Breaking News

မင်းငြိမ်းအေး - နွေဦး

Art by Than Htay Maung

နွေဦး
မင်းငြိမ်းအေး
(မိုးမခ) ဩဂုတ် ၁၄၊ ၂၀၂၄

ငါ့လက်မောင်းပေါ်
ခေါင်းအုံးအိပ်နေတာ
ဘယ်သူလဲ။

ဖရီဒါခါလိုရဲ့
ပန်းချီကားတစ်ချပ်က
မြေအောက်အိပ်မက်ထဲမှာ
ငါလည်းအမြစ်တစ်ဖွားဖွား။

တစ်ယောက်နဲ့တစ်ယောက်
မမြင်ပဲမနေနိုင်ပါလျှက်နဲ့
တစ်ယောက်နဲ့တစ်ယောက်
ခွဲခွာပြီးနေရတာ
နွေဦးလား။

ကျည်ဆံတစ်တောင့်မှာ
နာမည်ရှိတယ်။

ငါကျပျောက်သွားတဲ့
အရုပ်လေးတရုပ်
ရှိပါတယ်။

နွေဦးပြီးရင်
ပြန်ရှာမယ်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar