Breaking News

လွိုင်ကော်အကျဉ်းထောင် (၂၀၂၃) ၏ ဗူး၀ ရသစာတမ်းငယ် အီးဘုတ််စာအုပ် ထုတ်ဝေ



လွိုင်ကော်အကျဉ်းထောင် (၂၀၂၃) ၏ ဗူး၀ ရသစာတမ်းငယ် အီးဘုတ််စာအုပ် ထုတ်ဝေ
(မိုးမခ) မတ်လ ၂၀၊ ၂၀၂၄

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာအရေးလှုပ်ရှားသူ စေတနာ့ဝန်ထမ်းအသင်း - The “Stars of Myanmar Friendship Club” (SMFC)က တာဝန်ယူထုတ်ဝေတဲ့ ဗူး၀ရသစာတမ်းငယ် အမည်နဲ့ မြန်မာပြည် လွိုင်ကော် အကျဉ်းထောင်တွင်းက အက်ဆေးများကို စုစည်းထုတ်ဝေလိုက်ပါတယ်။ အက်ဆေးတွေက ရသစာတမ်းငယ်များဖြစ်ပြီး ၂၀၂၃ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဝင် စာမူ ၂၀ ကျော်ကနေ ရွေးချယ်ထားတာ ဖြစ်ပါတယ်။

စာအုပ်အမှာရေးသူ မသီတာ(စမ်းချောင်း) က - သံတိုင်နောက်က မလွတ်လပ်တဲ့သူတို့ဆီက လွတ်လပ်စွာ တွေးတော လွတ်လပ်စွာရေးပြော ထားတာတွေကို ဖတ်ရှုခံစားပြီး လူသားဆန်မှု အလင်းတိုင်ကို အလင်းကူးပေးနိုင်ကြပါစေလို့ ဆုတောင်းပြုထားပါတယ်။

The “Stars of Myanmar Friendship Club” (SMFC)က နိုင်ငံတကာအနှံ့စာအုပ်ကို ဖြန့်ကျက်နိုင်ဘို့ အီးဘုတ်အဖြစ် ထုတ်ဝေပါတယ်။ ပုံနှိပ်ဗားရှင်းကိုလည်း ဆက်လက်ထုတ်ဝေမယ် ဆိုပါတယ်။ အီးဘုတ်ကို မှာယူမယ်ဆိုရင်တော့ - အသင်း၏ ဂူးဂဲဖောင်မှာ ဖြည့်ပြီး တိုက်ရိုက်ချိတ်ဆက် မှာယူနိုင်ပါတယ်။

အသင်းရဲ့ ဖေ့စ်ဘုတ်လင့်ကတော့ သည်မှာပါ - https://www.facebook.com/starsofmyanmarfriendship



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar