Breaking News

မိုး သက် ငြိမ် ဦး - အသက်များ ...

အသက်များ ... 
မိုး သက် ငြိမ် ဦး
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၃

တံတားပေါ်ကခုန်ချခြင်းနဲ့
သတ်သေခြင်းကိုရွေးချယ်ခဲ့တဲ့သားအမိ
ဘယ်လိုဖ်ီးမှုတွေကသူ့အပေါ်အုပ်မိုးခဲ့သလဲ...
မျက်ရည်တွေဟာမြစ်ရည်တွေဖြစ်ခဲ့ရ
ခွေးတွေအာဏာလုပြီးတဲ့နောက်

လည်ပင်းကိုကြိုးကွင်းစွပ်ပြီးထုတ်တန်းပေါ်က
ခုန်ချတဲ့ဆရာမ
ဘယ်လိုပိတ်ဆို့မှုတွေကသူ့ထွက်ပေါက်ကိုတားဆီးထားသလဲ...
နာကျင်မှုက နာကျည်းမှုဖြစ်ကြရ
ခွေးတွေဖြိုချဖျက်စီးခြင်းကြောင့်

လုယူလိုက်တဲ့ငါတို့အာဏာနဲ့
ခွေးတွေကတိုင်းပြည်ကိုပြန်ပေးဆွဲထား
ကိုယ့်သေခြင်းကို ကိုယ်မှမရွေးချယ်ရင်
ကိုယ့်သေခြင်းကို ခွေးအတွေလုယူလိမ့်မယ် ။

စစ်ကြောရေးမှာ
အရှင်လတ်လတ် ပါးစပ်ထဲ
အက်ဆစ်လောင်းထည့်ခံရလို့ရုပ်ပျက်ဆင်းပျက်မျက်နှာ...
ရွာလုံးကျွတ်မီးရှို့ခံခဲ့ရအပြီး
ကွေးကောက်နေတဲ့မီးသွေးတုံးအလောင်းများ...
အစပျောက် လူမသိသူမသိ 
ပိုင်ရှင်မဲ့ လူသေအလောင်းများ...
စျာပနပြုလုပ်ရခြင်းမရှိသောအသုဘများ...
ပြန်တမ်းမထုတ်ရသေးသောဝန်ထမ်းတို့၏
တမလွန်အထိတာဝန်ကျေပွန်မှုများ..

ခွေးအတွေအုပ်စိုးတဲ့တိုင်းပြည်မှာ
ကိုယ့်ဘဝကိုယ်မပိုင်
ကိုယ့်အသက်ကိုယ်မစီမံနိုင်

လူဟာ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတယ်
ကိုယ့်သေခြင်းကို
ကိုယ်ရွေးခွင့်ရှိတယ် ။

တော်လှန်ရေးမှာ
ကိုယ့်ကိုယ်ကို မစွမ်းဆောင်နိုင်ဘူးဆိုတဲ့
သိမ်ငယ်စိတ်ကျခြင်းများဖိစီးရာက
အာဏာရှင်ကိုတွန်းလှန်ဖို့အတွက်
မိမိကိုယ်ကိုသတ်သေကြတယ် ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar