Breaking News

မောင်သော်တာ - ဘယ်ဘဝတုန်းက ငှက်ဖြစ်ခဲ့ပါလိမ့်

Art by Aung Htet
ဘယ်ဘဝတုန်းက ငှက်ဖြစ်ခဲ့ပါလိမ့်
မောင်သော်တာ
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၅
 
မှားမှာပဲ အပြစ်မရှိဘူးဆိုတော့ မလွယ်လွန်းဘူးလားလက်ခုပ်ထဲကရေတွေလိုပဲ 
အားလုံးကိုငြင်းဆန်ခြင်းနဲ့ကြီးပွားကျော်ကြားလာခဲ့တယ်
ဆံပင်ရှည်တွေထဲမှာ တော်လှန်ရေးအဓွန့်ရှည်ပါစေရယ်လို့ လျှာကိုထည့်ခွေပြီး
လက်ခုပ်ထထတီးပေးဖို့က မခက်လွန်းဘူးလား မီးနင်းပွဲထဲက မီးကျဲရဲရဲတွေဟာ ကိုယ့်ရဲဘော်တွေပေါ့ ဟုတ်လား
ညီအစ်ကိုလို့သိတော့ရော သူကသူ့လမ်းသူလျှောက်မယ်
ညီအစ်ကိုမှန်းမသိဘူးကွာ သူ့လမ်းသူ မလျှောက်ရဘူးလား
ရွှေပွဲလာရဲ့လက်ခုပ်သံ ကိုယ်တို့ပဲ  ရဲရဲတောက်မီးခဲတွေ လေတိုက်မခံတာ ကိုယ်တွေပဲ
တိုက်စရာရှိရင် ကိုယ်တို့ပဲမုန်တိုင်း ကိုယ်တွေပဲငလျင်
မြေအောင်းပြီးတုန်ခါနေခဲ့တာကြာပြီ
လွတ်မြောက်နယ်မြေမရောက်သေးတဲ့ငှက်ဟာ ကိုယ်ပါ
ကိုယ့်တောင်ပံဟာကိုယ့်ရဲ့ကွန်ချာပဲ
ကိုယ့်စားကျက်မှာ ကိုယ်ဟာ ညွှတ်တွေလို ကိုယ့်အမွှေးကိုကိုယ် ခါခါချပြီး
ကိုယ့်ရဲ့ ဖိုသံပေးတဲ့သီချင်းထဲ ကိုယ်ကိုယ်တိုင်လူးလွန်နေခဲ့တယ်
ဖြိုဖျက်ခြင်းတွေကလည်း အနုပညာဆန်ဖို့လိုတယ် အရင်ဆုံး အပြိုအပျက်တွေထဲကကိုယ်လွတ်နေဖို့ 
ရပ်တည်ရာ ရှာပြီးပေါ့
လူရှိလား လူရှိလား ဟင့်အင်း ငှက်တွေပါ အုပ်စုဖွဲပျံသန်းမှုကိုဖျော်ဖြေတင်ဆက်နေခြင်းပါ
လေတိုက်နှုန်းတွေ အပူချိန်တွေ အလင်းအမှောင်တွေ အရောင်အနုအရင့်တွေကိုဇာတ်ခုံပေါ် ခင်များကိုယ်တိုင်ဆွဲတင်ခဲ့ပါ
မသိမှုတရားဟာ စိတ်ကူးနဲ့လွတ်လပ်ပါလိမ့်မယ် 
တကိုယ်တကောင်လုံးကိုမီးမြှိုက်ပြီး အလင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောဖို့ပေါ့
ခက်တာက မလွတ်မလပ်သေးတဲ့ဘဝတွေနဲ့ အမျှဝေပေးနေရတဲ့ကိုယ်တွေပါ

April 15, 2025

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar