ကျော်ထူး - လက်ဝါးချင်းရိုက်တဲ့ဂီတ
လက်ဝါးချင်းရိုက်တဲ့ဂီတ
ကျော်ထူး
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၃
အလွမ်းတွေက
မြစ်ကူးချောင်းခြား။
သောက်နေတဲ့ဆေးပေါ့လိပ်တိုလေးတောင်
မီးညှိလို့မရအောင် ငါ့အပေါ် အေးစက်လို့
အရက်တွေအဝင်ဆိုးရရှာတဲ့အလွမ်းတွေ
ကမ်းမမြင်လမ်းမမြင် လွမ်းမောရ
မင်းတို့ ဒုက္ခနဲ့နေသားကျနေလောက်ပြီလား။
တနေ့ တနေ့
ကိုယ့်အသက်ငွေ့နဲ့ထပ်တူ
ထူထောင်ထားရတဲ့အောက်မေ့ခြင်းတွေ
ကော်ဖီခွက်နဲ့အရက်ခွက်တိုက်ပြီး
မိုက်မိုက်မဲမဲချစ်ခြင်းတွေ
မသေးသေးသမျှ ချစ်မဝတဲ့
အဆိပ်တွေတဖျင်းဖျင်းတက်နေပုံ
မင်းတို့ ခံစားဖူးတော့ ယုံလိမ့်မယ်။
ကျန်ခဲ့သူတွေတော့ ထားလိုက်ပါကွာ
ငါတို့က စပါးစိုက်ပြီး
မြောက်ကျွန်းက သလေးဆန်ကိုရိတ်သိမ်းကြမယ်
စေတနာမှန်ရင် ရေကိုငှဲ့လည်း အရက်ဖြစ်စမြဲပေါ့
ဒီတခါမလွဲကြေးလို့ လက်ဝါးချင်းရိုက်လိုက်ပြီ။ ။
(A မွန်နဲ့ စိုးထွဋ် ... သို့)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar