Breaking News

ဇမ်သစ်အောင် - မိုးလင်းတော့မယ်အချစ်ရေ...

Foto- Credit
မိုးလင်းတော့မယ်အချစ်ရေ...
ဇမ်သစ်အောင်
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၃

အုန်းမောင်းခေါက်သံ   ရွာလုံးညံပြီ
ဒီမှာနှမ  အိပ်ရာထ၍
မွေးမိသခင် ဆွမ်းတော်တင်ဖို့ 
ကြည်လင်ချက်ပြုတ်ပါတော့ကွယ်။

လင်းကြက်တွန်သံ    နယ်လုံးညံပြီ
ဒီမှာကိုကြီး
ဝဖီးညီနောင် နွားနှစ်ကောင်နှင့်
တောင်ယာဆင်းဖို့ပြင်တော့နော်။

တိမ်ပုပ်ရင်လွှာ
ဖောက်ထွက်လာသည့်
ရောင်ဝါလင်းမြ
ဖွားငွေလလည်း
လက်ပြနားချင်ရှာရော့မယ်။

ရိုးမတောင်တန်း
ရောင်နီထမ်း၍
လမ်းလျှောက်လာပြီသူငယ်ချင်း။

အမှောင်ကိုခွင်း ငှက်သီချင်းနှင့်
ရဂုံအတွင်း ပန်းနံ့သင်းပြီ
မိုးလင်းတော့မယ် အချစ်ရေ။         ။

* ကဗျာရချိန် ညသန်းခေါင်ကျော် 
၁ နာရီ ၂ မိနစ်
တန်ဆောင်မုန်းလဆန်း ၁၂ ရက်
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar