ကိုအောင်မှိုင်း - အသည်းကွဲဇာတ်
တချို့က
ဂျပိုးကို လိပ်ဖြစ်အောင်
မြှောက်ပင့်ပြောတတ်ကြတယ်။
တချို့က
လိပ်ကို ဂျပိုးဖြစ်အောင်
နှိမ်ချပြောတတ်ကြတယ်။
တချို့က
တိမ်ကြားမင်းခေါင် ဆိုပေမဲ့
ကန့်လန့်ကာကြားက ငုံ့ထွက်လာတယ်။
တချို့က
ငါ မပါ ဘယ်ဟာမှ မပြီး
ငါပါတော့လဲမပြီး ဖျာခင်းပြီး နေတယ်။
တချို့က
ထိုင်ပြီးသားဖျာက
ပြန်ထရမှာကို ပျင်းနေကြတယ်။
တချို့က
အပေါစားကြော်ငြာတွေလို
မိန့်ခွန်းတွေ အရှည်ကြီး ပြောကြတယ်။
တချို့က
ငါနဲ့မတူ ငါ့ရန်သူဆိုတာ
ပြည်ထောင်စုစစ်စစ်မူလို့ ပြောကြတယ်။
တချို့က
ဘေးထိုင် ဘိုင်ကျ ဘုပြော
သူရဲကောင်းဖြစ်သွားပြီလို့ ကြွေးကြော်တယ်။
တချို့က
စစ်တပ်ထဲဝင်တာ
ရာဇဝတ်မှုတွေလုပ်ဖို့လို့ ထင်နေကြတယ်။
တချို့က
အရူးလက် သေနတ်ရောက်ရင်
တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ပြောကြတယ်။
တချို့က
နွေဦးတော်လှန်ရေးဟာ
အာသာဖြေတဲ့နေရာလို့ ထင်နေကြတယ်။
တချို့က
တပ်ပေါင်းစုလုပ်ဖို့ ပြောတယ်
စုနေတဲ့တပ်ကိုတောင် သူပဲ ဖျက်တယ်။
တချို့က
မသိသူတွေက
မတတ်သူတွေကို ဆရာလုပ်ကြတယ်။
တချို့က
မတတ်သူတွေက
မသိသူတွေကို နည်းလမ်းညွှန်ပြတယ်။
တချို့က.....
တချို့က.....
တချို့က....
ဪ
သူ့အရပ်နဲ့ သူ့ဇာတ်
ဟုတ်တော့နေပြီပဲ အသည်းကွဲဇာတ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar