ရတနာပုံဆရာမှတ်ကြီး - ဥက္ကာမင်းလှိုင်
ရတနာပုံဆရာမှတ်ကြီး - ဥက္ကာမင်းလှိုင်
(မိုးမခ) ဩဂုတ် ၄ ၊ ၂၀၂၄
လတ်တလော မအလ စိတ်ဝင်စားတာက ရမခ မဟုတ်။ ပျောက်နေတဲ့ တိုင်းမှူး မဟုတ်။ ဆင်ဖြူနဲ့ သုက်ပိုး။
ရှုပ်မသွားနဲ့အုံး၊ ဒီလို ဒီလိုရယ် ပြောပြမယ်။ ဧရာဝတီဘက်က ဆင်ဖြူဓာတ်ပုံတပုံ ထွက်လာတော့ ဘုရင်ရူးခမျာ လူးခါ။ ဆင်ရှာဖို့ အမိန့်မြန်မြန်ဆင့်၊ ဆင်ဖြူ ဆိုတာ ဘုန်းတန်ခိုးမြင့်တဲ့မင်းမှ ရတာ၊ ဆင်ဖြူရရင် ရာသီမှန်မှန်လာပြီး ခုလို ရေမကြီးတော့လို့ လေဖြီးချင်နေရှာ။
နောက်တခု အငမ်းမရ လိုချင်နေတာက သုက်ပိုး။ သုက်ပိုး ရောင်းမယ့်သတင်း တက်လာတော့ ကိုယ့်နားနဲ့ မနာနဲ့၊ မာမီလှိုင်နားနဲ့သာ နာပါဗျာ။ တကယ်ကို သုက်ပိုးလိုချင်နေရှာတာ၊ ဖျတ်ဖျတ်ကို လူးနေတာများ မြင်လည်းမကောင်း ကြားလည်း မသာ။ ရုရှားပြန် ဒရုန်းဗိုလ်ကလေးတောင် ရမခစစ်တိုင်းလိုက်ကျလည်း ဒရုန်းနဲ့ မဗုံးအား၊ သုတ်ပိုးရောင်းသူ မစ္စတာရှရှားနဲ့ ချိပ်ဆက်ဖို့ လုံးပမ်းနေရ။ မာမီ ဘာ့ကြောင့် ဒီ့လောက်အသည်းအသန် ခဲမှန်နေရသလဲဆို အဲဒီသုက်ရှင်က တယ်လီဂရမ်နဲ့ VK တည်ထောင်သူလေ။ သူ့လိုဉာဏ်ရည်ရှိသူမွေးချင်ရင် သူ့သုက်ပိုးကိုဝယ်ဖို့ကြော်ညာတော့ မိန်းခလေးတွေအလုအယက်ဖြစ်နေတဲ့ကြားမှာ မာမီလှိုင်လဲ ရူးပြာ လူးခါ။ သူ့မှာက ဆိုရှယ်မီဒီယာကင်ဆာဖြစ်နေတာမဟုတ်လား။ ဖေ့ဘွတ်လဲအကောင့်ဖွင့်မရ၊ ကိုယ့်ဘာသာထောင်တော့လဲ ပလေးစတိုးက ခွေးသူခိုးမလာရဆိုတော့ ဆိုရှယ်မီဒီယာနန့်နန့်တက်ဖြစ်နေတာကြာပလေ။ အဲဒီမှာ မာမီလှိုင်ဟာ တယ်လီဂရမ် VK ဆိုရှယ်မီဒီယာများရှင် ရှရှားကောင်လေးရဲ့ သုက်ပိုးမှမရရင် ယာယီသမ္မတတာဝန်လက်ပတ်ပါ ဆွဲဖြတ်ပစ်မယ်လုပ်နေတာ။
ခုတော့ ဆင်ရှာရမယ့်ကောင်ရော သုက်ရှာရမယ့်ကောင်ရော တိုင်ပတ်အကတောင် ကနေရ။ ဆင်ရှာဖို့ တောနင်းရင်းနင်းရင်း AAတို့ ပီဒက်တို့နဲ့တွေ့ရင် မွေးမေလေ့တောင် အော်ချိန်ရမယ်မဟုတ် ဗျင်းလိုက်မယ့်ဖြစ်ခြင်းလေ။ ဟိုငစားရဲ့ သုက်ပိုးကလဲ မလွယ်၊ အမျိုးသမီးထုကြားမှာတောင် မှောင်ခိုဈေးကွက်ရော လာဘ်ပေးလာဘ်ယူရောဖြစ်နေရတဲ့အထဲ ဗိုလ်ချုပ်မှူးကြီးတယောက်အတွက်ဆိုပြီး ဗိုလ်မှူးလေးတယောက်က ဘယ်လိုစာရင်းပေးဝယ်ရမှန်းမသိတဲ့ပြဿနာ။ ဟိုကောင်ကလဲ သူ့ဟာနဲ့ ကိုယ်ဝန်ဆောင်မယ့်သူအမှန်မပြရင် မရ။
ခုကို သူ့ကလေးက တရာကျော်နေပတဲ့။ သူ့ကလေးတွေ ဘယ်သူဘယ်ဝါ ဘယ်လိုကြီးပြင်းလာမယ်ဆိုတာလဲ စောင့်ကြည့်အုံးမှာကိုး။ မာမီလှိုင့်ပုံမြင်ပြန်ရင်လဲ ရောင်းမယ်မဟုတ်၊ သူ့သုက်ပါ ကြောင်သွားနိုင်တာမဟုတ်လား။ ရောင်းမယ့်သူ့နေရာကနေရော ဝယ်ပေးရမယ့်သူ့နေရာကနေရော စဉ်းစားသာကြည့်လေ၊ စဉ်းစားလေ စဉ်းစားကြည့်လို့ မရလေဘဲ။ မာမီလှိုင်ကတော့ ဆင်နဲ့သုက်ပိုးမှမရရင် ရှင်နဲ့ဒုတ်ထိုးမယ်ချည်းလုပ်နေတော့တာ။ ခု ဆင်နဲ့သုက်ပိုးမြင်မှ ပွင့်ပြီး ဥက္ကာမင်းလှိုင်လုပ်နေတော့တာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar