ခိုင်မျိုး - ရွာထဲမှာ
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မေ ၃၊ ၂၀၂၄
လေညင်း
လိပ်ပြာ
သစ်တောကြီးထဲကနံ့သာပင်အနံ့
အဝးကစီတန်းလိုက်ပါမျောက်အုပ်စု
လှစ်ခနဲဖြတ်ပြေးသွားသောတောကြက်
အင်ရွက်ခြောက်များပေါ်ကျဆင်းနှင်းစက်
မြစ်မင်းသံလွင်ရဲ့ရေစီးသံ
တောဟာသဘာဝကျနစွာလှရဲ့
ကုန္ဒြေကြီးစွာတည်ငြိမ်ရဲ့
လူတို့တောကိုတိုးဝင်ဖို့
အသွားထက်သောဓါး
အဆိပ်ပါသောမျှားတို့ကိုစီရင်ရဲ့
အုပ်စုကိုဖွဲ့ရဲ့
လူနဲ့လူရဲ့စစ်ပွဲဆိုတာ
အဲ့သည့်အချိန်က
စခဲ့တော့တာပါပဲ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar