Breaking News

မိုးခါး - အဝေးပြေး လမ်း

အဝေးပြေး လမ်း
မိုးခါး
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၃

အနောက်မှာကျန်ခဲ့မယ့်  အတိတ်တွေက
အလွမ်းနဲ့ သီကြူးလာမယ့် တေးသံ
ပျော်စရာတွေပါမလာတဲ့ဟင်းလင်းပြင်
ချစ်ခြင်းကိုပဲ ထွေးပွေ့ ပရစေလား
အန္တရယ်နဲ့အနီးစပ်ဆုံးဓါးတွေကိုပဲ မုန်းမိတယ်
အရှေ့မှာရောက်လာမယ့် အနာဂတ်တွေတွက်
နေခြည်
ပန်းတခင်းလုံးမွှေးမြလာသည့်အထိဖြာဆင်းစေ
ပွတ်တိုက်ခြင်းမှာ  နာကျင်စရာရှိလည်း
မေတ္တာခြုံထားတဲ့ စီးမျောခြင်းမှာ
တရိပ်ရိပ်ပြေးနေတဲ့ ရှူ့ခင်းတွေကြား
သစ္စာတရားရဲ့ အနီးစပ်ဆုံးလမ်းကိုပဲ ရွေး ချစ်မိတယ်၊၊      ၊၊
        
2.2.2023
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar