Breaking News

လင်းလက်နွေဦး - လေယာဉ်ပျံတွေ

လင်းလက်နွေဦး - လေယာဉ်ပျံတွေ

(မိုးမခ) အောက်တိုဘာ ၂၄ ၊ ၂၀၂၄


ငယ်ငယ် လေယာဉ် လာ

ဝမ်းသာအော်ဟစ်။


ဂျန်ဇီ

ပစ်ချဖို့ ကြိုးစားကြ။


အယ်လ်ဖာလေးတွေ

လေယာဉ်သံ ကြားရင်

ပြေးပုန်းလေမလား။


လေယာဉ်...

လေယာဉ် မဟုတ် လေရိုင်း

လေထဲက အရိုင်းအစိုင်းကောင်တွေ။


လေယာဉ်သာ အသက်ရှူကြည့်

ပြည်သူမြင် အပေါ်ထောင်တက်

ဝေးဝေး ပြေးထွက်လိမ့်မယ်။


ခုတော့ လေယာဉ်က သက်မဲ့

လေယာဉ်မောင်း သက်မဲ့

ဦးနှောက် နှလုံးသား

ဖြုတ်ချထားသူတွေ။


သူတို့သာ နှလုံးသား ရှိ

အဏုမြူဗုံးချသူလို နှုတ်ထွက်သွားလိမ့်

သူတို့သာ ဦးနှောက် ရှိ

ဟီရိုရှီးမားမြို့ပျက်တွေ ထပ်မဖြစ်

သူတို့သာ အသက်ရှင်ကြည့်

တိုက်လေယာဉ်နား မကပ်ဝံ့။


အာဏာရှင် စေတလုံးအောက်

သစ္စာခံ အမှုထမ်း

လမ်းမှားလျှောက်သူတွေရဲ့ လက်များ

အပြစ်မဲ့သူသွေးတွေနဲ့ စေးကပ်နေပေါ့။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar