Breaking News

နေဘုဏ်းဝေ - မင်းဘာဖြစ်ချင်တာလဲ မာရ်နတ်


Art by KT#
မင်းဘာဖြစ်ချင်တာလဲ မာရ်နတ်
နေဘုဏ်းဝေ
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၄

မင်းက ဘုရားဖြစ်ချင်တာလား
မင်းက ရောင်ခြည် လွှတ်ချင်တာလား
ကွဲကွဲပြားပြားမသိသေးခင်
မင်းပြောတဲ့ တန်ခိုးဣဒ္ဓိပါဒ်မှာ သွေးတွေရွှဲလို့။ 

အလိုရမ္မက်ကြောင့် ပလ္လင်လုတာလား
တပ်မက်မှုကြောင့် ဓားမိုး လှံမိုး ရွာနေတာလား
သဲသဲကွဲကွဲမသိနိုင်သေးခင်မှာ 
မင်းပေးတဲ့ ထူးမြတ်ခြင်းတရားမှာ အသက်တွေကြွေလို့
မင်းဘာဖြစ်ချင်တာလဲ မာရ်နတ်။ 

( ၁၀ - ၁၂ - ၂၀၂၁ )
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar