Breaking News

ငဇ - ဖရဲသီးစိတ်ချိုချိုလေးတွေ

ဖရဲသီးစိတ်ချိုချိုလေးတွေ
ငဇ
(မိုးမခ) ဖေဖော်ဝါရီ  ၂၇၊ ၂၀၂၃

နွေနေပူပူထဲမှာ
ဖရဲသီးစိတ်ချိုချိုလေးတွေ များလာတယ်

တစိတ်ကုန်ရင် အပူတစိတ်လျော့တယ်
တဗန်းလုံးကုန်ရင် စိတ်အေးရတယ်
နွေနေပူပူလည်း
ရောင်းမကုန်တဲ့ နွေထက်တော့ မပူဘူး

ကျောင်းနေအရွယ်မို့
ကျောင်းနေရပါတယ်
ကိုယ့်ဝမ်းကိုယ်ကျောင်းမှာ နေရပါတယ်
မိသားစုဝမ်းကူကျောင်းမှာ နေရပါတယ်
သူတို့ကျောင်းနေရပါတယ်

အရောင်းထဲက အရင်းနုတ်ရင် အမြတ်
အမြတ်ထဲက ထမင်းနုတ်ရင်...

မနက်ဖြန်လည်း ဒီသင်္ချာပဲ တွက်ပါ့မယ်
သူတို့စာတတ်ခဲ့ပါတယ်။

၂၄၊ ဖေဖော်ဝါရီ၊၂၀၂၃
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar