Breaking News

နိုင်မွန်အောင်သွင် - ဩဂက်စ်ဦးခေါင်းခွံ

NA
ဩဂက်စ်ဦးခေါင်းခွံ
နိုင်မွန်အောင်သွင်
( မိုးမခ) ဩဂုတ် ၁၀၊ ၂၀၂၄

လေထဲလွင့်ပျံနေဆဲအလံတွေ
တဖြတ်ဖြတ်
အနီရောင်ခေါင်းစီးတွေ
လက်ကိုင်စပီကာတွေ
လက်ကမ်းစာစောင်တွေနဲ့ကောင်းကင်
မျက်တွင်းဟောက်ပက်ကြီးက
ခုထိ မျက်ခြေမပြတ်သေးဘူး။

ယမ်းနံ့တွေ
သွေးညှီနံ့တွေ
ဟောင်းလောင်းနှာခေါင်းပေါက်ကြီးက
ခုထိ အနံ့ခံလို့ရနေဆဲ။

ကြိမ်းဝါးအော်ဟစ်သံတွေ
သေနတ်ပစ်ခတ်သံတွေ
ကတ္တရာကားလမ်းကိုကြိတ်တက်လာတဲ့
တင့်ကားချိန်းသံတွေ
နားထင်မှာ
ခုထိ ပဲ့တင်ရိုက်နေတုန်းပဲ။

ကြွေးကြော်နေတယ်
ဆဲဆိုနေတယ်
ဆုတောင်းနေတယ်
သွားကျဲကျဲနဲ့ပါးစပ်ကြီးက
အံကလည်းကြိတ်ထားသေးတယ်။

၈. ၈.၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar