မောင်လင်းရိပ် - ကြယ်တို့ ရယ်ဖို့
မောင်လင်းရိပ်
(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၃
အားလုံး ပြီးသွားတဲ့ခါ ဘယ်သူနဲ့ တွေ့ချင်သလဲ
ဖုတ်လူး ပြာလူး နိုင်ငံကလေးကိုပဲ အကောင်းပကတိ ပြန်တွေ့ချင်ပါတယ်
သူ့ကို ရေမိုးချိုး သန့်စင်ပေးဖို့ မေတ္တာအင်အားတွေ ကျန်ချင်ပါတယ်
အပိုဆုလေးရမယ်ဆိုရင်တော့ စစ်တောင်းမြစ်ကြောင်းကို ကူးချည်သန်းချည်လုပ်နေတဲ့ တူကလေးနဲ့
ပြီးတော့ ကလောင်သွက်သလို ဓားလည်းထက်ခဲ့သူ ကဗျာဆရာ တချို့နဲ့
ဘယ်ခါမဆို ပျော်ပျော်ကြီး ရုပ်ထွက်ပြနေသူတွေလည်း ကျန်ချင်ကျန်ပါစေ
အောင်ပွဲခံတဲ့အခါ ရှေ့တန်းက ဂုဏ်ယူပြနေသူတွေလည်း ရှိချင် ရှိပါစေပေါ့
ပျံတက်သွားတဲ့ ကြယ်တွေ ငုံ့ကြည့်တဲ့ခါ ရယ်စရာတချို့ တွေ့နိုင်တာပေါ့။
၂၀၂၃၊ ဩဂုတ် ၁၈
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar