ကောင်းဇေလူ - မြစ်ဆုံ စီမံကိန်း နဲ့ နွေဦးတော်လှန်ရေးကို တားဖို့ ကြံနေသလား?
မြစ်ဆုံစီမံကိန်းနဲ့ နွေဦးတော်လှန်ရေးကိုတားဖို့
ကြံနေသလား?
ကောင်းဇေလူ
(မိုးမခ) မေ ၂၅၊ ၂၀၂၄
ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ၂၀၂၄ ခုနှစ် မတ်လ(၇) မှာ အရှိန်မြှင့် ဆင်နွှဲခဲ့တဲ့ ထိုးစစ်မှာ စစ်ကောင်စီဟာ နလံပြန်မထူနိုင်လောက်အောင် အထိနာခဲ့ပြီဖြစ်တယ်။ တချိန်ထဲမှာ ရခိုင်စစ်မျက်နှာဘက်ကို ကြည့်ရင်လဲ စစ်ကောင်စီတပ်တွေ အလဲလဲအကွဲကွဲ အရေးနိမ့်နေတာ တွေ့နိုင်တယ်။ ချင်းဒေသဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဆက်လက်အောင်ပွဲခံနေသလို၊ ကရင်ပြည်နယ်နဲ့ ကရင်နီစစ်မျက်နှာတွေမှာလည်း စစ်ကောင်စီတပ်တွေ အကျအဆုံးအမြောက်အမြားနဲ့ ဆုတ်ခွာနေရတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင် ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး (၁၈၅,၀၀၀ ဦး) အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ်တွေအပြင် မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာရှိတဲ့ ရွာ ၁၀ ရွာကလူဦးရေ တစ်သောင်းခန့်ဟာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် မေလ ၁၄ ရက်ကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်း (RFA)သတင်းက ဆိုတယ်။ နိုင်ငံတကာ သံခင်းတမန်ခင်း စစ်မျက်နှာမှာလည်း စစ်ရာဇ၀တ်မှုတွေ အထပ်ထပ် အပြန်ပြန်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချံနေရပြီဖြစ်တယ်။
ဒိလိုအခြေအနေတွေကြောင့် အကြမ်းဖက်စစ်ကောင်စီဟာ ဘက်ပေါင်းစုံ အကျပ်ဆိုက်လာနေတယ်။ ဒါကြောင့် ကြံရာမရဖြစ်ပြီး တရုတ်ကို မျက်နှာချိုသွေးတာတွေ လုပ်လာနေတယ်။ တရုတ်ဆီက မျက်နှာသာရဖို့အတွက် ၂၀၁၃ ဒီဇင်ဘာ ၂၆ ရက်က သမ္မတဦးသိန်းစိန်အမိန့်နဲ့ ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကောင်စီက လုပ်ဆောင်လာတယ်။ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့အနေနဲ့ SPIC Yunnan International Power Investment Co.,Ltd (SPICYN) ဦးဆောင်အဖွဲ့နဲ့ ပူးပေါင်းပြီး စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်ဖို့၊ SPICYN ဦးဆောင်အဖွဲ့နဲ့အတူ စီမံကိန်းရဲ့ အဓိကကိစ္စရပ်တွေအပေါ် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဖွဲ့တို့ကို လမ်းညွှန်ပေးတာ၊ ဆုံးဖြတ်ချက်ချမှတ်ပေးတာ ဆောင်ရွက်ဖို့၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဆီကို တင်ပြဖို့၊ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အစိုးရကြား စီမံကိန်းကိစ္စတွေ ညှိနှိုင်းဆောင်ရွက်တာမှာ အထောက်အကူပြုနိုင်ရေး စတဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိကြောင်း DVB သတင်းက ဖေါ်ပြတယ်။
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရေး၊ စီမံကိန်းအစုရှယ်ယာဝင်တွေနဲ့ ဆွေးနွေးဆုံးဖြတ်ရေးတွေ လုပ်ဆောင်ရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီအရာရှိ ၁၁ ဦးပါဝင်တဲ့ ဧရာ ဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ၂၀၂၄ ဧပြီလ နောက်ဆုံးအပတ်မှာ ဖွဲ့ စည်းခဲ့တယ်။ ဒီမြစ်ဆုံစီမံကိန်းဟာ တရားမ၀င် အာဏာသိမ်းအစိုးရအနေနဲ့ လုပ်ပိုင်ခွင့်မရှိတဲ့ စီမံကိန်းဖြစ်တယ်။ ဒါကို ဇွတ်လုပ်ဖို့ ကြံစည်ခြင်းဟာ မြန်မာပြည်သူလူထုတရပ်လုံးကို ထပ်ပြီးစိန်ခေါ် လိုက်တာဖြစ်တယ်။ လက်ရှိအခြေအနေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို စစ်ရေးအရ မယှဉ်နိုင်တော့တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တရုတ်ကို မြစ်ဆုံမက်လုံးပေးပြီး KIO/KIA ကို ခြိမ်းခြောက်လိုက်တဲ့ သဘောလည်း မြင်ရတယ်။
မြန်မာပြည်ရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ဧရာဝတီမြစ်ကို ဟန့်တားပိတ်ဆို့မယ့် မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ရေးဟာ မင်းအောင်လှိုင်ရဲ့ နောက်ဆုံးထွက်ပေါက်ရှာခြင်းဖြစ်တယ်။ တရုတ်ရဲ့ နောက် လိုက်ခွေးစစ်စစ်ဖြစ်ဖို့ မြန်မာပြည်သူတစ်ရပ်လုံးကိုကျောခိုင်းပြီး တိုင်းပြည်ကို ရောင်းစားဖို့ကြံစည်တာ ဖြစ်တယ်။ ဦးသိန်းစိန်လက်ထက်မှာ လူထုရဲ့ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့တဲ့မြစ်ဆုံစီမံကိန်းကို အာဏာ သိမ်းစစ်ခေါင်းဆောင်လက်ထက်မှာ ပြန်လည်စတင်ဖို့ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံ ကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ခဲ့ကြောင်း ဒီဗွီဘီသတင်က ဖေါ်ပြတယ်။ ဒီအဖွဲ့ကို ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၄ ခုနှစ် မေ ၁၇ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ထားတယ်။
မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ၂၃ မိုင်ခန့်အကွာမှာ တည်ရှိပြီး ဧရာဝတီမြစ် စတင်မြစ် ဖျားခံတဲ့ မေခ၊ မလိခ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀,၀၀၀ နီးပါးထုတ်နိုင်တဲ့ ဆည် ၇ ခု တည်ဆောက်မှာဖြစ်တယ်။ ဟောင်ကောင်အခြေစိုက် ANI သတင်းက တရုတ်အစိုးရက မြန်မာပြည် မြောက်ပိုင်း မြစ်ဆုံ ရေလှောင်တမံ ရေအား လျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရေး မျှော်လင့် ချက်ကို စွန့်လွှတ်ပုံမရဘူးလို့ သတင်းဖေါ် ပြခဲ့ဖူးတယ်။ ဖေါ်ပြသည်ဟု ဆိုသည်။ ၂၀၁၈ ဇွန်လ ၁၇ ရက်နေ့စွဲပါ အေးရှားတိုင်း စာစောင်မှာ “အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းကို တရုတ်နိုင်ငံက ပြန်လည် စတင်လို ပုံရသည်” (China wants to restart disputed Myitsone dam in Myanmar) ဆိုတဲ့ သတင်းဆောင်းပါးဖေါ်ပြခဲ့ဖူးတယ်။ ရေးသူက ဆွီဒင်သတင်းစာဆရာ Bertil Lintner ဖြစ်တယ်။
NLDအစိုးရလက်ထက် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂၀ ပါတဲ့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာ၊ စိစစ်၊ သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး မြစ်ဆုံဒေသကို ကွင်းဆင်း လေ့လာခဲ့ဖူးကြောင်း သိရတယ်။ မြစ်ဆုံဆည် စီမံကိန်းဒေသရဲ့ အကျယ်အဝန်းဟာ စင်္ကာပူနိုင်ငံ အရွယ်ပမာဏ ရှိပြီး ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး အချိန်အားဖြင့် ၁၀ နှစ်ကြာမယ်လို့ ဆိုခဲ့တယ်။ မြစ်ဆုံ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယဉ်ကျေးမှု အမွေအနှစ် စီးပွားရေး လူမှုရေးစသဖြင့် ကဏ္ဍအတော်များများ ထိခိုက်ပျက်စီးနိုင်တဲ့အတွက် ပြည်သူလူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြဖူးတယ်။
စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော်ပါ၀င်တဲ့ စူးစမ်းလေ့လာရေးအဖွဲ့က ၆ လ ကြာ သုတေသနလုပ်ခဲ့ဖူးကြောင်း သတင်းထွက်ပေါ် ခဲ့ဖူးတယ်။ သုတေသနပြုချက်အရ စီမံကိန်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အလွန် များပြားနိုင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိခဲ့တယ်။ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ထူးဆောင် ပထဝီဝင်အမှတ်လက္ခဏာ ဖြစ်ရုံ မက၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက် သွေးကြောလည်း ဖြစ်တယ်။ လယ်သမား၊ ယာသမားများ၊ စိုက်ပျိုးမွေးမြူရေးသမားများနဲ့ ပြည်တွင်းရေ ကြောင်း သယ်ယူပို့ဆောင်ရေး လုပ်သားများအနေနဲ့လည်း ဧရာဝတီမြစ်ကို မှီခိုပြီး အသက်မွေးကြရတာဖြစ်တယ်။ ဧရာဝတီမြစ်ကို မှီ၍ပြီးအသက်ရှင်သန်ကြရတဲ့ ရေသတ္တဝါတွေ မြစ်ရေကို မှီခိုရှင်သန်ရတဲ့ ငှက်မျိုးစိပ်တွေ၊ အခြား တရိစ္ဆာန် သတ္တဝါတွေလည်း စီမံကိန်းကြောင့် သေကြေပျက်စီးကြရဖွယ်ရှိတယ်။ နိုင်ငံတကာ ခရီးသွားဧည်သည်တွေကလည်း ဧရာဝတီမြစ်ကြောင်းတလျှောက် ခရီးသွားလေ့လာရခြင်းကို အထူးနှစ်ချိုက်ကြတယ်လို့ ဆိုတယ်။ မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်နဲ့တကွ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရင် နိုင်ငံသားအားလုံးရဲ့ အသက်ရှင်သန်ရေးကို ထိခိုက်မှာ ဖြစ်တယ်။ အဲဒီလိုအကြောင်းရင်းတွေကြောင့် မြစ်ဆုံ စီမံကိန်း ကိစ္စ လုံးဝ ရပ်ဆိုင်းပေးဖို့ နိုင်ငံသူ နိုင်ငံသားအများစုက ကန့်ကွက်နေကြတာ ဖြစ်တယ်။
လတ်တလောမှာ အကြံကုန်နေတဲ့ စစ်ကောင်စီဟာ KIO/KIA ကို ခြိမ်းခြောက်လိုတဲ့ သဘောနဲ့ မြစ်ဆုံစီမံကိန်းကို ပွဲထုတ်လာတာဖြစ်ဖို့များပါတယ်။ KIO/KIA ရဲ့ စစ်ရေးအောင်မြင်မှုတွေက ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားနဲ့ ဗန်းမော်တို့ကို မတည်မငြိမ် ဖြစ်လာစေတာတော့ မှန်ပါတယ်။ ဒါပေမယ့် လောလောဆယ် မြို့ကြီးတွေကို သိမ်းယူမယ့်သဘောမျိုး မတွေ့ရသေးပါဘူး။ KIA အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ဆက်စပ် ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အကူပေးနေတဲ့ အတွက် စစ်ကောင်စီက အလွန် မကျေမနပ်ဖြစ်နေတာကတော့ အမှန်ပါပဲ။
KIA ရဲ့ ဌာနချုပ်လိုင်ဇာမြို့ ဟာ မြန်မာ-တရုတ် နယ်နိမိတ်မျဥ်းအနီးမှာ အခြေစိုက်ထားတဲ့အတွက် KIO/KIA အနေနဲ့ အတိုင်းအတာတခုအထိ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင်ထိန်းသိမ်းထားဖို့ လိုပါတယ်။ KIA အနေနဲ့တဖက်မှာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်တာကိုလည်း တရုတ်နိုင်ငံက သိရှိနေတဲ့အတွက် စိုးရိမ်မှုရှိနေပုံရပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက KIO/KIA ကို တရုတ်နဲ့ ရန်တိုက်ပေးလိုတဲ့ သဘောလည်း တွေ့ရတယ်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ ကချင်ပြည်နယ်လူထုက လက်မခံရုံမက မြန်မာပြည်လူထုတရပ်လုံး လက်မခံနိုင်တဲ့ကိစ္စဖြစ်ပါတယ်။၂ဝဝ၆ ခုနှစ်မှာ မြစ်ဆုံဆည်စီမံ ကိန်းအကောင်အထည်ဖေါ် ဖို့ တရုတ်နဲ့မြန်မာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတယ်။ ၂ဝဝ၉ ခုနှစ်မှာ တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီက ဦးဆောင် စတင် တည်ဆောက်ခဲ့တယ်။ မြစ်ဆုံဆည် စီမံကိန်းအတွက် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်ခဲ့တယ်လို့ဆိုတယ်။ မေ ခ၊ မလိခ မြစ်တွေပေါ်မှာရှိတဲ့ ရေကာတာစီမံကိန်းတွေအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂ဝ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း သိရတယ်။ မြစ်ဆုံစီမံကိန်းက ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆,ဝဝဝ ထုတ်လုပ်မှာဖြစ်ပြီး၊ အများစု (၇၀)ရာခိုင်နှုန်း တရုတ် နိုင်ငံကရယူမှာဖြစ်ပြီး မြန်မာက (၃၀) ရာခိုင်နှုန်းယူဖို့ သဘောတူထားကြောင်း ကနဦးသတင်းတွေက ဆိုတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအတွက် အကျိုးထက် အပြစ်များတဲ့ မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးကို ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားအသီးသီးက ကန့် ကွက်မှုခဲ့ကြတယ်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့မှာ ကျင်းပခဲ့တဲ့ လွှတ်တော် အစည်း အဝေးတွေကတဆင့် သမ္မတဦးသိန်းစိန်က စီမံကိန်းကို သူ့အစိုးရသက်တမ်းအတွင်း ဆက်မလုပ်ဘဲ ဆိုင်းငံ့ ထားမယ်လို့ ကြေညာခဲ့ရတယ်။
ပညာရှင်များရဲ့ အစီရင်ခံစာအရ စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ နယ်ပယ် ဧရိယာဟာ စင်ကာပူနိုင်ငံအရွယ် အစား၀န်းကျင်ရှိတယ်လို့ဆိုတယ်။ စီမံကိန်းကြောင့် လူပေါင်း သောင်းနဲ့ချီ ရွှေ့ပြောင်းရနိုင်တယ်လို့ဆိုတယ်။ စီမံကိန်းတည်နေရာဟာ မြန်မာနိုင်ငံရဲ့အကြီးဆုံးဖြစ်တဲ့ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ (မိုင် ၆၀)ခန့်သာဝေးတယ်လို့ဆိုတယ်။ ငလျင်လှုပ်ပါက ရေကာတာပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့လည်း ဆိုတယ်။ ငလျင်ကြောင့် ရေကာတာ ပြိုကျပါက မြစ်ကြီးနားမြို့ ရေလွှမ်းမိုးနိုင်ကြောင်း အစီရင်ခံက ဆိုတယ်။ မြန်မာစစ်အစိုးရများနဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများအကြား ချုပ်ဆိုထားခဲ့တဲ့စာချုပ်တွေဟာ ထင်သာမြင်သာမှု (Transparency) မရှိ၊ တာဝန်ခံမှု (Accountability) မရှိတဲ့အတွက် တရားမျှတမှု မရှိတဲ့ တဖက်စီးနင်း စာချုပ်တွေ ဖြစ်တယ်။ ဒါတင်မက သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုနဲ့ လူမှုဘဝထိခိုက်နစ်နာမှု အကဲဖြတ်ချက်များ (EIA/SIA) စစ်ဆေးမှုတွေကိုလည်း ဒေသခံ ပြည်သူတွေကို အသိမပေးခဲ့ကြောင်း တွေ့ရတယ်။ ကိုယ့်မြန်မာဖက်က ဒီမျှတမှုမရှိတဲ့စာချုပ်တွေကို လက်မှတ်ထိုးခဲ့တဲ့သူတွေဟာ နိုင်ငံနဲ့ပြည်သူ့မျက်နှာမထောက် ထားဘဲ တာဝန်မဲ့လက်မှတ်ရေးထိုးခဲ့ကြလို့ တရုတ်ကုမ္ပဏီတွေ အနိုင်ကျင့်တာ ခံခဲ့ ကြရတယ်။
ဒါကြောင့် ၂၀၂၄ ခုနှစ် မေ ၁၇ ရက်ထုတ် စစ်ကောင်စီရဲ့ မြန်မာနိုင်ငံပြန်တမ်းအရ ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်ဟာ အလွန်မိုက်မဲတဲ့ လုပ်ရပ် ဖြစ်တယ်။ မင်းအောင်လှိုင် အာဏာရူးမှုကြောင့် ဒီနေ့ မြန်မာပြည်သူတွေဟာ ကပ်ဘေးဆိုးကြီး ၃-ရပ်လုံးအောက်ကျရောက်နေရတယ်။ တိုင်းပြည်ဟာလည်း နိုင်ငံတကာအလယ်မှာ အရှက်တကွဲ အကျိုးနည်း အခြေအနေနဲ့ ကြုံတွေ့နေရတယ်။
ဒီအချိန်မှာ တရုတ်နဲ့ အာဆီယံနိုင်ငံတွေရဲ့ ဆွေးနွေးရေးလမ်းဖေါ်မှုဟာ စစ်ကောင်စီကို နားချိန် ရစေဖို့ အချိန်ဆွဲတာသာဖြစ်တယ်။ တရုတ်-အာဆီယံ အပါအဝင် ပြည်တွင်းနိုင်ငံရေးအချောင်လမ်းလိုက်လိုသူတွေရဲ့ ဆွေးနွေးရေးလမ်းစဉ်ဟာလည်း တရုတ်နောက်လိုက်ပြီး စစ်ကောင်စီအတွက် ထွက်ပေါက်ရှာပေးသူများသာ ဖြစ်တယ်။ မြစ်ဆုံကို ပွဲထုတ်လာတာကလည်း စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်က စစ်ပွဲတွေ ရပ်ပြီး ဆွေးနွေးပွဲဆီ ထွက်ပေါက်ရှာတဲ့ လှည့်ကွက် ဖြစ်တယ်။
ဂျန်ဇီးမျိုးဆက်သစ် လူငယ်အင်အားစုတွေက နောင်လူငယ်မျိုးဆက် အဆက်ဆက်အတွက် သူတို့ဘဝတွေ အသအသက်တွေ စတေးပြီးတိုက်ပွဲဝင်နေကြတာကို လေးစားသောအားဖြင့် တိုင်းရင်းသားပြည်သူတရပ်လုံး နွေဦးတော်လှန်ရေးကို ဝန်းရံ ပံ့ပိုးကြဖို့လိုပါတယ်။ သွေးမကွဲကြဖို့လည်း အထူးအရေးကြီးပါတယ်။ ပြည်သူလူထုတရပ်လုံးအနေနဲ့ အဆုံးသတ်တိုက်ပွဲအတွက် အရေးအကြီးဆုံးအခြေအနေမှာ သွေးစည်းကြဖို့ အထူးလိုအပ်ပါတယ်။ ဂျန်ဇီးတို့ရဲ့နွေဦးတော်လှန်ရေးအောင်ပွဲဟာ လက်တကမ်းသာ လိုပါတော့တယ်။ မြစ်ဆုံစီမံကိန်းကို အခုအချိန်မှာ ပွဲထုတ်လာခြင်းဟာ ပြည်သူလူထုကိုအာရုံလွှဲလိုတဲ့ စစ်ကောင်စီရဲ့လှည့်ကွက်ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် စစ်အနိုင်တိုက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရေးသည်သာ လက်ငင်းအခြေအနေမှာ ပဓါနကျတဲ့ အချက်ဖြစ်တယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar