ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူမလေး ခွေးမခန့်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူမလေး ခွေးမခန့်
(မိုးမခ) ဩဂုတ် ၁၈ ၊ ၂၀၂၃
လူမလေး ခွေးမခန့်ဆိုတာ မအလနဲ့မှ ဒက်ထိ။
လူကတော့ တတိုင်းပြည်လုံးက လူတွေအကုန် မလေးတာ။ ထည့်ကို မတွက်တာ။ အာဏာသိမ်းပါပြီ ဆိုကတည်းက "အာဏာရူးတဲ့ မင်းအောင်လှိုင် ဖုန်ရှူလိုက် ဖုန်ရှူလိုက်" ဆိုပြီး ကလေးတွေအသားကုန်အော်ခဲ့တာသာကြည့်။ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေ ကြည့်လိုက်ရင်လဲ "ဒေါက်လုတဲ့ စောက်ပု" "အပုလေးရေ မဆိုးနဲ့ကွာ" ဆိုတာတွေချည်း။ ကလေးကစ သူ့ကို လူစင်မီတယ်လို့သဘောမထားဘူး။ ဘယ်လူမှ မလေးဘူး။ တကမ္ဘာလုံးမှာ အဆဲအခံရဆုံး၊ စောက်ခွက် အနင်းအခံရဆုံးဘွဲ့ရ။ ရိပ်သာဝင်ယောဂီကစ ဆဲတာ၊ သူ့ရဲတွေကစ သူ့စောက်ခွက်နင်းကျတာ။ အောင်ချက်တော့။
စောက်သုံးသာမကျတာ အတိတ်မေ့တာလိုလို ရွှေပျောက်တာလိုလို မျက်နှာပေးနဲ့ အတည်ပေါက်တွေ ထထရွှီးတာကပိုသေး။ အာ့ကြောင့် ကျော်မျိုးမင်းက ခဏခဏဟားတာ။ သူ့ဘက်က ပြောပေးပြီး ဖွတ်ကလိဒင်္ဂါးသဲ့လိုက်။ PDF ကြောက်ပြီး သူ့ ပြန်ဟားလိုက်။ အဲကောင်ကလဲ ခုတော့ ကျမ သိပြီ ဖြစ်သွားပြီ။ အစောပိုင်းတုန်းကတော့ ခရိုနီတွေ၊ မဘသတွေ၊ အစိမ်းအပိန်းတွေ ပြောနေကြလို ဒီစစ်တပ်ကြီးကို ဘယ်သူက လှန်နိုင်မှာလဲ၊ လက်နက်ကိုင်အဖွဲ့ကြီးတွေတောင် မနိုင်ခဲ့တာဆိုတဲ့ ခေါက်ရိုးကျိုးဒသနနဲ့ သတင်းနဲ့ ပြန်ကြားရေးရဲ့ တကယ့်နေရာ ဝင်အောင်းတာ၊ ဆရာကြီးပလေ။ မိုးဟိန်းတို့ အောင်မင်းတို့နဲ့ စားမန်တောင် ခုတ်နေကြသေး။ ဟော အချိန်ကြာလာတော့ အခြေအနေမကောင်းတော့ဘူးဆိုတာ သတင်းသမားပီပီ သိတယ်လေ။ စစ်အာဏာရူးတွေ ရှုံးလို့ ဆုတ်ပြေးရင်လဲ လိုက်လို့မရတာ သတင်းနဲ့ပြန်ကြားရေးဘဲ မဟုတ်လား။ သူ့မှာ ထိုင်းသွားကွန်ဒိုဝယ်ထားရလောက်အောင်လဲ မချမ်းသာဘူး၊ နောက်ဆုံးတော့ သူတို့ပဲ ကျန်ရစ်ခဲ့မှာပါလို့ ခွေးအူသံတွေပေးလို့ပေး။ သူ့မှာ အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်နဲ့ အမေအိုကြီး ရှိပါတယ်၊ သူတို့ကို မသေစေချင်ပါဘူး။ သူကတော့ သေရဲဘာတယ် ဘာညာ ငိုချင်းတွေချလိုချနဲ့လုပ်နေတာ။ သူကတော့ စစ်တပ်ကို ဘယ်မှာ ဘယ်သူတွေကို ဘယ်လိုရှင်းသင့်တယ် တချိန်လုံးတို့ထောင်မြှောက်ပင့်လုပ်နေတာ။ သူ့ကြောင့် သေတဲ့စစ်သားတောင် ဘယ်လောက်ရှိမှန်း မသိ။ သူထောင်လို့ သွားသွားတိုက်ရတာလေ။
အဲဒီတော့ ဒီကောင်က ဟိုဘက်က ရသလောက်လဲ ယူမယ်။ ဒီဘက်က သနားညှာတာမှုလဲရှာမယ်ဆိုတဲ့သဘောနဲ့ နှစ်ခွတွေချည်းပြောတော့တာ။ ဒီကောင်က အမေမွေးတဲ့ရုပ်ကိုက အော်ရင်ဂျင်နယ်နှစ်ခွပုံရယ် မျက်လုံးကလဲ တချိန်ထဲ နှစ်ဖက်ကြည့် နှုတ်ခမ်းကလဲ တချိန်တည်းမှာ ရွဲ့တာနဲ့ပြုံးတာရ။ သူခွပုံက ပက်စက်တယ်။ ဟားတာ၊ ငပုကို ဟားတာ။ တချက်တချက် ဖြဲလိုက်သေး။ မအလကို ငပေါပုံပေါက်အောင် ဖောက်တဲ့အပြင် အောက်ကလိအာ လဘာဂျာ ငနာလို့လဲ ဖောလိုက်သေး။ အဲသမှာ လက်မရွံ့တွေက ဟိုရက်က ခေါ်ဆုံးမတာတွေဘာတွေဖြစ်တာပ။ အပိုးတော့ တော်တော်ကျိုးသွားတယ်။ သူ့လဲ လောလောဆယ် အပြတ်ရှင်းလို့မဖြစ်ဘူးလေ။ ကျန်သူတွေပါ ရှိုးကုန်မှာဆိုးလို့။ ဒါပေမဲ့ အဲကောင်တွေဒုက္ခကလဲ မသေးဘူး။ တရားဝင်လဲ ဘယ်မှကို ထွက်လို့မရ။ သူတို့လက်ထဲမှာ။ တရားမဝင်လဲ ဘယ်မှချိပ်ဆက်လို့မဖြစ်တဲ့အခြေအနေ။ ဝန်ထမ်းကမှ CDM ထွက်ပေါက်ရှိသေး။ စစ်သားကမှ ပြည်သူ့ရင်ခွင်ရှိသေး။ ဒီကောင်တွေက အဘရင်ခွင်လဲ ဝင်လို့မရ။ အဲသတော့ တခုတည်းသော လွတ်မြောက်ရေးနည်းလမ်းက "ဒီဘက်ကို ဖားဖို့ အဘကို ဟားစို့" လုပ်တော့တာ။
ဟော ခု ကျော်မျိုးမင်းတင်မက ရေသည်ဟန်ငြိမ်းဦးကပါ အဘကို ပါးပါးပုတ်ပြီ။ ဘုရားဒကာကြီး ကုသိုလ်ပိုရဖို့ ဘုရားဝင်ကြေးမကောက်ဖို့တွေ ဘာတွေ ကစ်ပြီ။
ဒါ ခွေးမခန့်တာ ခေါ်တယ်။ သူ့ခွေးတွေက သူ့ပြန်ဟောင်တာ ခံရတာ ဘယ်လောက် နာကျင်ခံခက် ပွက်ပွက်ဆူနေမလဲ။ ပုရတဲ့ကြားထဲ ဖနောင့် ခဏခဏစောင့်နေရ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar