို့တွေမှာ ချောင်းမြောင်းပစ်ခတ်လုပ်ကြံ တိုက်ခိုက်မှုတွေ ဖြစ်ပွားတာတွေက အရင် ၈၈ ခုနှစ်တုန်းက အခြေအနေနဲ့ မတူပဲ ခြားနားတာတွေ့ရပါတယ်။
ဖက်ဒရယ်စနစ်ကို ရည်မှန်းချက်ထားတဲ့ အချက်ကလည်း ၈၈ခုနှစ်စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေး နဲ့မတူတဲ့ အချက်ဖြစ်ပါတယ်။ ဒီအားသာချက်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင် ပြဌါန်ခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ကို ထူထောင်ကြမယ့်ရည်ရွယ်ချက်နဲ့ တူညီနေပြီဖြစ်လို့ အားသာချက်ရှိတယ်လို့ ဆိုရမှာပါ။
သို့သော် အားနည်းချက် အချို့ကတော့ လက်နက်ကိုင်အင်အားစုတွေ အနေနဲ့ စုစည်းလုပ်ဆောင်နိုင်ကြတဲ့ အနေ အထားမဟုတ်တာ၊ အထောက်အပံ့က ကိုယ့်နည်းကိုယ်ဟန််နဲ့ ရှာကြံကြရတာ၊ အမိန့်ပေးမှု စနစ်တခုထဲအောက်မှာ သို့မဟုတ် တပ်ပေါင်းစု စနစ်တခုထဲအောက်မှာ မဟုတ်ကြတာတွေလည်း ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို ဘယ်လောက်မြန်မြန်နဲ့ ချုပ်ငြိမ်းအောင် လုပ်နိုင်မလဲဆိုရာမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ စုစည်းမှု၊ နိုင်ငံရေးရော စစ်ရေးပါ နားလည်ပြီး မှန်ကန်တဲ့ဦးဆောင်မှု၊ မဟာမိတ်အဖြစ်ဖွဲ့စည်းနိင်မှုတွေ အပေါ်မှာလည်းမူတည်လိမ့်မယ်လို့ ယူဆမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar