Breaking News

ဓား - တန်ဖိုး

တန်ဖိုး
ဓား
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၄

ပျံရမယ်ဆို
တိမ်တွေကိုထိုးခွဲ
ရှူစရာလေနည်းတဲ့
အာကာသထဲအထိ…

ငုပ်ရမယ်ဆို
ကမ္ဘာ့အလယ်ဗဟို
အဝီစိကိုဖောက်တဲ့အထိ…

မကြောက်တတ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ
နောက်ထပ်ဆိုတာမရှိဖို့
မင်းတို့ ငါတို့
တာဝန်သိသူတွေမှာ တာဝန်ရှိတာမို့…

လက်သီးဆုပ်
မျက်ရည်သုတ်
ပင့်သက်မောတွေရှိုက်ထုတ်ခဲ့
ဒို့အတ္တုပ္ပတ္တိဟာ
သမိုင်းသစ် ထုဆစ်ပေးဖို့။     ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar