Breaking News

ငဇ - ထရီဆာ ငြင်းဆန်ခဲ့တဲ့ ညစာ

ငဇ - ထရီဆာ ငြင်းဆန်ခဲ့တဲ့ ညစာ

(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၄


ဘယ်နေရာကို သွားရမယ်မှန်း သိရင်

အဓိပ္ပာယ်ဟာ ဘဝကို စွပ်ချလိုက်တဲ့ ကြိုးကွင်းပေါ့

ပျော်ပျော်ကြီး သေရဲခဲ့ကြတယ်

ထာဝရ သေခြင်းကင်းခဲ့ကြတယ်

ဒီလမ်းဟာ မပြည့်ကျပ်ဘူး

မရှိတဲ့ တံခါးရဲ့ စစ်မေးခြင်းမှာ စာမေးပွဲအောင်ရမယ်

လမ်းရဲ့ ဂမ္ဘီရမှာ လျှောက်ဖို့

ခြေထောက်မှာ ရေစီးသန်တဲ့မြစ်ကို ချိတ်ရတယ်

စာအုပ်ဘယ်လောက်ထူထူ

လူမမြတ်နိုးရင် လူ မဟုတ်သေးဘူးဆိုတာ သိလို့

ကရုဏာကို လက်ဖျော် ဖျော်ကြတယ်

ကမ္ဘာ့ရင်အုပ်ပေါ်က ပုံတူကို မဝင်စား

ငွေနဲ့ ညစာရဲ့ တန်ဘိုးကို

နေရာပြောင်းလိုက်တဲ့ ကြောင်းကျိုးမှာ

အမွန်ဓာတ်ဟာ

ချီးမြှင့်မှု အလင်းအလျဥ်ကို နှေးကွေးစေခဲ့ပြီပဲ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar