ရဲဘော်တေး - ခွေးနေရာမရ
ရဲဘော်တေး - ခွေးနေရာမရ
(မိုးမခ) ဇွန် ၂၆ ၊ ၂၀၂၄
အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ တောင်းပန်ချက်ကို လူသတ်ကိုယ်စားလှယ်အဖွဲ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို သွားရောက် လျှောက်ထားခဲ့ပေမယ့် အဲဒီ တောင်းပန်မှုကို လူသိရှင်ကြား ပလ္လင်သူခိုး ငကြင်စိုးတို့ထုတ် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုမှာ လုံး၀ မဖော်ပြခဲ့တာဟာ လက်ရှိစစ်ရှုံးအခြေအနေအရ မတတ်သာလို့သာ တောင်းပန်လိုက်ရတာ၊ အရှုံးပေး ဒူးထောက်ရတာကို သူ့လူတွေရှေ့မှာရော သူကိုယ်တိုင်ကရော မလုပ်နိုင်ဘူးဆိုတာပါပဲ။ တကယ့်သံဝေဂ တမျှင်မျှမပါဘူးဆိုတဲ့သဘော။
အမ်းစစ်ဌာနချုပ်ပြုတ်ခါနီး ကချင်ကြီးက ပါးနားရိုက် ဒေါနတောင်ခြေ သင်္ချိုင်းမြေဖြစ်သခိုက် တူမီးဝိုင်းလိုက် ကုန်ဈေးနှုန်း အပူမီးဝိုင်းလိုက်ကြား စစ်ကိုင်း၊ မကွေး၊ မန်းလေးမှာလည်း ဂန်းအရေးက ပန်းပေးလို့မရ ဟိုင်ဂင်သဘောတူညီချက်ပျက် မြို့ပြယူဂျီတွေကလည်း ရန်ကုန်ကို တက်တက်ဖုတ်နဲ့ ငုတ်တုတ်မေ့ သောင်ပြင်လွှတ်တဲ့ခွေး ကျားနဲ့တွေ့သလို အခြေမနေမို့ သာယဉ်ဝန်ငရွှီးကို အမြှီးအငှားနှန့်ခိုင်းချင်းသက်သက်သာ။ တနိုင်ငံလုံး လတ်လျား လတ်လျားနဲ့ ဘုန်းကြီးပျံတကာလှည့်သွား ဘုရားဒကာ ငစားလုပ်နေတဲ့ကောင်က ဒါကျကိုယ်တိုင်သွား တောင်းပန်ကန်တော့တာ မလုပ်တာသာကြည့်ပေါ့။
အဲဒီသဘောမရိုး မနောဆိုး အပြောတမျိုးတွေသိနေကြလို့လဲ "လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ဖျောက်နိုင်ဘူး။ ဒါပဲ ပြောချင်တယ်" လို့ ဈာပနာစီမံရေး ဆရာတော်ကြီးက တိုတိုပြတ်ပြတ် မိန့်ကြားလိုက်တာဘဲ။ ဒီစကားက ဝင်းနိမ္မိတာရုံဆရာတော်နဲ့ သူ့တပည့်သားမြေးတွေတင်သာမက သံဃာအားလုံးကို ကိုယ်စားပြုနိုင်ပါတယ်။ အဲဒါက စျာပနပွဲကိုလာပြီး ဘယ်သူ့ကိုမှ ကိုယ်စားမပြုဘဲ သည်းခံ၊ ခွင့်လွှတ်၊ မေ့ဖျောက်ဖို့ ကိုယ့်သဘောနဲ့ကိုယ် ထင်ရာငါတကော အာဏာရှင်အလိုကျ ပြောသွားတဲ့ သီတဂူရဲ့စကားကို ဖယ်ပုတ်ထုတ်ချောက်ပစ်လိုက်တာပါဘဲ။
ခုဆို တနိုင်ငံလုံးက သံဃာတွေက မင်းဆိုးညစ်တေ ကလေကချေ ပြည်ဖျက် အညှီတက်ကို သပိတ်မှောက် ကံဆောင်ပြီး ဗြဟ္မဒဏ်ခတ်နေကြပါပြီ။ တတိုင်းပြည်လုံးကလည်း ဒီခွေးတံဆိပ်ဓာတ်ပြားကို နားခါးလွန်းမက ခါးလှပါပြီ။ အထူးသဖြင့် ဘုန်းကြီးတွေ ဒီအမနုဿတွေနဲ့ပတ်သက်ဆက်ဆံထွေးလုံး တပြုံးပြုံး လုပ်နေတာကို မြင်နေရတာ၊ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးတွေကို နင်ပဲငဆ မပြောချင်ဘဲပြောနေရတာဟာ စိတ်နှလုံး ထိခိုက်နာကျင်လှပါပြီ။
ဒီတခါတော့ ခွေးနဲ့လူ မပေါင်းသင်းမဆက်ဆံ ဗြဟ္မဒဏ်စာချုပ်ချုပ် ပတ္တနိက္ကုစ္စနဆိုတဲ့ သပိတ်မှောက်ကံဆောင်အလုပ်ကို လုပ်ကြပြီမို့ အဆိုးထဲက အကောင်း စိတ်အညောင်းပြေကြရပေပြီ။ စိတ်ချမ်းသာ ကိုယ်ချမ်းသာအဆင့် ရောက်ဖို့ကတော့ တိုင်းတခွင် ပြည်တခွင် ရပ်တခွင်ရွာတခွင် ခွေးနံ့ကင်းစင် ခွေးဟောင်အူသံ မကြားရ၊ ခွေးအမြီးနှန့်တာမမြင်ရ ခွေးချေးပုံမတွေ့ရမှဖြစ်တော့မှာ မဟုတ်လား။
ခုက မင်းအောင်လှိုင်ဟာ လူကြီးတွေ ပြောတဲ့ "ဒီကောင်လေး ခွေးနေရာမရ" ဆိုသာလိုပါဘဲ။ ခွေးနေရာမရ ဆိုတာ သိတယ်ဟုတ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar