Breaking News

ခိုင်မျိုး - ရွာထဲမှာ

ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မေ ၁၄၊ ၂၀၂၃

သူသူငါငါ
ဘေးရန်တွေနဲ့မကင်းသောလောကပါပဲ 
မီးစက်သံကညံနေတယ်
ငါ့အော်သံက
သတ်ကွင်းထဲတိုးမပေါက်ဘူး
ကျည်ဖြည့်ထားတဲ့ညီလည်း
တောနက်ထဲအသွားခက်မှာအမှန်ပဲ
မိုးကရွာချလာပြီ
ဘယ်မှာခိုမလဲ
စစ်မီးကငါတို့မမွေးမီထဲကတောက်လောင်နေတာပဲ
စစ်မင်းတို့ခိုင်းသမျှ
နွားလိုရုန်းခဲ့ရတဲ့ဘဝကမပြီးသေးဘူးလား
ဒါတိုက်ပွဲပဲ
တိုက်ပွဲထဲမဖြတ်ရဲသမျှ
အောင်ပွဲဆီရောက်မှာမဟုတ်ဘူးမိတ်ဆွေ ...
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar