Breaking News

ကရော်ဟုန်း - ကျားရဲလည်ပြန် အကြည့်

ကျားရဲလည်ပြန် အကြည့်
ကရော်ဟုန်း
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၂

ပြက္ခဒိန်ပေါ်
ရက်စွဲတွေဖြတ်သွားတဲ့ အသက်တာမှာ 
ခြေရာတွေကို ခြေစမ်းပွဲလုပ်ဖူးလား။

ဝင်္ကပါ ပုစ္ဆာတွေက
အရည်ညှစ်တဲ့ အရည်အချင်းဟာ
ကျွဲပခုံးထနေလျက် အဖတ်ကွာဖူးလား။

ခွာလိပ်ဖူးရုံနဲ့
မြင်းကောင်းမဟုတ် ငြင်းခဲ့ရင်
မြင်းရိုင်းကို ဇက်သစ်ဆွဲရဦးမှာပေါ့။

အခြေအနေနဲ့ အချိန်အခါ သုံးသပ်ချက်မှာ
တင်္ခဏုပ္ပတ္တိကို မျိုထားမှ
ပစ်မှတ်ဖောက်မြား ဖြစ်နိုင်မယ်။

၂၂၀၆၁၆
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar