Breaking News

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၃)

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၃)

(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၄


(နည်းလမ်းဆိုတာ ရှာမရရင် တည်ဆောက်ယူရမယ်)

စစ်သူကြီး ဘာကာ ဟန်နီဘော ဘီစီ ၂၄၇ - ဘီစီ၁၈၃

(ပြဿနာ အခက်အခဲတွေအတွက် ထွက်ပေါက်ကိုသာ စဥ်းစားခြင်းမပြုဘဲ ဖော်က်ထွက်ဖို့အတွက် လည်း စဥ်းစားစေချင်တယ် )

ဦးဝင်းတင် ဟံသာဝတီ ( ၁၉၃၀ - ၂၀၁၄ )


စစ်သူကြီးဆွန်ဇု Sun Tzu ရဲ့ The Art of War စစ်ရေးအနုပညာကျမ်းပါ မတူကွဲပြားတဲ့ ဗျူဟာများ Variation in Tactics အခန်းကို ကောက်နုတ် သုံးသပ် တင်ပြခြင်း ဖြစ်ပါတယ်။

မြန်မာပြည်လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးအနေနဲ့ စစ် ၃ စစ်ကို အနိုင်တိုက်နိုင်ကြပါစေ။


၈။ မတူကွဲပြားသော ဗျူဟာများ (Variation in Tactics)

အဓိပ္ပာယ်နှင့် အရေးပါမှု

မဟာဗျူဟာ သို့မဟုတ် စစ်ဆင်ရေးနယ်ပယ်တွေမှာ၊ နည်းဗျူဟာတွေဟာ စစ်ဆင်ရေးတခု အောင်မြင်ရန်အတွက် အသုံးပြုရမည့် သီးခြားနည်းလမ်းများကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။

စစ်ဆင်ရေးတွေမှာ တူညီတဲ့ နည်းလမ်းတွေကို ထပ်ခါတလဲလဲ အသုံးပြုခြင်းဟာ ရန်သူအတွက် လွယ်ကူစွာ တိုက်ကွက်ဖော်ပေးသလို ဖြစ်နိုင်ပါနိုင်တယ်။ 

ထို့ကြောင့် မိမိရဲ့ နည်းလမ်းများကို အမျိုးမျိုး ဖန်တီးခြင်းဖြင့် ရန်သူအတွက် တိုက်ပွဲဝင်ရန် အခက်အခဲများ ဖြစ်စေမှာ ဖြစ်ပါတယ်။ မတူညီတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရန်သူရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ စီမံကိန်းတွေကို လှည့်စားဆောင်ရွက်ခြင်းဟာ အကျိုးရှိစေမယ့် နည်းလမ်း ဖြစ်ပါတယ်။


စစ်ရေးဗျူဟာများမှာ အသုံးပြုခြင်း

1. Diversified Tactics (ကွဲပြားသော နည်းလမ်းများကို အသုံးပြုခြင်း)

o ရန်သူကို တိုက်ခိုက်ချေမှုန်းရန် ဗျူဟာများကို အမျိုးမျိုးတီထွင်ဖန်တီး တိုက်ခိုက်ပါ။

o စီမံကိန်းဆိုင်ရာနည်းလမ်းများကို အမျိုးမျိုးတီထွင်ဖန်တီး တိုက်ခိုက်ပါ။

2. Unpredictability (မခန့်မှန်းနိုင်သော နည်းလမ်းများကို အသုံးပြုခြင်း)

o ရန်သူက မိမိရဲ့ လှုပ်ရှားမှုများကို ခန့်မှန်းရခက်စေဖို့ အစဥ်အမြဲ ကြိုးစားပါ။

o မိမိရဲ့ နည်းလမ်းတွေကိုလည်း အချိန်နှင့်တပြေးညီ ပြောင်းလဲနိုင်ဖို့ ကြိုးစားပါ။

3. Adaptation to Situation (အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် စီစဥ်ခြင်း)

o မိမိရဲ့ နည်းလမ်းများကို အခြေအနေများအပေါ် မူတည်၍ လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်ပါ။

o စစ်ဆင်ရေးတွင် မမျှော်လင့်ထားသော အခြေအနေများကို လက်တွေ့အသုံးပြုပါ။

4. Flexibility in Execution (လုပ်ဆောင်မှုများကို ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် ပြင်ဆင်ခြင်း)

o မိမိရဲ့နည်းလမ်းတွေကို အခြေအနေ၊ အချိန်အခါ၊ အချက်အလက်ပေါ် မူတည်၍ ပြောင်းလဲပြင်ဆင်နိုင်အောင် ကြိုးစားပါ။

o ထို့နည်းတူ စစ်ရေးစီမံကိန်းများ

အကောင်အထည်ဖော် လုပ်ဆောင်ရာတွင်လည်း အခြေအနေ၊ အချိန်အခါ၊ အချက်အလက်ပေါ် မူတည်၍ စီမံကိန်းများကို ပြောင်းလဲပြင်ဆင်နိုင်အောင် ကြိုးစားပါ။

5. Surprise Tactics ( ရန်သူ အံ့ဩတုန်လှုပ်စေမည့် နည်းဗျူဟာများ အသုံးပြုခြင်း)

o စစ်ဆင်ရေးတွင် ရန်သူ မျှော်လင့်မထားသော နည်းဗျူဟာများကို အသုံးပြုပါ။

o မိမိရဲ့ လှုပ်ရှားမှုများကို ရန်သူ မသိစေရန် အတတ်နိုင်ဆုံး ဖုံးကွယ်ထားပါ။


နည်းလမ်းအသွယ်သွယ်

၁။ တိုက်ခိုက်ရေးနည်းလမ်းများ (Offensive Tactics)

ရည်ရွယ်ချက်- လက်ဦးမှုကို ဆုပ်ကိုင်ရန်၍ တိုက်အားကို အသုံးချရန်။

Shock and Awe (အံ့အားသင့်စေခြင်း)

Blitzkrieg (လျင်မြန်စွာတိုက်ခိုက်ခြင်း)

Feints (ယောင်ပြလုပ်ခြင်း)


၂။ ကာကွယ်ရေးနည်းလမ်းများ (Defensive Tactics)

ရည်ရွယ်ချက်- ရန်သူ တိုက်ခိုက်မှုကို တားဆီးကာကွယ်ရန်၊

ခံစစ်ပြင်ဆင်ခြင်း (Fortification)

တန်ပြန်တိုက်ခိုက်ခြင်း (Counter attack)

နှောင့်နှေးစေခြင်း (Delay and Attrition)


၃။ လှည့်စားဆောင်ရွက်ခြင်းနည်းလမ်းများ (Deception Tactics)

ရည်ရွယ်ချက်- ရန်သူများကို လှည့်ဖြားရန် သို့မဟုတ် ရှုပ်ထွေးစေရန်။

ဖုံးကွယ်ခြင်း (ပုံဖျက်ခြင်း) Camouflage

လမ်းလွှဲခြင်း (အာရုံပြောင်းခြင်း) Diversion

သတင်းမှားပေးခြင်း (သတင်မှားကို တမင်ပေးခြင်း) Misinformation


၄။ သပ္ပာယဖြစ်စေသောနည်းလမ်းများ (Adaptive Tactics)

ရည်ရွယ်ချက်- ပြောင်းလဲနေသော အခြေအနေများကို လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်စေရန်။

ပြောင်းလွယ်ပြင်လွယ် တုံ့ပြန်နိုင်ခြင်း (အရေးပေါ်အခြေအနေစီမံခြင်း) Flexible Response ၊ အခွင့်ကောင်းကို ဆုပ်ကိုင်နိုင်ခြင်း (Opportunism)

၅။ စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းများ (Psychological Tactics)

ရည်ရွယ်ချက်- ရန်သူကို စိတ်ဓာတ်ရေးရာအရ တိုက်ခိုက်ခြင်း

ခြိမ်းခြောက်ခြင်း Intimidation

စိတ်ပိုင်းဆိုင်ရာအရ လွှမ်းမိုးခြင်း (Mind Games)

ဝါဒဖြန့်ခြင်း (Propaganda)

၆။ ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းများ (Collaborative Tactics)

ရည်ရွယ်ချက်- အဖွဲ့လိုက် လုပ်ဆောင်မှုနှင့် မဟာမိတ်များမှတစ်ဆင့် အောင်မြင်မှုကို မြှင့်တင်ခြင်း။

ညှိနှိုင်းဆောင်ရွက်ခြင်း (Coordination)

အလုပ်ခွဲဝေခြင်း (Division of labour)

နှစ်ဖက်ညှပ်တိုက်ခိုက်ခြင်း (Flanking)


၇။ စီးပွားရေးပူးပေါင်းမှု နည်းလမ်းများ (Economic Tactics)

ရည်ရွယ်ချက်- အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချခြင်း

အရင်းအမြစ်စီမံခန့်ခွဲမှု (Resource Management) ၊ ပိတ်ဆို့တိုက်ခိုက်ခြင်း (Blockade) ၊ ကုန်သွယ်မှုလုပ်ငန်းများနဲ့ မဟာမိတ်များဖွဲ့ခြင်း (Trading and Alliances) စစ်ဆင်ရေးနှင့်ပတ်သက်သော ဗျူဟာများတွင် နည်းလမ်းများစွာကို အသုံးပြုလေ့ရှိပါသည်။ 

အခြေအနေ အချိန်အခါ အချက်အလက် ပြောင်းလဲမှုအပေါ် မူတည်၍ လည်းကောင်း၊ ရန်သူ၏ အားနည်းချက်၊ အားသာချက်ပေါ် မူတည်၍ လည်းကောင်း၊ အရင်းအမြစ်ဆိုင်ရာ အလှည့်အပြောင်းများပေါ် မူတည်၍ လည်းကောင်း၊ သင့်တော်သော နည်းလမ်းများကို ရွေးချယ်ရခြင်းပင် ဖြစ်ပါသည်။ 

တိုက်ခိုက်ခြင်း၊ ခုခံခြင်း၊ လှည့်စားခြင်း၊ စိတ်ဓာတ်စစ်ဆင်ခြင်း၊ ပူးပေါင်းတိုက်ခိုက်ခြင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့ နည်းလမ်း မျိုးစုံကို ဗျူဟာအလိုက် အသုံးပြုကြရခြင်း ဖြစ်ပါသည်။

မတူကွဲပြားသော ဗျူဟာများ ( Variation in Tactics ) အသုံးပြုခြင်းဟာ Sun Tzu ရဲ့ The Art of War စစ်ရေးအနုပညာကျမ်းမှာ စစ်အနိုင်တိုက်ဖို့ အရေးကြီးတဲ့ အတွေးအခေါ် သဘောတရားတွေ နဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။အလေးအနက် လေ့လာရမယ့် အပိုင်းတခု ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

နောက်တပတ် ပြန်ဆုံကြမယ်ဗျာ။

👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar