ငဇ - မိမိတို့အနေဖြင့်
ငဇ
(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၂
မိမိတို့အနေဖြင့်
အခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ပါတယ်
မိမိတို့အနေဖြင့် ထိတ်လန့်တုန်လှုပ်မိပါတယ်
မိမိတို့အနေဖြင့် မကြာမီအချိန်အတွင်း
မိမိတို့အနေဖြင့် ထိရောက်စွာ ကျယ်ကျယ်ပြန့်ပြန့်
မိမိတို့အနေဖြင့် ရှုတ်ချပါတယ်
မိမိတို့အနေဖြင့် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး
မိမိတို့အနေဖြင့် တင်းတင်းကျပ်ကျပ်
မိမိတို့အနေဖြင့် တသားတည်းအတူရပ်တည်ပါတယ်
မိမိတို့အနေဖြင့် ထပ်မံသတိပေးလိုက်ပါတယ်
မိမိတို့အနေဖြင့် ပံ့ပိုးကူညီသွားပါမယ်
မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားပါမယ်
မိမိတို့အနေဖြင့်
ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားပါမယ်
မိမိတို့အနေဖြင့် ထပ်တူခံစားကြရပါတယ်
မိမိတို့အနေဖြင့်
ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုပါတယ်
မိမိတို့အနေဖြင့်
စက်ဆုပ်ရွံရှာပါတယ် ကတိပေးပါတယ်။
မိမိတို့အနေဖြင့် မိုးရွာချင်ရွာ မရွာချင်နေ
ဖေဖော်ဝါရီသွေးများနဲ့
မိမိတို့အနေဖြင့် မိမိတို့ရဲ့ အသက်များနဲ့
မိုးခြိမ်းသံတွေကို ပစ်ချလိုက်တယ် ...။
၁၊ မတ်၊ ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar