Breaking News

လေခဏီ - သာကော သာဝလမ်းခွဲ


လေခဏီ - သာကော သာဝလမ်းခွဲ

(မိုးမခ) နိုဝင်ဘာ ၂၅ ၊ ၂၀၂၃


ဒီရက်ပိုင်းမှာ ထူးခြားတာက မအလက တရုတ်ကို ဗြောင်ဆန့်ကျင်နေပြီ။ အဲလိုဗြောင်ဆန့်ကျင်ဖို့ကို သူ့ရဲ့အောက်ဆွဲ ကြံ့ဖွတ်ရှိတယ်။ ကြံ့ဖွံ့ရဲ့အောက်ဆွဲ မဘသတွေ ရှိတယ်။ အဲဒီ မဘသတွေလည်းပဲ ငတ်နေပြီလေ၊ ဘာမှ လုပ်စရာမရှိဘူး။ အဲတော့ သူတို့ တရုတ်ကို ဗြောင်ဆန္ဒပြတဲ့လုပ်ငန်းတွေမှာ ဒီကောင်တွေကို သုံးတာပေါ့။ ဒီကောင်တွေကတော့ ဘာမှ နားမလည်ဘူးလေ လုပ်တာပေါ့။ နေ့တွက်ရရင် လုပ်တာပေါ့။ မအလအတွက်ကလည်း ဒီလိုကောင်တွေက လိုသေးတာကိုး။ နေ့တွက်ပေးပြီး ခိုင်းရတာပေါ့။  ဒီကောင်တွေကလည်း တရုတ်ကြီးကို ပုဆိုးလှန်ပြတယ်ပေါ့။

အဲတော့ မအလက ဘာလို့တရုတ်ကို ဒီလိုဗြောင်ဆန့်ကျင်ပြီးလုပ်နေတာလည်းဆိုဒါကတော့ ရှင်းပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖော်ကို ကြပ်ခိုင်းတာပေါ့နော်။ ကြပ်မပေးလို့ လုပ်တာပေါ့။ ညီနောင်သုံးဖော်ကို ထိန်းချုပ်ဖို့၊ ကြပ်ပေးဖို့ ဒါသူခိုင်းတဲ့ဟာကို တရုတ်က လုပ်မပေးဘူးလေ။ လုပ်မပေးတော့ သူ တရုတ်ကို ပြည်တွင်းရေး ဝင်စွက်ဖက်နေပါတယ် လုပ်တာပေါ့လေ။ ဒါတွေ လျှောက်ပြောတာပေါ့။ 

အဲနောက်တော့ တရုတ်ကြီးကို သူကလည်း Lesson ပေးတယ်ပေါ့။ ဆရာကြီး လုပ်တာပေါ့။ မအလ ဆိုတဲ့ကောင်ကလည်း သူ့အထွာနဲ့သူ ပုတယ်ဆိုပေမယ့်လို့ သူ့အပုကိုပဲ သူက လူရာဝင်တယ် ထင်သေးတာကိုး။ ရှီကျင့်ဖျင်လို ခြောက်ပေကျော်တဲ့ ပုဂ္ဂိုလ်ကြီးကို သွားပြီးတော့ မခန့်လေးစားတွေ သွားလုပ်တာကိုး။ ဘာတုန်းဆိုတော့ ကျားဖြန့်တွေနဲ့ပတ်သက်နေတဲ့လူတွေကို တရုတ်ဘက်ကို လွှဲတယ်ဆိုတဲ့အခါမှာ သူက အဓိကကောင်တွေ တယောက်မှ မပါဘူး။ သူ လွှဲတာ အောက်ခြေတွေ၊ သာမန်လူတွေပဲ သူ လွှဲလိုက်တာ။ 

တရုတ်က ဂေါင်တချို့ကို သူ့ဘက်မှာ ခေါ်ပြီး ဖမ်းထားပြီးပြီ။ ဘယ်ကောင်တွေ ဘာဆိုတာ ငါတို့သိတယ်။ မင်းတို့က အဲ့ဘက်မှာရှိတဲ့ကောင်တွေ ငါ့ဆီ လာအပ်ဆိုတာ ဒီကောင် ငပုက မအပ်ဘူး၊ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ဟတ်စကီးတွေနဲ့ သူ အကုန်ခေါ်ထုတ်သွားတာ။ အဓိကကျတဲ့ ခေါင်းဆောင်ပိုင်းတွေကို ဟတ်စကီးနဲ့ ထုတ်သွားပြီ။ ဘာမှ အရေးမပါတဲ့ကောင်တွေဘဲ သူ ထိုးအပ်လိုက်တာပေါ့။ အဓိကကျတဲ့ကောင်တွေ တယောက်မှ မပါဘူး။ အဲဒီတော့ အဲဒီအဓိကကျတဲ့ကောင်တွေက အခု စစ်တပ်ထဲမှာပဲ အစောင့်အရှောက်နဲ့ စံမြန်းနေသလားပေါ့နော်။ သူတို့ပိုင်ဆိုင်တဲ့ မန္တလေးက အိမ်တော်ကြီးတွေ၊ မေမြို့က အိမ်တော်ကြီးတွေ၊ နေပြည်တော်က အိမ်တော်ကြီးတွေ၊ ရန်ကုန်က အိမ်တော်ကြီးတွေ၊ ဟိုး ဘန်ကောက်က ကွန်ဒိုတွေပေါ် ရောက်နေပြီလားပေါ့ မပြောနိုင်ဘူးပေါ့နော်။ သူတို့ကလည်း မှတ်ပုံတင် သုံးလေးခုနဲ့ ပတ်စပို့ သုံး လေးခုနဲ့ ကောင်တွေကိုး။ 

မန္တလေးမြို့မှာ ဝါးတရိုက်ကျော် တရုတ်ခြံဝင်းကြီးတွေက အများကြီးလေ၊ အဲဒါ သူတို့ပဲ။ အခြားလူတွေမှ မဟုတ်တာ။ မူးယစ်ဆေးဝါး ဆိုတာ မန္တလေးမှာပဲ ထုတ်တော့တာ။ ရှမ်းပြည်မှာ ထုတ်တယ် ထင်မနေနဲ့။ အဲဒီခြံဝင်းကြီးတွေမှာပဲ ထုတ်နေတာပဲ။ မူးယစ်ဆေးဝါးတွေ မိတဲ့သတင်းတွေ၊ ဟိုးစောစောပိုင်း ကာလတုန်းကဆိုရင် သတိထားမိလိမ့်မယ်။ မန္တလေးမှာပဲ ထုတ်ကြတော့တာ။ ဟိုကဒီကများ ရောက်နေတယ် မှတ်မနေနဲ့နော်။ 

အဲဒီဟာတွေက ဟို..ဦးဆေကိန်ရဲ့တပည့်ကြီးတွေတောင်မှ ဒီဆေးပြားတွေကို ဓမ္မဒူတ ဟင်းသီးဟင်းရွက် အလှူတော်ကားနဲ့ သယ်ပြီးတော့ ပင်လယ်ကို ပို့တာလေ။ ဆိပ်ကမ်းက သင်္ဘောတွေဆီ ပို့တာ။ အဲဒီမှာ ကရင်ကနေ သင်တန်းပြန် PDF တွေ ဖမ်းရင်းနဲ့ ယုန်ထောင်ကြောင်မိ မိသွားလို့ တော်တော်ရှုပ်ကုန်တာမလား၊ အဲဒီလိုလေ။ ဆေးပြားတွေက လွယ်လွယ်လေးပဲ အကုန်လုံးက မန္တလေးမှာပဲ ထုတ်လို့ရတာလေ။ ဒီဝါးတရိုက်ကျော်ခြံဝင်းကြီးတွေဆိုတာ တခြားလူတွေ ပိုင်တာမှ မဟုတ်တာ။ တရုတ်တွေ ပိုင်တာ။ မန္တလေးသူ၊ မန္တလေးသား ပိုင်တာမဟုတ်ဘူးလေ။ မေမြို့မှာလည်း အဲဒီလိုခြံတွေ၊ ဝင်းတွေ အများကြီး၊ လားရှိုးမှာလည်း ပြည့်လို့၊ ရန်ကုန်မှာလည်း ပြည့်လို့၊ အကုန်လုံးက သူတို့ပဲ ပိုင်နေကြတာပဲ။ ဝတ်မှုန်ရွှေရည် ယောကျ်ားပဲ ကြည့်ပေါ့။ ဒီလိုကောင်တွေပဲလေ၊ ပြည်သူ့စစ်နဲ့ ပတ်သက်နေတဲ့ ကောင်တွေပဲ အကုန်လုံးက။ တရုတ်ကလည်း သူ့လာပြီးတော့ ဖင်ချတာ သူ သိတာပေါ့။ အဲတော့ သူ မအလကို ကောင်းကောင်းကျွေးလိမ့်မယ်။ ဒီကောင် မလောက်လေးမလောက်စား၊ ပေမမှီ ဒေါက်မမှီနဲ့ လာပြီးတော့ ပုလည်လုပ်တဲ့ကိစ္စ တရုတ်က ကောင်းကောင်းကျွေးမယ်။

မအလ ဆိုတဲ့ကောင်ကလည်း စောက်မှတ်ကတော့  ရှိတဲ့ကောင်မဟုတ်ဘူး။ ဘယ်သူမှလည်း ထည့်တွက်ရကောင်းမှန်းသိတာ မဟုတ်ဘူး။ တရုတ်ကြီးက ခဏခဏလာ။ တရုတ်ကြီးကိုလည်း သူက ဒီက လက်နက်ကိုင်အဖွဲ့တွေကို နှိပ်ကွပ်ဖို့ သူကခိုင်း၊ တရုတ်ကြီးကလည်း သူ့ဘယ်လုပ်ပေးမလဲ။ သူနဲ့ ဆက်သွားလို့မှ မရတာ။ သူနဲ့ဆက်သွားရင် တရုတ်ရဲ့စီမံကိန်းတွေက အကုန်လစ်ကုန်မှာပေါ့။ သူ့နိုင်ငံတာထွက်ကစ လစ်သွားတယ်ဆိုရင် လာဘ်ပိတ်ပြီလေ။ ကမ္ဘာအရပ်ရပ်မှာ သူ့ဘာသူ ဘယ်နေရာမှာ ဘယ်မှာသွားလုပ်လုပ်လေ၊ သူနဲ့ ကပ်ရက်စီမံကိန်းအစက မြန်မာလေ။ မြန်မာမှာ စီမံကိန်းတွေက အလုပ်မဖြစ်ဘူးဆိုရင် သူ့စီမံကိန်းအောင်မြင်တယ်လို့ ဘယ်လိုလုပ်ပြောလို့ရမလဲ။ သူ့ဘာသူ ကမ္ဘာဘယ်နှစ်ပတ် ပတ်ထားထား။ မြန်မာပြည်မှာ အလုပ်မဖြစ်ဘူးဆိုရင် သူ့စီမံကိန်းတွေက ထိခိုက်တယ်လေ။ ဘယ်သူက သူ့ယုံကြည်မှုရမလဲ။ မင်းနားကဟာတောင် ဖြစ်အောင် မလုပ်နိုင်ဘဲနဲ့လို့ အပြောခံရမှာပေါ့။ အလကား တော်ကီဘွန်ဟောင်းဘိန်းစားလို့တော့ ဘယ်အပြောခံနိုင်မလဲ။

အဲဒီတော့ တရုတ်ကြီးက နေပြည်တော် ခဏခဏလာ၊ စကားတွေပြောခိုင်း၊ ဟိုကောင်က ရိကြောင် ပတ်ကြောင်တွေလုပ်၊ အဲအချိန်မှာ ဒီကျားဖြန့်တွေက ကိစ္စပေါ်၊ ကျားဖြန့်တွေ ဖမ်းခိုင်း၊ ဖမ်းမပေး။ အဲတော့ တရုတ်ကြီးက သူ့ဟာသူ ဖမ်းလိုက်ပြီးတော့ အေး.. မင်းတို့ထဲမှာ တရားခံ ဒီကောင်.. ဒီကောင်တွေ ရှိတယ်ဆိုပြီးတော့ ပြောတာကို သူကလည်း အဲအချိန်မှာ မြောက်ပိုင်းသုံးဖော်ကလည်း ဆော်တော့ မြောက်ပိုင်းသုံးဖော်ကို နှိပ်ကွပ်စေချင်တာကိုး။ ဘယ်တရုတ်က သူ ပြောတာ လိုက်လုပ်ပေးနိုင်မလဲ။ အဲတော့ သူကလည်း ဘာလုပ်တုန်းဆိုတော့ ကျားဖြန့်ရဲ့ အဓိကခေါင်တွေကို မပေးဘူးလေ။ ဟတ်စကီးနဲ့ ဗြောင်ထုတ်ပြီးတော့ အမလေး သူက ကယ်တင်စောင့်ရှောက်ထားတာ။ တွေ့ပြီပေါ့ သာကောနဲ့ သာဝ အဲဒီမှာ တွေ့ကြပြီပေါ့။ သာကောနဲ့ သာဝ တွေ့ပြီ။ တကယ်တော့ ဒီကောင်က သူ့ဘာသူ သေပန်းပွင့်တာပါ။ ဘာမှ နားမလည်ဘဲနဲ့ သူ လျှောက်လုပ်နေတာ။ တရုတ်ကို သူ ဘာထင်နေတယ် မသိဘူး။ 

တရုတ်က ဒေါ်စုဘက်၊ NLD ဘက်ကို ပင်းတာကို သူ သိတယ်လေ။ ပြီးခဲ့တဲ့ NLD ငါးနှစ်မှာလည်း သူ သိတယ်။ သူ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း တရုတ်က NLD ပါတီနဲ့ပတ်သက်ပြီး ရပ်ခံပေးတဲ့ သဘောထားတွေ သူ သိတယ်။ သိတော့ သူက ဘာလုပ်လဲဆိုတော့ စောက်ခွက်ပြောင်တာပေါ့။ အဓိက သူက ပူတင်ကို အားကိုးတယ်ပေါ့။ မြန်မာစစ်သားတွေကလည်း ပူတင်ဆီမှာ များတာကိုး။ နူကလီးယားစီမံချက်တွေ၊ စောက်ရူးထတဲ့ အိပ်မက်တွေကလည်း ရှိသေးတာကိုး။ သူက ရုရှားကို ပုံအားကိုးတာကိုး။ 

ကွန်မြူနစ်ဆိုတာ အချင်းချင်းဗိုလ်လုတာ။ ရုရှားနဲ့ တရုတ်က ဗိုလ်လုနေတာ။ သူက ရုရှားကို ဆရာတင်လိုက်တဲ့အခါ ရှီကျင့်ဖျင်က သူ့ကို ဘယ်ကြည့်ရမလဲ။ ဒီကောင့်ကို စောက်ရူးမှန်းလည်း သိတယ်ဆိုတော့ အသာလေး ကစားထားတာပေါ့။ သူ့တိုင်းပြည်ကတောင် တယောက်မှ မလိုချင်တဲ့ကောင်ကို ရှီကျင့်ဖျင်က ဘာကိစ္စ စာရင်းထဲ ထည့်နေမလဲ။ 

ရုရှား ဆိုတဲ့ကောင်ကလည်း ရသမျှ ပိုက်ဆံယူမှာလေ။ သူက စစ်ရေးအရ ပိုက်ဆံတအား ကုန်နေတဲ့ကောင်။ ကမ္ဘာမှာ စစ်တိုက်တာထက် ပိုက်ဆံကုန်တဲ့ အလုပ်မရှိဘူးလေ။ အဲဒီလို တကမ္ဘာလုံးက နိုင်ငံတွေနဲ့ ယှဉ်ပြီးတော့ စစ်ဖြစ်နေရတဲ့ကောင်က ရသလောက် ယူတာပေါ့။ ဒီဂျပုကလည်း လူရာဝင်ချင်တာ လွန်တာ၊ ဒီဘဝင်ရူးကို ပူတင်က တခါလောက်တွေ့ပြီး အရူးဆေး ကျွေးလိုက်တာ ကြိုက်တာ ခိုင်းလို့ရပြီလေ။ သူက တရုတ်ကြီးကို အဲဒီလို ပမာမခန့်တွေ သွားလုပ်၊ ရုရှားနဲ့သွား  ဖင်လေးပေးပေါ့ အဲဒီလို နေနေတာ။ တရုတ်က သူ့ကို ဘာကြည့်မလဲ။ ကွန်မြူနစ် ဆိုတာ အချင်းချင်းဗိုလ်လုတဲ့အမျိုး။

ရုရှားက ဒီစစ်နဲ့ ကျဆုံးကိန်းအခြေအနေ ရောက်သွားပြီ။ တရက် တရက် ရုရှားမှာ စစ်ရေးကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး။ သေနေတဲ့ လူက  နည်းတာမဟုတ်ဘူး။ တိုင်းပြည်က ပျက်သလောက် ဖြစ်တော့မယ်။ အဲဒီတော့ ဒီစစ်ပြီးသွားလို့ရှိရင် ကွန်မြူနစ်ထဲမှာ တရုတ်က ဗိုလ်ဖြစ်ပြီလေ။ ရုရှားက ဝပ်သွားပြီ။ ပြီးသွားပြီ။ ရုရှားကွန်မြူနစ်တွေက နိဂုံးချုပ်ချိန် ရောက်သွားပြီ။ ဘာပဲပြောပြော တရုတ်ကွန်မြူနစ်ကြီးက ကမ္ဘာမှာ  သူက ပထမတန်းစားဖြစ်မှာပဲ။ 

အဲဒါကို မအလ နားမလည်ဘူး။ အဲဒီတော့ တရုတ်ကြီးက သူ ခိုင်းတာ လုပ်မပေးတော့ သူ ရုရှားကို ပူးကပ်လိုက်တာပေါ့။ သူ ရုရှားကို ပူးကပ်လိုက်တဲ့အတွက် သူက ဘာဖြစ်သွားတုန်းဆိုတော့ တရုတ်ကြီးနဲ့လည်း အဆင်မပြေဘူး။ သူ တိတ်တခိုး ကျိတ်ကြွေနေတဲ့ အမေရိကားတို့၊ ဥရောပတို့နဲ့ကလည်း ဝေးရောပေါ့နော်၊ အဲဒီလို ဖြစ်သွားတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar