Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မျောက်မင်းအူသံ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မျောက်မင်းအူသံ

မိုးမခ ၊ ဇွန် ၂၈ ၊ ၂၀၂၅


စောက်ပုလဲ နျူကလီးယားလျှပ်စစ်ကနေ နေအားလျှပ်စစ်လုပ်ဖို့ ပြောပြီး မိသားစုလိုက် လစ်ဖို့တော့ ပြင်နေပြီ။ ဒါထဲက နိုင်ငံရေးကနေ ဘယ်တော့မှမထွက်ဘူးလို့ကလnf; ဘီလူးရိုးခံရတဲ့မျောက်လို ကြောက်ကြောက်ခုန်ခုန် တုန်တုန်နဲ့နဲ့အူသေးတာ။ 

အင်း ဒီမျောက်နာ အမြန်ဂန့်မှ၊ မဟုတ်ရင် လေတပ်က သောက်ရူးတွေလက်ချက်နဲ့ မြန်မာပြည်အမွေအနှစ်အဆောက်အအုံတွေ လက်မှုပစ္စည်းတွေ ကုန်တော့မယ်။ ရှေးဟောင်းပုထိုးစေတီ ကျောင်းကန် အိမ်အိုကြီးတွေ ဘာသာရေးအဆောက်အုံမျိုးစုံ ကြွေမွပြာကျဖြစ်ကုန်ပြီ။ 

လနာ မသာ ငတာက ခု မဲစာရင်းလိမ်လို့ ထိန်းတာ၊ မဲစာရင်းမှားလို့ သိမ်းတာမဟုတ်တော့ပြန်ဘူး။ အင်း မဟုတ်ဆို သူလဲ ဘာမဲစာရင်းမှ ရှင်းအောင်လင်းအောင်မလုပ်နိုင်ဘူးလေ။ မလုပ်နိုင်ဆို ရှုပ်အောင် မရှင်းအောင် အမယ်ဘုတ်ကဲ့သူ့ချည်ခင် သပွတ်အူဘုရင် ဖြစ်အောင် လုပ်ထားတာလဲ သူတို့ဘဲကိုး။ ခုတော့ တပ်နဲ့ ဆက်ဆံရေးအဆင်မပြေလို့ သိမ်းရပါတယ်ဖြစ်ပြန်ပြီ။ မသိရင် တပ်ကဘဲ ဆက်ဆံရေးလုပ်ငန်းကို ကန်ထရိုက်ယူထားသလိုလို။ သူပြောနေတဲ့ နိုင်ငံရေး စီးပွားရေး ရွေးကောက်ပွဲရေး သေးပေါက်ပွဲအရေးတွေ မှန်သမျှ တပ်နဲ့ဆိုင်တာ တခုမှမရှိဘူး။ဗိုလ်ချုပ်တို့ တပ်ချုပ်တို့ဆိုတဲ့ကောင်တွေက ဖာရုံကွန်‌ဒုံး‌ဖြန့်တာကအစ တပ်ပိုင်လုပ်ငန်းထင် ဝင်ဝင်စွပ်ပေးချင်နေတာကပြဿနာ။ အင်း ခု မျောက်နာဟာ သူ့အမြှီးနဲ့သူ တိုင်ပတ်နေတဲ့သဘောပေါ့လေ။

မျောက်နာရဲ့ သဟောက်သဟာ မောက်မောက်မာမာပြောတဲ့ လက်နက်ချ လက်နက်ချဆိုတာလဲ ကိုင်ထားတဲ့လက်နက်ကို ချခိုင်းတာမဟုတ်ဘူးတဲ့နော်။ တကယ်က ဘာဆိုဘာမှ ‌မမောက်မာရဲတော့ဘူးတဲ့။ လက်နက်ချ လက်နက်ချဆိုတာ လက်နဲ့ချ၊ လက်နဲ့ပဲချ၊ ဟိုဟာနဲ့ မချပါနဲ့ပေါ့။ ဟိုဟာဆိုတာ ဟိုဟာကိုဆိုလိုတာမဟုတ်ပါဘူး။ ဒါးတို့ ဒုတ်တို့ သေနတ်တို့ကို ပြောတာပါ။ အဲဒါတွေနဲ့ မချပါနဲ့လို့ပြောတာလေ။ ဒီကောင်က စကားမပီတော့ မီဒီယာတွေက ထုံးစံအတိုင်း လက်နက်ချခိုင်းတယ်ဘဲထင်ပြီး မှားရေးနေကြတာ၊ အထင်ကြီးမိတာလဲ ပါတာပေါ့လေ။ တကယ်က အဲလို မဟုတ်ဖူး လက်နဲ့ချဖို့ပြောတာတဲ့။ သူနာလှပြီပေါ့လေ။ လက်လက်ချင်းချမှာလဲ မဟုတ်ဘူးနော်။ အဲသလိုသတ္တိမျိုးကလဲ ရှိတာမဟြတ်ဖူး၊ ဘုရားစူးစစ်တပ်။ သူ မခံနိုင်တော့လို့ လက်နဲ့ဘဲချပါ၊ ဟိုဟာနဲ့ မချပါနဲ့ပေါ့။ အိမ်း မပြောလို့ကလဲ မရတော့ဘူးလေ။ ငပိန်းဖမ်းရေး ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဆွေးနွေး ဟေး ဟေး ဟေးလို့ ဖင်ကုန်းအော်မနေလို့ကလဲ မရတော့၊ ရဲဘော်တွေက နေပြည်တော်နားထိ ဂိတ်ချ စစ်လားဆေးလား မေးလားမြန်းလားလုပ်နေကြပြီလေ၊ မကြာခင် အမြန်လမ်းပါအခွန်စည်းကြပ်ကြတော့မှာမဟုတ်လား။ ခုဆို PDFတွေကိုပါ ကြွလာခဲ့ပါပင့်နေရတော့ သူ့ဘောမတွေတောင် ရွာလည်ကုန်ကြတယ်။ မရပ်မနားလည်နေမဆိုးလို့ထင်ရဲ့၊ NUGခများတော့ တိုက်ရိုက် မလုပ်ရဲသေးဘူး။ တဖက်လှည့်နဲ့ PDFတွေ ဘာတွေနဲ့ ခြေဆင်းတာပေါ့လေ။ ပဒက်‌တွေဘာတွေ မခေါ်ရဲတော့ဘူး။ ဟိုကောင် ဘူးလက်ပါ PDFတွေကို မချေမငံတွေဆက်ပြောရင် အမြှီးချိုးခံရတော့မယ့်အဆင့်။ မဘသတွေပါ အဟင့်အဟင့်တွေ ဖြစ်ကုန်ကြပြီ။ အဲဒီထဲမှာ ကိုကိုကြီးကတော့ တဘာသာ။ မှားကွက်ဖာ ဖားကွက်ရှာတတ်တယ်။ ပစ်တာနဲ့စာရင် ပြောတာကောင်းဘူးလားတဲ့။ ဘယ်ကရလာတဲ့အလုံးလဲ မသိဘူး။ မျောက်မင်းအူသံဗားရှင်းအသစ်။ ဟိုက ခေါင်းပစ်ပြီး အာဏာထိန်းသိမ်းတာဟဲ့ လဘာဂျာစိမ်းပိန်းရဲ့လို့ သွားပြောမနေနဲ့။ သူ သိပြီးသားတွေ။ ခုဟာ  သူတို့ဇာတ်ပေါင်းခန်းရောက်နေတာ။ စစ်အုပ်စုနဲ့ တိတ်တိတ်ပတ်သက်ခဲ့သမျှလူတွေ အကျင့်ပျက်ချစားတွေ ခေတ်ဆိုးကြီးထဲ ဒူးနန့်နေသူတွေအကုန်လုံး ဇာတ်ပေါင်းခန်းရောက်လို့ စင်ပေါ်ပြုံတက်လာကြတာ။ မအလက လူကုန်ထုတ်ရှိုးတာ။

အမယ်‌ ‌ဒီရက်ပိုင်း ဒေါ်စု မသိဘူးဆိုတာတွေကို တစိတ်တအိတ် လုပ်နေကြတာရှိသေးတယ်။ ဒေါ်စုက သူ့မှတ်ပုံတင်နံပါတ် မသိလို့တဲ့။ သိစရာလား၊ အဲဒါက အသစ်လေ။ အဟောင်းတုန်းကဆို ဒေါ်စုလက်ထဲ မှတ်ပုံတင်မရှိတော့အောင် နည်းမျိုးစုံနဲ့လုပ်ခဲ့ကြတာ နေဝင်းလက်ထက်ကထဲက။ ဒေါ်စုလို မြန်မာနိုင်ငံသားဘဝကို တရက်မှ မစွန့်လွှတ်ခဲ့၊ သူ့မှတ်ပုံတင်ကို မျိုးစုံဒုက္ခပေးခံခဲ့ရသူတယောက်ကို မှတ်ပုံတင်နံပါတ်မသိလို့ ဆိုပြီး ဖွဲ့နွဲ့နေကြသေးတယ်။ နိုင်ငံကို တကယ်မချစ်ပါဘူးဆိုတဲ့ သာဝအကွက်ကြီးနက်ပေါ့၊ ဗက်ဟက်ဟက်လို့ ရီရမလို။ ပြီးတော့ NUG တို့ ဘာတို့လဲ သိစရာလား၊ သူ့ဖမ်းထားပြီးမှဖြစ်တာမှန်သမျှ သိစရာလား။ သိစရာရောလိုလို့လား။ အဲဒါကို ဒေါ်စုက ဒီအဖွဲ့တွေကို အသိအမှတ်မပြုသယောင် လုံးချပြီး ဝုန်းကြတာများဆိုရင် အာဏာသာ ဒေါ်စုလက်ထဲကလုလုထားကြတာ၊ ဒေါ်စုအရိပ် ပြေးပြေးခိုကြတာလဲ မြင်မကောင်းဘူနော်။ သူတို့နဲ့ချည်းဖျာပြည့်နေပြီ။ အင်း ကိုယ့်ဘက်မလဲ မျောက်မင်း၊ အဲ အဲ စန္ဒာမင်းတို့ရှိတော့ အူသံတွေ ကြားရတာပေါ့လေ။

ဒီကြားထဲ ဒီလို ပစောက်တွေလဲ ထိန်းကြအုံးဟ။ မကွေးဒေသပညာရေး ညီလာခံတက်ရောက်လို့ ဂန့်ဂေါမြို့နယ်က CDM ဆရာ တစ်ဦးကို ပအဖ ပကဖတွေက  ခြိမ်းခြောက်သတဲ့၊ အဲလို ပစောက်တွေတော့ ထိန်းကြနော်။ ဒါမျိုးကြားရရင် မနောပျက်တယ်။

မကွေးပညာရေး ညီလာခံ မကျင်းပခင်ကတည်းက  ညီလာခံကို မတက်ရောက်ဖို့ ဂန့်ဂေါမြို့နယ် ပညာရေး ဘုတ်အဖွဲ့တာဝန်ခံက တားမြစ်ခဲ့သေးတယ်လို့ သိရတယ်။ ညီလာခံ တက်ရောက်နေစဥ်မှာတော့ ဂန့်ဂေါမြို့နယ်က CDM ဆရာကိုယ်စားလှယ် တယောက်ကို အနီးကပ်စောင့်ကြည့်တာ လုပ်ခဲ့တဲ့အပြင် အဲဒီညီလာခံကို မတက်ရောက်ဖို့ အတင်း ဖိအားပေးတာတွေပါ ခံခဲ့ရတယ်လို့ ညီလာခံမှာ ပါဝင်တဲ့ ကိုယ်စားလှယ်တွေဆီကနေတဆင့် သိရတယ်တဲ့။ " ညီလာခံတက်နေတုန်း အဲ့ဒီ ဆရာ စကားပြောနေရာကနေ ချက်ခြင်းရပ်သွားတာ။ နောက်မှ ခြိမ်းခြောက် စောင့်ကြည့်တာတွေ လုပ်နေလို့ အခုလို ဖြစ်ရတာလို့ သိရတယ်။ ဘယ်လောက်ခြိမ်းခြောက်ခံရလဲဆိုရင် စကားပြောသံမှာတောင် ငိုသံတွေ ပါလာတယ်'' လို့ ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်တဦးက မြို့တော်သတင်းဌာနကို ပြောပါတယ်တဲ့။ အတော့်ကို ဆိုးလွန်းပါတယ်။ ဒီလို ပညာရေးတာဝန်ခံတို့ ပသုံးလုံးတို့က CDM ဆရာ ဆရာမတွေ၊ ဗော်လန်တီယာဆရာ ဆရာမတွေအပေါ်  ခြိမ်းခြောက်တာတွေ အညာဒေသအနှံ့ မကြားချင်အဆုံးပါ။ ဒါတောင် CDM ကာကွယ်တဲ့ဥပဒေက နေ့ချင်းညချင်း ရေးထားကာစရှိသေးတာ။ ကိုယ့်ဥနဲ့ ကိုယ့်ပဒေသာ သေချာကိုင်ပါလေ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar