ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တရုတ် ပလေးတာနဲ့ ဆုတ်မပြေးဖို့
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တရုတ် ပလေးတာနဲ့ ဆုတ်မပြေးဖို့
မိုးမခ ၊ မတ် ၂၃ ၊ ၂၀၂၅
စကခ ၆ မှာ ခံစစ်ပြင်နေပတဲ့။ နေပူတော်မှာရှိတဲ့ စစ်ကြောက်ချုပ် ၆ လေ။ ခြောက် ခြောက် ခြောက် ကြောက် ကြောက် ကြောက် ဆိုတာပေါ့။ ဒေါက် ဒေါက် ဒေါက်တောင် မလုပ်ရသေး။ သရေကြိုးဟာ ခုတော့ လမ်းများအားလုံး နေပြည်တော်သို့ကို လက်ခံလိုက်ပြီပေါ့။ အင်း ကပ်ကြံ ထပ်မံအာဏာသိမ်းမယ်ဆို အဲတပ်ကဘဲ သိမ်းလို့ရမယ်နော်။
တခြားတပ်တွေက အနားကပ်လို့မှ မရတာ။ အဲတပ်မမှူးက မအလဖင်ဝကို ခြေမနဲ့ ကလော်လို့ရတဲ့အဆင်ကြီးနော်၊ တကယ့် သောက်ဆင်ကြီး။ မြန်မာ့ကယ်တင်ရှင် သေနကျော်ထင်ဘွဲ့ ရနိုင်တဲ့နေရာကြီးကဘဲ။ သရေကြိုးကို ပုလွေရိုးနဲ့ ထိုးလို့ရတဲ့ တခုတည်းသော တပ်မဗျ။ သရေကြိုးတသိုက် ကုန်းကိုက်ရာ အဲလေ ရုံးစိုက်ရာမှာ ခံစစ်ကို ရှယ်ပလန်နဲ့ ပြင်နေပြီဆိုတော့ သဘောပါကြတယ်မဟုတ်လား။ အဲလို ခြေနေဆိုးမှာ ဘယ်သူ့မှ မယုံတဲ့ သရေကြိုးက အနိုင်ကိုက်နိုင်တဲ့ကောင် အမြီးရှည်အောင် ဆက်ပေးမယ်၊ နောင်ရေး စိတ်အေးရအောင်လဲ သမီးတော်နဲ့ လက်ဆက်ပေးမယ်ဆိုပြီး ကုလားဖန်ထိုးပြီ။ အဲလေ စစ်ရှုံးဘုရင်ဇာတ် ခင်းပြီ။ သူလဲ သူလိုချင်တဲ့ အကာအကွယ်ရ၊ သူ့သမီးလဲ သူလိုချင်တဲ့ယွကျားရ၊ ခွေးတွေလဲ တကောင့်အမြှီး တကောင်နင်းနေကြရင် သူ့ရည်ရွယ်ချက်အထမြောက်၊ နိုင်အောင်မကိုက်နိုင်တဲ့ကောင်တော့ သူ့သားခြေဖဝါးအောက် အသက်အာမခံကြေးပါ ပျောက်သွားမယ်ဆိုတဲ့ တချက်ခုတ်ငါးချက်ပြတ်အကွက်။ ရီးဖြဲလျက်တဲ့ ဘီးကြဲကွက်။ လူတကာနှက်တဲ့ ကြူအာကွက်။
သရေကြိုးဟာ ကြွက်သခင်ငပွေးဆီက ပြန်လာကတည်းက သူ့ခွေးတွေကို ချီးပြလိုက် ရီးပြလိုက်လုပ်နေသလို ပီဒက်တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေကိုလဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ မလုပ်ဖို့ မှာကြားလိုသလေး ဘာလေးလဲ အတည်ပေါက်လုပ်နေတယ်။ ချီးဆော်နံတွေ အသံဆိုတာပေါ့။ ခွေးသွားကြားကလေ ဆိုတော့ အီးနံ့ဘဲ ထွက်တာ မဟုတ်လား။ အမယ် မသိရင် သူ့နှုတ်သီးဖြတ်ရိုက် သူ့အမြှီးမီးဖုတ်လိုက် လုပ်နေသူတွေကို သူ့လက်အောက်က နယ်ခြားစောင့်တပ်တွေလိုလို။ လူစည်စည်ဆို အမြှီးလေးမြှောက်မြှောက်ပြီး အီးပေါက်ပေါက်ပြနေတုန်း။
မအလ ဆိုတဲ့ကောင်က ဆော့ဝဲနဲ့ ဆန်ရှင် မကွဲသလို သူ မသိတာတွေ စောက်ခွက်ကျောက်ကျောကြီးနဲ့ ရွှီးတတ်သလို တချက်တချက်တော့ ဘဝပေးအသိနဲ့ ထထအူတတ်တာမျိုးလဲ ရှိတယ်။ ဥပမာ ဒီမိုကရေစီ ထူထောင်ဖို့ အသိဉာဏ်ပညာပြည့်ဖို့ လိုတယ်တို့ ဆိုတာမျိုးပေါ့။ အဲဒါဟာ ခွေးအလုပ် မဟုတ်မှန်းတော့ သိတယ်လေ။ ခင်ဗျားတို့လူတွေ လုပ်ဖို့ အကြံပေးချင်တယ်ဆိုတာမျိုးပေါ့၊ သလို လူတွေဘက် လှမ်းအူအူပြလိုက်ရင် ခွေးချင်းကျ သိပ်အထင်ကြီးတယ် မဟုတ်လား။ သူက ခွေးကြောကျွမ်းတယ်လေ။ ခွေးကျေနပ်အောင် လုပ်တတ်တယ် ပြောရမယ်။
ဟော ခု ခြံစောင့်ကောင်းကောင် အဟောင် အအူကောင်းတဲ့ ကောင်တွေကို ဇေယျကျော်ထင်ဘွဲ့ပေးသတဲ့။ အမှန်က သူမကျေနပ်တဲ့ကောင်တွေကို တဖက်လှည့်နဲ့အသေသတ်တာ။ ဘွဲ့နဲ့မတန်ရင် အသက်ဆိုတယ်လေ။ အဲတော့ ဘွဲ့ပေးလိုက်ရင် ပြုတ်ချင်ပြုတ် မပြုတ်သေ။ ဘာ့ကြောင့်ဆို ဇေယျကျော်ထင်ဆိုတာ သေမှဖော်ပင်ဘွဲ့ မဟုတ်လား။
ခုဆို ဘုရားဒဂါက သံဃာနဲ့ပြည်သူကိုသတ်ဖို့ ဗုံးကုန်ငါးဆ တိုးမြှင့်ကြဆိုပြီး ဓာတ်မြေဩဇာစက်ရုံတွေမှာ အမိုနီယမ်နိုက်ထရိတ်ငါးဆတိုးထုတ်ခိုင်းနေသတဲ့။ အင်း ခုမှဘဲ ကပစတွေအရင် ဓာတ်မြေဩဇာစက်ရုံတွေကို ရှင်းရမယ်ဆိုတာ သဘောပါတော့တယ်။ အဲဒါတွေကတော့ အမှတ်- ၁ ဓာတ်မြေသြဇာစက်ရုံ စလေ၊ အမှတ်-၂ ဓာတ်မြေသြဇာစက်ရုံ ကျွန်းချောင်း၊ အမှတ် - ၃ ဓာတ်မြေသြဇာစက်ရုံ ကျော်စွာ၊ အမှတ် - ၄ ဓာတ်မြေသြဇာ စက်ရုံ မြောင်းတကာ၊ အမှတ် - ၅ ဓာတ်မြေသြဇာစက်ရုံ ကန်ကြီးထောင့်တို့ ဖြစ်ပါသတဲ့။ ပုဂ္ဂလိက စက်ရုံတွေလဲရှိသေး၊ သူတို့နဲ့ သူတို့ဘောမတွေဘဲ ပိုင်ဆိုင်ကြတာဆိုတော့ သူတို့လဲ အတူတူနဲ့ အနူနူဘဲ ရှိတော့မပေါ့။
မအလနဲ့အပြိုင် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တချို့ဟာ ငွေကြေးမသမာမှုတွေလုပ်ပြီး စစ်သားစုဆောင်းခဲ့တယ်လို့ သရေကြိုးကိုးကွင်းက ခွေးလိမ္မာယောင်ဆောင်ပြလာတယ်။ သူတို့က အမြှီးဘဲ နန့်ခိုင်းတာပါ၊ မဟပ်ခိုင်းပါဘူးပေါ့၊ မကိုက်ခိုင်းပါဘူးပေါ့။ ရပ်ကွက်ထဲ အလစ်ဝင်မဆွဲခိုင်းပါဘူးပေါ့။ နောက်ဖေးပေါက်ကဝင်ပြီး ခွေးသူခိုး မလုပ်ရလို့ စာထုတ်ထားပါတယ်ပေါ့လေ။ ခွေးလည်ကျချင်တာ။ မသိရင် ခွေးကဘဲ စာဖတ်တတ်သလိုလို။ လူတွေအတွက်လဲ ခွေးသတိပြုဆိုပြီး စာကပ်ထားသလိုလိုမျိုး ခွေးရူးကွက်နင်းနေတာ။ အဖြူရောင် စစ်မှုထမ်းဥပဒေလေးပါပေါ့ကွယ်။ စိုးဝင်းဆိုတဲ့ကောင် သူ့ရုပ်ကြီးနဲ့မှ မလိုက်။ နွဲ့ချက်။ ခုမှသိတော့တယ်၊ သူ့မျက်နှာဂျောဂျီးဂ မာမီကီးနဲ့ သေချာတင်းထားဒယ်ဆိုဒါ။
သရေကြိုးနှစ်ကောင်က တကောင်က ဟောင်ရင် တကောင်က အူလိုက်နဲ့ အပြန်အလှန် မူစကူဒူးနေကြတယ်။ အရွယ်သုံးပါးမရွေး လူပေါက်စေ့ ဒုက္ခပတ်ပေးနေကြတာလေ။ ခုလဲ ကလေးတွေကို နွေပြောင်ပြောင် နေခေါင်ခေါင်မှာ ကျောင်းတက်ရမတဲ့။ အရှုံးမပေးနဲ့ ကြိုးစားဆိုပြီး ဆရာခြိမ့်တော်ကီတွေပတ်လွတ်နေတယ်။ ပြီးရင် အလစ်မှာ စစ်ဘောထမ်းဖို့ ဆွဲမယ့်ဇာတ်ခင်းနေတာ။
တခါ လူတွေဆို အဝတ် ဝတ်တယ်၊ ဖိနပ်စီးတယ်ဆိုပြီး ဟူးမန်းတွေကို အားကျတဲ့ လေသံကြီးနဲ့ပြောပြီး သူ့ဘောမ ခြေလေးချောင်းငတိုအုပ်စုကို ဖိနပ်လုပ်ရောင်းဖို့ ပြောသတဲ့။ လူ့ဈေးကွက်ကြီးက အကျယ်ကြီးဆိုကဘဲ။ အဲလိုတွေ လျှောက်အူရမယ်ဆိုရင် သရေကြိုးနှစ်ကောင်လုံး ချီးမေ့ သေးမေ့။
စကားမစပ် လားရှိုးလူထုကတော့ တရုတ် ပလေးတာနဲ့ ဆုတ်မပြေးဖို့ မြနန္ဒာအေးအောင်ကို ပြောနေလေရဲ့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar