ဉာဏဉာဏ် - ကြေကွဲလူငယ်
ကြေကွဲလူငယ်
ဉာဏဉာဏ်
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၃
ကွဲကြေနေတဲ့ လမ်းကို ရွေးပြီးမှ
နာနာကျင်ကျင် ဖြတ်နင်းလို့ လျှောက်ရ
ဒူးမထောက်ဘူး
လက်မမြှောက်ဘူး
ခေတ်ကို ဖီဆန်တဲ့ ခပ်မိုက်မိုက်အသွင်အပြင်
ဆံပင်အရှည်ကြီး ဆံထုံးထုံးပြီး
ထိုးကွင်းအစား တက်တူးများ
ထက်မြက်မှုဆိုတာ
ဦးဏှောက်အတွင်းမှသာ
စီးဆင်းလာတာမဟုတ်
နှလုံးသားရဲ့ အနက်ရှိုင်းထဲမှ
ယိုစီးကျနေတဲ့ သွေးစက်တွေက ကြေကွဲရ
ငိုယိုနေတဲ့ မျက်ရည်တွေက ပူလောင်ရ
ပိတ်လှောင်မွန်းကြပ်မှုတွေက အသက်ရှုကြပ်ရ
အသဲတစ်ခါကွဲရတာထက် ဆိုးလှတဲ့ ဘဝ
ကျည်ဆန်တစ်တောင့်ရဲ့ ပျိုမြစ်ခြင်းနဲ့
အသက်တစ်ရက်ကြီးလာခဲ့ရ
စကုတ်နယ်ပယ်တွေ ကျယ်လာသမျှ
လောကလူ့ဘောင်ဟာ ကျဉ်းမြောင်းလာခဲ့ပေါ့
စီးဆင်းနေတဲ့ လူငယ်ထုအသံမှာ
ကြေးနန်းစာထဲက ကောက်ကြောင်းများအဖြစ်
လေးလံတဲ့ ဝန်တာတွေ ထမ်းပြီး
လှမ်းခဲ့ရတဲ့ လမ်းမှာ
တာဝန်တွေ ကိုယ်စီရှိခဲ့ကြရသမျှ
ငါတို့အတွက် ငါတို့ပဲရှိတဲ့
ကြွေကွဲစရာ့ လူငယ်များ ။
Jan_4th_2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar