Breaking News

သင်းရည်လွင် - သတိတရမိုးတိမ်

Art by Aung Htet

သတိတရမိုးတိမ်
သင်းရည်လွင်
(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၄

တောင်အရပ်မှာ ကျီးသာတယ်
ဆုတောင်းစကားက  စကားဝါပန်းလေး
အချိန်နဲ့အမျှ သတိရခြင်း ပခုံးလာလာ မှီတယ်၊။ 

ဟုတ်ပါတယ်
ကျွန်တော် သည်စကားပြောဖို့
ကမ်းခြေမှာ လာထိုင်နေတာ ။

မျက်လုံးချင်းဆုံဖို့
ကောင်းကင်ကြီး ပန်းချီရေးပါ
တွဲထားတဲ့လက်တွေ နှစ်ကာလများစွာ
သီဆိုနေလက်စ သီချင်းတစ်ပုဒ်
ဘယ်တော့မှ မဆုံး ။

ကျောက်ဆောင်လိုတည်စေလို့
မမြင်ရတဲ့‌ကွေ့ကောက်ခြင်းတွေမှာ
တည့်တည့် ရပ်နေမိပါတယ်။

ဟိုး တောင်ပေါ် တိမ်မည်းတွေ
ရွေ့သွားနေတဲ့အထိ ။ ။

Aug 8

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar