လင်းလက်နွေဦး - ဘားမား
လင်းလက်နွေဦး - ဘားမား
(မိုးမခ) စက်တင်ဘာ ၂၅ ၊ ၂၀၂၄
လေတဲ့
ရေတဲ့
အစိမ်းလိုက် ဆွဲနုတ်သွားတာများ
ဖက်အစုတ်နဲ့
ထုပ်ထားတဲ့ကြားက။
ကြည့်ပါအုံး
အဖိုးမတန်လိုက်ပုံများ
အဖိုးမတန်လိုက်ပုံများ...
ကျွန်စုပ်တဲ့ သရက်စေ့ကို
လမ်းဘေးမှာ သုံးပြီးသား ကွန်ဒုံးထဲ
ထည့်ထားရတယ်လို့။
ပြက်လုံးပေါက်အောင်
အိမ်က အမေ့ပါ
ထည့်ပြက်ရသလိုမျိုး
ရင်နာတယ်။
ခန္တီစ
သိ သိကြီးနဲ့ ခံနေရတာများ
လူ့ဒူးကို ရုံသွင်းပြကြ
ဒို့တတွေဟာ
ဆက်ကပ်မျောက်တွေ ဖြစ်တယ်။
လင်းလက်နွေဦး
၂၀.၉.၂၀၂၄ နေ့လယ် ၁၁ နာရီ ၂၉မိနစ်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar