ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဂျပေါင်ကုကွဲ့ ယဥကောင်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဂျပေါင်ကုကွဲ့ ယဥကောင်
(မိုးမခ) ဒီဇင်ဘာ ၁၁ ၊ ၂၀၂၄
ဂျပေါင်ကုက လာဘ်စားပြီးကြွယ်ဝလာတဲ့ဟာတွေ သိမ်းမယ်ဆည်းမယ်၊ အထူကြီးတွေလှီးမယ်လုပ်လာပြန်တော့ ရွှေကြီးတို့အုပ်စုပြာပြီ။ ပြာတာမှ ဝလက်ပရိုစီအပြာ။ ဟိုကောင်က ဘာမှချန်မယ်မဟုတ်။ သူတို့ရခဲ့တုန်းက လစာနဲ့ချတွက်လိုက်ရင် ခွေးအိမ်လောက်တောင် ဆောက်မရဘူးမဟုတ်လား။ ဥပဒေနဲ့အညီ ဘုရားဒကာပီပီ အဒိန္နာဒါနမှန်သမျှ တိုက်ဖျက်မယ်ဆိုပြီး အကုန်သိမ်းဖို့ကြံနေပြီပေါ့လေ။ သူက သန်းရွှေကြီးခေတ်တုန်းက ထောက်လှမ်းရေးတွေရှင်းပြီး အမှတ်ယူခဲ့သလို ခွေးမြီးတိုကြီးတွေရှင်းပြီး အမှတ်ယူတော့မယ်၊ သူတို့ဆီကဟာတွေသိမ်းပြီး လက်နက်ဘာညာသာရကာဝယ် စစ်စရိတ်သုံးတော့မယ်၊ ဒီကောင်ကြီးတွေက သူ့ကို ဘာမှ စောက်သုံးမကျဘူးပြောထားလို့ အပီကျိတ်ချင်နေတာရယ်နဲ့ တချက်ခုတ် သုံးချက်ပြတ်ဝုန်းတော့မယ်လေ။
မဝုန်းလို့က မရ။ ခုကို ယူအန်က ဦးဝင်းမြင့်နဲ့ဒေါ်စုကို သမတနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အသိအမှတ်ပြုဆဲဆိုတော့ တရုတ်ကနေ့ ပြန်တိုးနဲ့ပေးမယ့် ရွေးကောက်ပွဲအတုနဲ့ သမ္မတရူးဖို့ ကြံထားသမျှ သဲထဲသေးပေါက် ဖြစ်ရတော့မှာ မဟုတ်လား။
ဒါထဲက ဗိုလ်ချုပ်ကြီးအင်ဘန်လကို တရုတ်ဗဟိုအစိုးရက ပီကင်းထိ ပင့်ဆောင်သွားသတဲ့။ သူ့ခမျာ ဗိုလ်ချုပ်မှူးကြီးခွေးနာလောက်ထိုး သောက်ရူးမျိုးရယ်လို့မှ မပြောရ၊ ယူနန်လောက် သွားရတာနဲ့တင် ဘဝင်လေရိုက် ခလုပ်တွေများတောင်တိုက်ခဲ့သမျှ အမျှ အမျှပါပေါ့လေ။ အမေနောက်လင်ထင် အဖေခေါ်ထားမိသမျှ ပလုံမယ့်ကိန်း။
TNLA ကလဲ တောင်ခမ်းမှာ အပြောင်ကြမ်းလို့။ မောင်တောမှာလဲ ဗိုလ်မှူးချုပ်လေးတကောင် AAဆောင်ကျဉ်းသွားသတဲ့။ ဒါတောင် ဂျီနိုဆိုက်လုပ်ပါတယ်ပြောပြောနေတဲ့အဖွဲ့ကလေးကဘဲ ဂျီနိုဆိုက်လုပ်သူကြီးတွေကို ကယ်တင်စောင့်ရှောက်ပေး သွေးသောက်ဖွဲ့အတူတိုက်ပေးနေလို့ တော်တော့တာ။ မဟုတ်ရင် ငါးစာဖြစ်တာကြာရော့မယ်။ ချင်းတောင်ကလဲ ဗျင်းကောင်တွေချည်း၊ စာရင်းတောင် ကောက်နိုင်သေးရဲ့လားမသိ။
ရခိုင်ဘက်ဆိုလဲ အကူတောင်းလေ ဗုံးကြဲလေ၊ အဘကယ်ပါဆိုလေ တွယ်ကာနှုတ်ပိတ်လေလုပ်နေရတယ်။ စောက်ရှက် အကျယ်ကြီးခွဲတဲ့ကောင်တွေလေ။ ပြန်ကုပေးရမယ့်စရိတ်နဲ့မကာမိအောင် ပြန်သုံးမရမယ့် ဒုက္ခိတတွေဆိုတော့ ဟတ်စကီးနဲ့ ပြန်ကယ်ထုတ်ဖို့ကလဲ မတန်၊ လက်ကျန်ပစ္စည်းတွေပါ AA သုံးမရအောင် ဗုံးချဖျောင်ရတာပ။ ဒါ တပ်ထုံးစံဘဲဟာ။ ခု ဘယ်မုဆိုးမမှ အမျှမဝေရ၊ ရက်လည် မလုပ်ရ၊ လလည် မလုပ်ရ၊ အသုဘ မရှိစေရ အမိန့်ထုတ်ထားလိုက်တယ်၊ ငိုရင်ကို တပ်တွင်းပုန်ကန်မှု သတ်မှတ်ထားပြီးသား။ ငါဟဲ့ ငပု။
အဲတော့ မတတ်နိုင်ဘူး၊ ဒုက္ခိတများလေ၊ တွေ့သမျှအကုန်ဆွဲ တပ်ထဲသွင်းလေ။ သုံ့ပန်းများလေ၊ အိမ်ထဲထိစစ်ပေါ်တာဝင်ဆွဲလေ။ ဒင်းတို့ မြေတွင်းအောင်းလေ၊ နိုင်ငံသားမှန်ရင် စစ်သားစာရင်းဝင်ရစေမယ်ပေါ့။ ငါ့မိသားစုထက် အရေးကြီးတာ ဘာမှမရှိ။ ငါ့မြေးတွေထက် အရေးကြီးတာ ဘာမှမရှိ။ အင်း ဟန်ကိုယ့်ဖို့လုပ် ကြမ်းလို့သာကြမ်းနေရတာ။ လစ်ဖို့ခြေလှမ်းပြင်နေတဲ့ကောင်တွေချည်း။ ရသလောက်ဖြောင် ချောင်တာနဲ့ပြေး ငါ့လို့ ကိုယ့်အရေးချည်းဘဲ။
ဒါ့ကြောင့်မို့လဲ လာဘ်စားမှုနဲ့ အရေးယူမယ် ဖြဲထားရတာ။ စည်းစိမ်တော့ ဘယ်ကောင်မှ အထိမခံရဲဘူးမဟုတ်လား။ ပြေးပေါက်မရှိအောင်လဲ လေဆိပ်မှာ ချိပ်ပိတ်ထားပြီးသား။ ပါ့စပို့သက်တမ်းတိုးပေးမထား။ အသစ်လုပ်ပေးမထား။ အကုန်စေ့ထားတာ။ တပ်တစုံလုံး အုံမကြွမချင်း အာဆတ်ခြေနင်းစရာမလို ပူတင်ကို ခိုစီးထားရုံ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar