ဝင်းတင့်ထွန်း - သခင်မြသန်း ( သို့မဟုတ် ) တကယ့် နိုင်ငံရေးသမား - တကယ့်စာရေးဆရာ ( သခင်မြသန်း ရာပြည့်အမှတ်တရ )
သခင်မြသန်း ( သို့မဟုတ် ) တကယ့် နိုင်ငံရေးသမား၊ တကယ့်စာရေးဆရာ
( သခင်မြသန်း ရာပြည့်အမှတ်တရ )
ဝင်းတင့်ထွန်း
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၂၆၊ ၂၀၂၄
( ၁ )
ဆရာသခင်မြသန်းရဲ ့အထွေးဆုံးသောသမီး (မေထွန်း)က ‘သခင်မြသန်း-ရာပြည့်’ အတွက် ကဗျာဖြစ်ဖြစ်၊ ဆောင်းပါးဖြစ်ဖြစ်၊ အမှတ်တရအဖြစ် တခုခုရေးသားပေးဖို့စာမူတောင်းခံလာတဲ့အခါ၊ ပထမဆုံးခံစားလိုက်ရတာက လှိုက်ခနဲ ရင်ခုန်သွားမိခြင်းပါပဲ။ “ သြော်.. ဗမာပြည်စာပေအနုပညာသမိုင်းမှာ (သို့မဟုတ်) ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ၊ အလေးထားအပ် မှတ် တမ်းတင်ထားအပ်တဲ့ ပထမဆုံးမျိုးဆက်လို့ဆို ရမယ့် ပုဂ္ဂိုလ်ကြီးတွေရဲ့အသက် (၁၀၀) တင်းတင်း ပြည့်မြောက် ကျရောက်တဲ့ ‘ရာပြည့်’ ‘ရာပြည့်’ တွေကလဲ ဒီလတ်တလောကာလအတွင်းမှာပဲ ဆက်တိုက်ဆက်တိုက်လိုပါပဲလား..” လို့ ဖျတ်ခနဲ ဖျတ်ခနဲ အတွေးဝင်မိ၊ ခံစားမိလိုက်ရပါတယ်။ ‘ဗိုလ်ချုပ်ကျော်ဇောရာပြည့်’ ‘လေထီးဗိုလ်အုန်းမောင်ရာပြည့်’ ‘ဆရာဗန်းမော်တင်အောင်ရာပြည့်’ ‘ဗိုလ်မှူးချစ်ကောင်းရာပြည့်’ ။ အခုက ‘ သခင်မြသန်းရာပြည့်’ ပါကလား။
( ၁ )
ဆရာသခင်မြသန်းရဲ ့အထွေးဆုံးသောသမီး (မေထွန်း)က ‘သခင်မြသန်း-ရာပြည့်’ အတွက် ကဗျာဖြစ်ဖြစ်၊ ဆောင်းပါးဖြစ်ဖြစ်၊ အမှတ်တရအဖြစ် တခုခုရေးသားပေးဖို့စာမူတောင်းခံလာတဲ့အခါ၊ ပထမဆုံးခံစားလိုက်ရတာက လှိုက်ခနဲ ရင်ခုန်သွားမိခြင်းပါပဲ။ “ သြော်.. ဗမာပြည်စာပေအနုပညာသမိုင်းမှာ (သို့မဟုတ်) ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှုသမိုင်း
တကယ်က ‘သခင်မြသန်း’ နဲ့ပတ်သက်ပြီး ဟိုး အစောကြီးကတည်းက ကျွန်တော် ကဗျာတပုဒ် ဖွဲ့ခဲ့ဖူးပြီးဖြစ်ပါတယ်။ ဘယ်သူကမှ စာမူမတောင်းလာပါဘဲ၊ ဘယ်စာစောင်စာတန်းစာနယ်ဇင်းတွေထဲ
အလားတူပါပဲ။ သခင်မြသန်း ကွယ်လွန်ခြင်း နှစ် (၃၀) မြောက်တုန်းကလဲ (၂၀၀၆ မေလထဲတုန်းကလဲ) နောက်ထပ်အမှတ်တရအဖြစ်၊စကားပြေနဲ့လဲ ထပ်မံရေးသားခဲ့ဖူးပါတယ်။ ‘သခင်မြသန်းသို့နောက်ဆုံးနှင်းဆီ’ ဆိုတဲ့ဆောင်းပါးလေးဖြစ်ပါတယ်။ ကျွန်တော်နဲ ့ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) တို့နှစ်ယောက်သား အင်းစိန်ဖော့ကန်ကနေ မြောက်ဥက္ကလာပအထိ ကားအဆင့်ဆင့်စီးကာ၊ လက်ထဲမှာ ( ပန်းခွေလဲ မဟုတ်၊ ပန်းခြင်းလဲမဟုတ်၊ ငှက်ပျောဖက်လေးနဲ့ပတ်ထားတဲ့) နှင်းဆီနီနီစည်းထုပ်လေးကိုကိုင်
( ၂ )
တကယ်က ကျွန်တော်ဟာ ဆရာသခင်မြသန်းနဲ့တခါမှ တွေ့ဆုံရင်းနှီးခွင့်လေးတောင် မရရှိခဲ့ဖူးပါ။
မလှမ်းမကမ်းကနေ ဖျတ်ခနဲမျှ အမှတ်မထင်မျှသာ တွေ့လိုက်ရ မြင်လိုက်ရဖူးပါတယ်။ အဲဒီတုန်းက (၁၉၇၄ ခုနှစ်ထဲလို့ပဲ ထင်ပါတယ်) ကျွန်တော်နဲ့ရင်းနှီးတဲ့ ဆရာနတ်ကြီး(ဆရာနတ်နွယ်)နဲ့တွဲပြီး လျှောက်သွားတာကို ဖျတ်ခနဲမြင်လိုက်ရတဲ့အနေအထားဖြစ်ပါတယ်။ အဲဒီကာလတုန်းက ကျွန် တော်တို့စာပေသမားတွေရဲ့ စတည်းချရာ လက်ဖက်ရည်ဆိုင်တခုဖြစ်တဲ့ ‘ရွှေကြည်အေး’ ထဲကနေ လှမ်းမြင်လိုက်ရတာဖြစ်ပါတယ်။ အဲဒီတုန်းက ‘ရွှေကြည်အေး’ ထဲမှာ ထိုင်နေကြတဲ့ စာရေးဆရာကြီးငယ်မျိုးစုံတွေကြား
အဲသလို အဲသလို ဖျတ်ခနဲလောက်သာ တွေ့လိုက်ရဖူးပြီး၊ လူချင်း မျက်နှာချင်းဆုံကာ စကား ပြောခွင့်ရင်းနှီးခွင့်လေးတောင် မကြုံလိုက်ရဖူးပေမဲ့၊ ကြံဖန် မင်္ဂလာယူ ဂုဏ်ယူပြီး ပြောရမယ်ဆိုရင်တော့ ကျွန်တော်ဟာ ဆရာသခင်မြသန်းနဲ့မဂ္ဂဇင်းတခုတည်းပေါ်မှာ၊ ကလောင်နာမည်ချင်း၊ စာချင်းအတူတူဆုံဆည်းခဲ့ရဖူးတာကတော့ နှစ်ခါ သုံးခါထက်မနည်း ရှိခဲ့ဖူးပါတယ်။ မှတ်မှတ်ထင်ထင် ပထမဦးဆုံးလို့ပြောရမှာက ‘၁၉၇၄ ခုနှစ် ဖေဖော်ဝါရီလထုတ် ‘ မိုးဝေစာပေမဂ္ဂဇင်း’ အမှတ် (၇၃)’ ထဲမှာပါ။ ဆရာနတ်နွယ် ကိုင်တဲ့ ‘ မိုးဝေစာပေမဂ္ဂဇင်း’ ပထမခေတ်ဦးကာလထဲကလို့ ဆိုရမှာပါ။ ၁၉၇၃ ခုနှစ် နှစ်လယ်ထဲမှာ ရန်ကုန်မြို့ကြီးဆီ ရောက်ရှိလာခဲ့တဲ့ ကျွန်တော်ဟာ စာပေနယ်မှာ အခြေချနိုင်ဖို့ ကလောင်လေးကို ကြိုးစားပန်းစားသွေးနေခဲ့ရရာမှာ မိုးဝေမှာ ကျွန်တော့်ကဗျာလေး စတင်ပါဝင်ခွင့် ရလာခဲ့တဲ့အနေအထားပါ။ ၁၉၇၃ ခုနှစ်ထဲလောက်မှာပဲ ထောင်ကလွတ်လာခဲ့တဲ့ ဆရာသခင်မြသန်းကလဲ ကလောင်လက်နက်ကို ပြန်လည်ကိုင်ဆွဲလာခဲ့ရာမှာ၊ သူနဲ့ ပုဂ္ဂိုလ်ချင်း ရင်းနှီးရင်းစွဲရှိတဲ့ ဆရာနတ်ရဲ့ မိုးဝေစာပေမ၈္ဂဇင်းထဲမှာ စာတွေပြန်ရေးလာရင်း၊ ၁၉၇၄ ခုနှစ်ထဲမှာ ကြံကြံဖန်ဖန် တိုက်တိုက်ဆိုင်ဆိုင် ဆုံဆည်းခွင့်ရလိုက်မိတဲ့သဘော လို့ဆိုရမှာပါ။ အဲဒီတုန်းက မိုးဝေမဂ္ဂဇင်းထဲမှာ ဆရာသခင်မြသန်းက ဝတ္ထုတိုလေး ရေးပါတယ်။ ဆရာသခင်မြသန်းရဲ့ဝတ္ထုတိုလေးကတော့... “ ဂျူပီတာဂြိုလ်သို့ ကျွန်တော်ရောက်သွားခြင်း ” တဲ့။ ကျွန်တော့်အတွက် တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်အမှတ်ရစရာ၊ သတိရစရာတခု ဖြစ်ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်လဲ ဝတ္ထုတိုလေးတွေပါကြိုးစားရေးသားဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဝတ္ထုတိုလေးတွေကိုလဲ ဆရာနတ်က မိုးဝေစာပေမဂ္ဂဇင်းထဲမှာပဲ ရံဖန်ရံခါ ထည့်သွင်းဖော်ပြပေးခဲ့ပြန်ရာ၊ မိုးဝေမှာ အမြဲလိုလို ပင်တိုင်သဖွယ်ရေးသားနေတဲ့ ဆရာသခင်မြသန်းရဲ့ဝတ္ထုတို (သို့မဟုတ်) ဆောင်းပါးလေးတွေနဲ့ ကျွန်တော့်ရဲ့ရံဖန်ရံခါ ထုံ့ပိုင်းထုံ့ပိုင်းဝတ္ထုတိုလေးတွေဟာလဲ နောက်ထပ် နှစ်ကြိမ်သုံးကြိမ်လောက်တောင် ထပ်မံဆုံဆည်းခွင့်ရခဲ့ရဖူးပါတယ်။ လူချင်းဆုံခွင့်မရခဲ့လိုက်ရပေမဲ့ ကလောင်ချင်းဆုံခွင့် စာချင်းဆုံခွင့် ရခဲ့တယ်လို့ပဲ လွမ်းမောစွာမှတ်ယူမိပါတယ်။ ရင်ခုန်စွာဂုဏ်ယူမိပါတယ်။ အခုတော့ ဆရာနတ်နွယ်လဲ မရှိတော့သလို၊ ဆရာဦးတင့်ဆန်း တို့၊ (ကို)မောင်သိန်းဆိုင်၊ (ကို) အောင်ကျော်တို့တွေလဲ မရှိရှာကြတော့ပါ။
ဆရာသခင်မြသန်းစျာပန ပို့ဆောင်ရာမှာ အတူသွားခဲ့တဲ့ ကိုနိုင်ဝင်း(နိုင်ဝင်းဆွေ)လဲ မရှိတော့သလို၊ အဲဒီနေ့က စျာပနပို့ရာ ကားတစီးထဲမှာ အတူတူ လိုက်ပါဆုံဆည်းဖြစ်ခဲ့ကြတဲ့ ဦးလေး လေထီးဗိုလ်အုန်းမောင်နဲ့ဆရာရာဂျန်တို့လဲ မရှိရှာကြတော့ပါ။
ဆရာသခင်မြသန်းဆိုရင် ကွယ်လွန်ခဲ့တာတောင် (၄၅)နှစ် ကျော်ခဲ့ပြီမဟုတ်လား။ ဒီနှစ်ဟာ ‘သခင်မြသန်း ရာပြည့်’ သမယတောင် တိုင်ခဲ့လေပြီ..မဟုတ်လား။ သခင်မြသန်းရာပြည့်မှာ၊ သခင်မြသန်းနဲ့ပတ်သက်သမျှ ရင်ထဲ စီးဝင်လာတဲ့အတိုင်း၊ အတွေးသီရာအတိုင်း- ဆက်လက်စီးမျောကြည့်လိုက်မိတဲ့
( ၃ )
ကျွန်တော့်ရဲ့တဦးချင်းအမြင်အရ ပြောရမယ်ဆိုရင် ...
သခင်မြသန်းဟာ တော်လှန်တဲ့ နိုင်ငံရေးသမားတဦးဖြစ်သလို၊ ပြည်သူ့ဘက်က ပြည်သူ့စာရေးဆရာတဦးလဲပဲ ဖြစ်ပါတယ်။
နိုင်ငံရေးနယ်ပယ်က နိုင်ငံရေးသမားတဦးအဖြစ်နဲ့ကြည့်မယ်ဆိုရင် ဗမာပြည်နိုင်ငံရေးလှုပ်ရှား မှုသမိုင်းမှာ မှတ်တမ်းတင်ထားရမယ့် ‘တို့ဗမာအစည်းအရုံးခေတ်၊ သခင်လှုပ်ရှားမှုခေတ်’ အတွင်းမှာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့‘သခင်’ ဘွဲ့ခံခဲ့ကြတဲ့၊ အသက်အငယ်ဆုံးသောသခင်တွေထဲမှာ ‘သခင်မြသန်း’ ဟာ တယောက်အပါအဝင်ဖြစ်ခဲ့တယ်။ အသက် (၁၆) နှစ်ကျော် (၁၇) နှစ် ဝန်းကျင်လောက်နဲ့ ‘သခင်’ ဖြစ်ခဲ့ကြသူတွေထဲမှာ သခင်မြသန်းပါခဲ့ရုံမက၊ အသက်(၁၈) နှစ်ကျော် (၁၉) နှစ်မျှသာရှိသေးတဲ့ ၁၉၃၉- ၁၉၄၀ ထဲမှာပဲ သခင်မြသန်းဟာ ဓနုဖြူမြို့ တို့ဗမာအစည်းအရုံးမှာ အတွင်းရေးမှူးတာဝန် ယူနေပြီး၊ ‘ ၁၉၄၀ ဇလွန်ညီလာခံ’ မှာ နယ်ချဲ့ဆန့်ကျင်ရေးတရား ဟောပြောရာမှာ တက် တက်ကြွကြွ ပါဝင်နေခဲ့ပြီဖြစ်ပါတယ်။*1 အဲဒီ ဇလွန်ညီလာခံ ဆိုတာက ၁၉၄၀ ပြည့် ဇွန်လ (၁၇) ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ သခင်အောင်ဆန်းကို ဟင်္သာတရာဇဝတ်ဝန် ‘ဇေဘီးယား’ က ဆုတော်ငွေ ငါးကျပ်ထုတ်ပြီး ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ညီလာခံဖြစ်ပါတယ်။သခင်အောင်ဆန်းနဲ့ကျုံမငေးသခင်တင်မောင်တို့က ဟောပြောပွဲအပြီး၊ လစ်ထွက်သွားနိုင်ခဲ့ကြပေမဲ့၊ နောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရက မတရားဥပဒေအမျိုးမျိုးနဲ့ ဟင်္သာတစီရင်စုက သခင်တွေကို နှိပ်ကွပ်ဖမ်းဆီးရာမှာ သခင်မြသန်းလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်ထဲဝင်ခဲ့ရသူတယောက် ဖြစ်ခဲ့ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့‘သခင်’ တယောက်ဖြစ်ခဲ့ရသလို၊ ထောင်နန်းစံရတော့လဲ ရှေ့ဆုံးတန်းကနေ ဦးဦးဖျားဖျား ထောင် ထဲဝင်ခဲ့ရသူတဦး ဖြစ်ခဲ့ပါတယ်။
အင်္ဂလိပ်လက်အောက် နယ်ချဲ့ခေတ်အကျဉ်းထောင်ထဲမှာ ..သခင်စိုး၊ သခင်သန်းထွန်း၊ သခင်နု၊ သခင်ဗစိန်( သခင်ဗစိန်၊ သခင်ထွန်းအုပ်ဂိုဏ်းရဲ့ခေါင်းဆောင်)တို့လို နာမည်ကြီးသခင်များနဲ့အတူ နယ်ချဲ့ဆန့်ကျင်ရေးသမား၊ နိုင်ငံရေးသမားတယောက်
သခင်မြသန်းဟာ နယ်ချဲ့ခေတ်က အင်းစိန်ထောင်ထဲမှာ သခင်နုရဲ့ပြဇာတ်တွေထဲမှာ ပါဝင်သရုပ် ဆောင်ခဲ့၊ တက်ကြွခဲ့သူတယောက်ဖြစ်သလို၊ သခင်စိုး၊ သခင်သန်းထွန်းတို့ရဲ့ မာ့က်စ်-လီနင်ဝါဒ- ကွန်မြူနစ်ဝါဒ သင်တန်းတွေကြားမှာ၊ လိုလိုလားလား ပါဝင်တက်ရောက်ခဲ့ပြီး၊ ‘ထောင်တွင်းက ကွန်မြူနစ်ဖြစ်လာသူတွေ’ ထဲမှာ တဦးအပါအဝင်လို့လဲ ဆိုရမှာ ဖြစ်ပါတယ်။ သခင်စိုး၊ သခင်သန်းထွန်းတို့ရဲ့ မာ့က်စ်-လီနင်ဝါဒသင်တန်းပို့ချချက်တွေကြားမှာ စောစောစီးစီးကွန်မြူနစ်ဖြစ်လာသူ
စာပေအနုပညာလမ်းကြောင်းကြီးပေါ်ကနေ- စာရေးဆရာတယောက်အဖြစ်နဲ့ ကြည့်မယ်ဆိုရင်လဲ သခင်မြသန်းဟာ စာပေအနုပညာလက်ရာတွေအများအပြားကို ချန်သွား ပေးသွား ပြုစုဖန် တီးရေးသားသွားနိုင်ခဲ့တဲ့ စာရေးဆရာ၊ ပြည်သူ့ဘက်က စာရေးဆရာ၊ တကယ့်စာရေးဆရာ တယောက်ဆိုတာ သိသာမြင်သာလှပါတယ်။ သခင်မြသန်းဟာ ၁၉၄၉ ခုနှစ် ထောင်ထဲက ထွက်လာချိန်မှာ သူ့ရဲ့ပထမဆုံးသောလက် ရာလို့ဆိုရမယ့် ‘မမိုးစွေ’ စာမူကြီးကို လက်ကပိုက်ပြီး ထွက်လာခဲ့ရင်း၊ စာပေနယ်မှာ အခြေချနိုင်ဖို့စတင်ရုန်းကန်ခဲ့ပါတယ်။ တော်တော်နဲ့စာအုပ်မဖြစ်ခဲ့ပါ။ (၃) နှစ်ခန့်အကြာ ၁၉၅၂ ခုနှစ်ထဲမှာမှ ပန်းချီဆရာကြီးဦးဘရင်လေးရဲ့လက်ထဲရောက်သွားခဲ့ရပြီး ဦးဘရင်လေးရဲ့ ‘စာပန်းချီစာအုပ်တိုက်’ ကနေ ရိုက်နှိပ်ထုတ်ဝေပေးလိုက်မှုကြောင့်သာ ဗမာပြည်စာဖတ်ပရိသတ်တွေအကြား ‘မမိုးစွေ’ ရောက်ရှိလာခဲ့ရတာ ဖြစ်ပါတယ်။ မမိုးစွေဟာ သခင်မြသန်းရဲ့ပထမဆုံးသောလုံးချင်းလက်ရာဖြစ်သလို ‘စာပန်းချီတိုက်’ ရဲ့ ပထမဆုံးသော စာအုပ်လဲ ဖြစ်ခဲ့ရပါတယ်။ မမိုးစွေ ရဲ့နောက်ပိုင်းမှာ သခင်မြသန်းရဲ့ဘဝသရုပ်ဖော်ဝတ္ထုပေါင်းများစွာ စာဖတ်ပရိသတ်ကြားရောက်ရှိလာခဲ့ရသလို၊ သခင်မြသန်းဟာလဲ လူသိများတဲ့စာရေးဆရာတယောက် ဖြစ်လာခဲ့ရပါတယ်။ သခင်မြသန်းဟာ နိုင်ငံရေးသမားဘဝကလာတဲ့ စာရေးဆရာတဦးပီပီ၊ သူ့ရဲ့စာပေအနု ပညာလက်ရာတွေထဲမှာ သူ့ရဲ့နိုင်ငံရေးရပ်တည်ချက်နဲ့နိုင်ငံရေးအမြင် သဘောထားတွေကိုလဲ ထင်ဟပ်ဖော်ကျူးခဲ့တာ တွေ့ရပါတယ်။
၁၉၅ဝ ပြည့်နှစ်တဝိုက်က ဗမာပြည်စာပေအနုပညာနယ်မှာ ‘အနုပညာသည် အနုပညာအတွက်’ ဆိုတဲ့ စာပေအနုပညာသမားများနဲ့ ‘အနုပညာသည် ပြည်သူအတွက်’ ဆိုတဲ့ စာပေအနုပညာသမားများ ထင်ထင်ရှားရှားကွဲပြားပေါ်ပေါက်ခဲ့ရာမှာ သခင်မြသန်းကတော့ ရှေးဦးမဆွကတည်းက ‘ အနု ပညာသည် ပြည်သူအတွက်’ ‘စာပေသည် ပြည်သူ့အတွက်’ လို့ အတိအလင်း ခံယူကျင့်သုံးခဲ့တဲ့ ပြည်သူ့ဘက်တော်သား၊ ပြည်သူ့စာရေးဆရာတယောက်ဖြစ်ခဲ့ပါတယ်။ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့နဲ့အတူ တော်လှန်တိုးတက်တဲ့အယူအဆတွေကို ဆုပ်ကိုင်ခဲ့ကြရင်း၊ ဗမာပြည်မှာ ‘လက်ဝဲစာရေးဆရာများ’ လို ့ အငြင်းပွားစရာမရှိ၊ သတ်မှတ်ခံခဲ့ရသူတွေထဲမှာ ဆရာသခင်မြသန်းလဲ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ ဝေဖန်သုံးသပ်သူတချို့ကတော့...
၁၉၅ဝ ပြည့်နှစ်တဝိုက်က ဗမာပြည်စာပေအနုပညာနယ်မှာ ‘အနုပညာသည် အနုပညာအတွက်’ ဆိုတဲ့ စာပေအနုပညာသမားများနဲ့ ‘အနုပညာသည် ပြည်သူအတွက်’ ဆိုတဲ့ စာပေအနုပညာသမားများ ထင်ထင်ရှားရှားကွဲပြားပေါ်ပေါက်ခဲ့ရာမှာ သခင်
“ သခင်မြသန်းရဲ့ပင်ကိုရေး ဘဝသရုပ်ဖော်လုံးချင်းလက်ရာတွေကို
ပထမဆုံးလက်ရာဖြစ်တဲ့ ‘မမိုးစွေ’ ထွက်ပေါ်လာခဲ့တဲ့ (၁၉၅၂) ခုနှစ်ကနေ- ကွယ်လွန်သွားခဲ့ရလေတဲ့ (၁၉၇၆) ခုနှစ်အထိ နှစ်ပေါင်း(၂၄) နှစ်တာအတွင်းမှာ၊ တောတွင်း ထောင်တွင်းရောက်နေရတဲ့ စာမရေးနိုင်ခဲ့တဲ့ ကာလတချို ့ကို နှုတ်ပယ်ကြည့်လိုက်ပါက တကယ်စာရေးနိုင်တဲ့ကာလဟာ (၁၇) နှစ် (၁၈) နှစ်ထက် ပိုလိမ့်မယ်မထင်ပါ။ ဒါပေမဲ့ ဒီကာလအတွင်းမှာကို သခင်မြသန်းဟာ စာ အုပ်ပေါင်း(၇၀) ကျော် ရေးသား ပြုစုသွားနိုင်ခဲ့ရာမှာ လုံးချင်းဝတ္ထုတွေကချည်း (၅၀) ကျော် ရှိခဲ့တာ အံ့သြစရာတွေ ့ရပါတယ်။ အင်မတန်ရေးအားကောင်းတဲ့စာရေးဆရာ၊ ကလောင်သွက်တဲ့စာရေးဆရာ..လို့လဲ ဆိုလိုက်ချင်ပါတယ်။ ဝတ္ထုတွေက ဘဝသရုပ်ဖော်အမျိုးအစားတွေဖြစ်ကြပြီး၊ အဓိကအားဖြင့် ဇာတ်အိမ် ဇာတ်လမ်းခိုင်ခိုင်တွေနဲ့ချည်း ရေးသားချယ်မှုန်းလေ့ရှိရာ၊ ကျွန်တော်ကတော့ ဆရာသခင်မြသန်းကို ဇာတ်လမ်းအားပြု စာရေးဆရာလို့လဲ ရှုမြင်မိပါတယ်။
ဇာတ်လမ်း ဇာတ်အိမ်တွေက ခိုင်ခန့်လွန်းလေတော့ ဝတ္ထုတော်တော်များများဟာ ရုပ်ရှင်အရိုက်ခံခဲ့ရပါတယ်။ ဒါပေမဲ့..ဆရာသခင်မြသန်းဟာ ငွေကြေးအားဖြင့် ချောင်ချောင်လည်လည်တောင်မရှိခဲ့ဖူးရှာပါ။ ဘဝတလျောက်လုံး ချို့ချို့ငဲ့ငဲ့မပြည့်မစုံနဲ့ပဲရုန်းကန်ဖြတ်သန်းသွားခဲ့ရရင်း၊ အသက် (၅၅) နှစ်နဲ့ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ကွယ်လွန် ဆုံးပါးသွားခဲ့ရပါတယ်။ တောထဲကနေ ဖမ်းမိတရားခံအဖြစ် ထောင်ထဲရောက်၊ ထောင်ထဲကနေ နှစ်ပြည့်လို့ အပြင်ပြန်ရောက်ချိန် ၁၉၇၃ ကနေ ၁၉၇၆ ခုနှစ်အထိ (၃) နှစ်တာအတွင်းလေးမှာလဲ စာတွေကို ကုန်းရုန်းရေးသားရင်း၊၊ ကွယ်လွန်တော့မှပဲ လက်က ကလောင်ကိုချခဲ့လေသူ၊ ကွယ်လွန်မှပဲ စာရေးရပ်ခဲ့သူ၊ တကယ့်စာရေးဆရာစစ်စစ်လဲ ဖြစ်ခဲ့ပါတယ်။
သခင်မြသန်းရဲ့နောက်ဆုံးလက်ရာလို့ဆိုရမှာကတော့ ... ‘ဒို့အမျိုးသားတိုင်းပြည်’ နဲ့ ‘တကယ့်လူ’ ပဲ ဖြစ်ပါတယ်။ ‘တကယ့်လူ’ က ဘာသာပြန်ပါ။ စတာလင်ဆုရ ‘ဘောရစ်ပိုလီဗွိုင်း’ ရဲ့ A Story about a realman ကို ဘာသာပြန်ဆိုထားတဲ့ ဘာသာပြန်စာအုပ်ဖြစ်ပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်လှတဲ့ ခြေပြတ်ဒုက္ခိတ ပိုင်းလော့ ဖိုက်တာလေယာဉ်သူရဲကောင်းတယောက်
ဒီနှစ်ဟာ သခင်မြသန်းရဲ့ ရာပြည့်နှစ် ရာပြည်သမယ ဖြစ်ပါတယ်။ သခင်မြသန်းရဲ့နိုင်ငံရေးသမားဘဝ၊ စာရေးဆရာ စာပေသမားဘဝတွေကို ရောက်တတ်ရာရာ ခြေရာကောက်ကြည့်လိုက်မိရင်း၊ ‘သခင်မြသန်း’ ကို တခွန်းတည်းနဲ့ ငုံမိ ခြုံမိအောင် ကောက်ချက်ဆွဲပြီးပြောရမယ်ဆိုရင်…
ကျွန်တော်ကတော့ “ သခင်မြသန်း(သို့မဟုတ်) တကယ့်နိုင်ငံရေးသမား၊ တကယ့်စာရေးဆရာ ”
လို့ပဲ ၀ိဂြိုဟ်ပြုချင်၊ မှတ်တမ်းတင်လိုက်ချင်ပါတယ်။ ။
ဝင်းတင့်ထွန်း
၂၀- ၁- ၂၀၂၁
( သခင်မြသန်း ရာပြည့် အမှတ်တရ ဂါရဝ )
ကိုးကားချက်-
-----------------
*1 = သခင်တင်မြ ရဲ့ ‘ဘုံဘဝမှာဖြင့် ထက်ကြပ်မကွာ’ စာမျက်နှာ-၃၆
*2 = တက္ကသိုလ်စိန်တင် ရဲ့ ‘ သခင်ဗစိန် ’ ပထမအကြိမ်ထုတ်- စာမျက်နှာ ၂၂၇-၂၂၉
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar