ကိုသန်းလွင် - ထူးဆန်းသော ကျောက်ကပ်ရောဂါ
ကိုသန်းလွင် - ထူးဆန်းသော ကျောက်ကပ်ရောဂါ
မိုးမခ ၊ ဇူလိုင် ၁ ၊ ၂၀၂၅
(၁)
၁၉၉၀ နောက်ပိုင်းကျသောနှစ်များတွင် ပစိဖိတ်ကမ်းခြေ အယ်ဆာဗာဒေါနိုင်ငံ (El Salvador) ၌ အမျိုးအမည်မသိသောရောဂါကြောင့် ကျောက်ကပ်များ အလုပ်မလုပ်တော့သည့် ဖြစ်ရပ်များဖြစ်ပွားခဲ့ပါသည်။ စီကေဒီယူ (Cronic disease of unknown cause CKDU) သည် အသက် ၂၀ နှင့် ၅၀ နှစ်ကြားအရွယ် ယောက်ျားများတွင် ဖြစ်ပွားသည်။ အများစုမှာ စိုက်ပျိုးရေးလုပ်သားများဖြစ်ပြီး ကျောက်ကပ်ရောဂါဖြစ်ပွားရန် အကြောင်းမရှိသည့် လူများတွင် ဖြစ်သည်။ ယောက်ျား လေးယောက်တွင် တစ်ယောက်ဖြစ်ပွားပြီး တကမ္ဘာလုံးဆိုသော် လူ ၁၀ ယောက်လျှင် တစ်ယောက်နှုန်းရှိပါသည်။ အယ်ဆာဗာဒေါတွင်မူ ၁၇ % ခန့်သော ယောက်ျားများတွင် ဖြစ်ပွားခဲ့သည်။
ဤထူးဆန်းသော ရောဂါသည် ဤနိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ဒါဇင်ဝက်ခန့်ထက်မနည်း ဖြစ်ပေါ်လျက်ရှိသည်။ အမေရိကတိုက်အလယ်ပိုင်းနှင့် အခြားနေရာများ၌ ဖြစ်ပွားနေသော်လည်း ဒေတာ များရယူရန် ခက်ခဲပါသည်။ လူထောင်ပေါင်းများစွာ ဤရောဂါနှင့် သေဆုံးခဲ့ပြီးထိုအရေအတွက်သည် တိုးပွားနေပါသည်။
(၂)
၂၀၀၇ ခုနှစ်တွင် စီကေဒီယူ ရောဂါကာကွယ်ရေး အေဂျင်စီတစ်ခုကို ဆန်ဆာဗာဒေါမြို့တွင် ဖွင့်လှစ်ခဲ့ သည်။ ၂၀၂၃ ခုနှစ်တွင်မူ ၎င်း၏ ရုံးခွဲတစ်ခုကို ဘာဂျိုလမ်ပါ Bajo Lempa မြို့၌ ဖွင့်လှစ်ခဲ့သည်။ လူများသည် ရောဂါ၏ လက္ခဏာများကို သိကြသော်လည်း ကနနီဦး က ဆေးရုံတွင် မည်သည့်အကူအညီမျှ မရကြပါ။ ကာ ကွယ်မှု၊ ဒိုင်ယာလစ်စင် (Dialysis)၊ ဆေး စသည့်အကူအညီတစ်ခုမှ မရကြပါ။ လုပ်သားအများစုမှာ အလွန် ပူလောင်သော ရာသီဥတု၊ အနားမရခြင်း၊ အစာအာဟာရ မလုံလောက်သော ဒုက္ခမျိုးစုံ ကြုံကြရပါသည်။ ယခုနှစ် မေလရောက်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဦးဆောင်မှုကော်မတီမှ ဤရောဂါဖြစ်ပွားရမှုကို အသိအမှတ် ပြုနိုင်ခဲ့သည်။ ဤရောဂါသည်အလုပ်သမားအများအပြားသေဆုံး ရခြင်းအတွက် တာဝန်ရှိသည်ဟုဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။
လွန်ခဲ့သော အနှစ် ၂၀ ခန့်မှစ၍ လုပ်သားများသည် လုပ်ငန်းခွင်တွင် အနားမရခြင်း၊ သွေးထဲတွင်သွေးနီဥ လျော့နည်းခြင်း၊ မိုက်ခနဲ ဖြစ်ဖြစ်သွားခြင်း စသည်တို့ကို သတိထားမိကြသည်။ သူတို့အများစုမှာ ကြံခုတ် လုပ်သားများ ဖြစ်ကြသည်။ အချိန်အကြာကြီး အလုပ်လုပ်ရမှု၊ ရာသီဥတု ပူပြင်းမှုတို့အပေါ် အပြစ်တင်ကြသည်။ တခါတရံ သူတို့ လုပ်ရသည့် အလုပ်နှင့် လျော်ညီသော အာဟာရဖြစ်စေသည့် အစားအစာများကို မစားရခြင်းများ ရှိခဲ့ကြသည်။ သောက်သုံးရန်ရေလည်း အလုံအလောက် မရှိကြပါ။
အချို့သောဝေဒနာရှင်များမှာ အိပ်ရာထဲမှ မထနိုင်သော အခြေအနေကို ခံစားလာကြရသည်။ အိပ်ရာထဲတွင် လဲနေမှ တအံ့တသြ အပူတပြင်း ဆေးကုသမှုကို ရှာဖွေရတော့သည်။ ဆေးရုံသို့ကားနှင့် ခေါ်ဆောင်၍ စစ်ဆေးသောအခါတွင် သူတို့ကျောက်ကပ်မှာ အလုပ်မလုပ်တော့ကြောင်း သိရှိရသည်။ သူတို့ကိုယ်ခန္ဓာများမှာ ရောဂါဖြစ်စေသော အဆိပ်ဓာတ် (toxin) များကို သွေးထဲမှ ခွဲမထုတ်နိုင်တော့ပေ။ အဆိပ်ဖြစ်သော ယူရစ်အက် ဆစ်၊ ပိုလျှံသော ရေတို့ဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် ရေပိုရေလျှံများ ပေါများလာသောအခါ အဆုတ်များ၌လူ ကောင်းများကဲ့သို့ လေမခိုအောင်းနိုင်တော့ပေ။ နှလုံးခုန်ရန်အတွက်ပင် နှလုံးက မနည်း အားစိုက်ထုတ်ရသည်။ ထိုအချိန်တွင် ဒိုင်ယာလစ်စစ် (dialysis) ဖြင့်သွေးကို သန့်စင်ခြင်းမပြုနိုင်ပါလျှင် လူသည် သေဖို့ပဲရှိပါတော့သည်။
ကျောင်းသုံးစာအုပ်များက ကျန်းမာပြီး သွေးသားဖွံ့ဖြိုးသော လူတစ်ယောက် ကျောက်ကပ်ပျက်စီးရခြင်းမှာ အကြောင်း ၃ မျိုးကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဆီးချိုရောဂါ မြင့်တက်လာသောအခါမှာ ဖြစ်စေ၊ သွေးတိုးလွန်သောအခါမှာဖြစ်စေ၊ ကိုယ်ခန္ဓာ၏ ခုခံအားလျော့နည်းကျဆင်းသောအခါမှာ ပျက်စီးနိုင်ပါသည်။ ထိုလက္ခဏာများ မရှိပါဘဲလျက် ကျောက်ကပ်များ ပျက်စီးရခြင်းမှာ အစ ပထမတွင် ပဟေဠိသဖွယ် ဖြစ်နေသည်။
၂၀၀၂ ခုနှစ်က ရောဂါနှင့်ပက်သက်၍ ရီပို့ ရေးကြသောအခါ ဤကျောက်ကပ် ပျက်စီးသော ရောဂါသည် အယ်ဆာဗာဒေါ တစ်နိုင်ငံတည်း၌သာ ဖြစ်နေသည်ဟု ရေးကြသည်။ ကြံစိုက်ပျိုးခင်းမှ ကြံခုတ်သောလုပ်သားများတွင်သာ တွေ့ရသည်။ ထို့နောက်မှ မက်စီကို၊ ပနားမား၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဤရောဂါဖြစ်ပွားနေကြောင်း သိကြရသည်။ ရောဂါဖြစ်ပွားရခြင်းမှာ ပိုးသတ်ဆေး၊ Heavy metal နှင့် အခြား ပက်သိုဂျင်များနှင့် အတူ အဓိက အပူဒဏ်တို့ကြောင့်ဖြစ်ပါသည်။
လူတို့သည် ခန္ဓာကိုယ်၏ အပူချိန်ကို ၃၆-၃၇°စီ အတွင်းရှိအောင် ထိန်းသိမ်းထားကြသည်။ ထိုအပူချိန်အတွင်း ရှိနိုင်ရန် ခန္ဓာကိုယ်က နည်းမျိုးစုံ သုံး၍ ထိန်းထားခြင်းဖြစ်ပါသည်။ စွမ်းအင်များစွာ ကိုပုံစံအမျိုးမျိုး နှင့် အအေးဓါတ်ကိုထိမ်းသိမ်းပါသည်။ ကိုယ်ခန္ဓာသည် ပူလောင်လာသည့်အခါ ကိုယ်ခန္ဓာမှ သွေး Vessel များသည် ကျယ်ပြန့်လာကြသည်။ ဤသို့ ဖြစ်ခြင်းမှာသွေးကို ကိုယ်ခန္ဓာ ၏အဓိက အစိတ်အပိုင်းများ ခြေ၊ လက်နှင့် ပြင်ပ အစိတ်အပိုင်းများရှိ သွေးများသည် ကျယ်ပြန့် ( Dilate) လာသည်။ ဤသို့ဖြစ်ခြင်းကို Vasodilation ဟု ခေါ်ပါသည်။
ဤဖြစ်ရပ်က သွေးကို အဓိကအစိတ်အပိုင်းများနှင့် အရေပြားသို့ မရောက်ရန် တားမြစ်သည်။ ထိုအခါ ဝင်လာသောအပူသည် ပျံ့လွင့် (dissipate) လုပ်ပြီး ကိုယ်ခန္ဓာကို အေးစေပါသည်။ အပူချိန်မြင့်တက်လာချိန်တွင် အရေပြားရှိ ဂလင်းများက ချွေးကို ထုတ်ပေးသည်။ ပန်ကာလေ (သို့) တိုက်ခတ်လာသော လေအေးက ကိုယ်ခန္ဓာကို အေးစေသည်။ လေထဲမှာ ရေငွေ့ရှိနေပြီး (high humidity) ဖြစ်နေပါက ပို၍အအေးဓာတ်ကို ရစေသည်။ ထိုသို့ ဗတ်စိုဒိုင် လေးရှင်း (vasodilation) နှင့် ချွေးထွက်ခြင်းတို့ဖြင့် မလုံလောက်သောအခါ၊ ပူမြဲ ပူနေသည့်အခါတွင် ပထမကြွက်သားများကျုံ့ဝင်(Cramp) တတ်ကြပါသည်။ ထို့နောက် လူသည် သတိမေ့မြော (faint) သွားတတ်ပါသည်။ ထိုထက်ပိုဆိုးပါက Seizure ဖြစ်ပြီး အသက်သေဆုံးနိုင်ပါသည်။
ကျောက်ကပ်များမှာ အပူရှိန်မြင့်လာသည်ကို ပထမဆုံး ခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတွင် တစ်ခုအပါ အပါအဝင် ဖြစ်သည်။ ခန္ဓာကိုယ်၏ ပြင်ပအစိတ်အပိုင်းများသို့ သွေးကို စီးဆင်းစေသည်ဆိုခြင်းမှာ ကျောက်ကပ်နှင့် အခြားအစိတ်အပိုင်းများသည် အောက်စီဂျင်နှင့် အာဟာရဖြစ်စေသောပစ္စည်းများကို လျော့နည်း၍ ရခြင်းဖြစ်သည်။ ဤဖြစ်ရပ်မှာ ချွေးကြောင့် ခန္ဓာကိုယ်မှ ရေများဆုံးရှုံးသည်နှင့် တပြိုင်တည်း ဖြစ်တတ်ပါသည်။ ကိုယ်ခန္ဓာ အစိတ်အပိုင်းအသီးသီးသို့ ရေရအောင်ချိန်ညှိပေးရသော ကျောက်ကပ်မှာ အလုပ်ပိုခြင်း overdrive ဖြစ်ကာ ကျန်းမာနေသော လူတို့မှာပင် ကျောက်ကပ်ကို ထိခိုက်ပါတော့သည်။
ထို့ကြောင့် လူတို့၏အပူကို တုံ့ပြန်ခြင်းမှာ အမှားမခံသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ (Physiological Symphony) သံစုံတီးဝိုင်းသကဲ့သို့ ဟန်ချက်ညှိရသော ကိစ္စတစ်ခု ဖြစ်သည်။ ကျောက်ကပ်မှာ အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများထက် ပို၍ ထိခိုက်ပျက်စီးလွယ်သည်။ သူတို့တွင် ပြင်းပြသော Metabolic demand ခေါ် အတွင်း၌ ပြောင်းလဲပေးရသော အင်္ဂါ ဖြစ်သည်။ သွေးလှည့်ပတ်မှုဟူသော ဖြစ်စဉ်တွင် သေးငယ်သောပြောင်း လဲမှုဖြစ်ပါက ကြီးမားသောအန္တရာယ်ရှိနိုင်သည်။
ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်နေသူများသည် နေပူဒဏ်ကိုခံရသည်သာမက ကိုယ်လက်အင်္ဂါလှုပ်ရှားနေရခြင်းကြောင့် အပူဓာတ်ထွက်နေပါသည်။ ချွေးထွက်များခြင်းမှာလူကို ရေဓာတ်လျော့နည်းစေပါသည်။ အလုပ်ပြီး၍ နားနေသည် ဆိုစေဦး။ ရေဓာတ်လျော့ပါးခြင်းမှာ လူကို သိသိသာသာထိခိုက်နိုင်သည်။
အချို့ ပြင်းထန်သော ကိစ္စများမှလွဲ၍ ကျောက်ကပ်သည် ခေတ္တခဏမျှ အပူဒဏ်ခံရခြင်းမှ နာလန်ပြန်၍ ထူနိုင်ပါသည်။ ရေရှည်တွင် ထိခိုက်မှုမရှိနိုင်အောင် ရှောင်လွဲနိုင်ပါသည်။ သို့သော် စီကေဒီယူ ဖြစ်ပေါ်လာခြင်းက ဖော်ပြနေသည်မှာ ကျောက်ကပ်ကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခြင်းသည် ဆေးရုံသွားရန် မလိုဘူးဆိုစေ၊ အချိန်နှင့်အမျှ ပို၍ပို၍ ဆိုးရွားလာနိုင်ပါသည်။ ကျောက်ကပ်မှာ ထိခိုက်ခံရသည့် အန္တရာယ်များ စုပေါင်းပြီး နောက်ဆုံးတွင် အလုပ်မလုပ်တော့ဘူး ဖြစ်သွားနိုင်သည်။
(၃)
ဝေဒနာရှင်များ၏ Biopsies ခေါ် ကျောက်ကပ်ဒဏ်ရာများကို နမူနာယူကြည့်သောအခါ ကျောက်ကပ်၏ သေးငယ်သော ပြွန် (tubules) များကို ထိခိုက်သည်ကို တွေ့ရသည်။ ထိုပြွန်ငယ်ကလေးများမှာ သွေးထဲမှရေနှင့် လူ့အတွက်အသုံးဝင်သည့် အရာများကို စုပ်ယူ၍ သွေးထဲသို့ ပြန်ရောက်အောင် ပို့ဆောင်ပေးသည်။ ပြဿနာဖြစ်ရသည်မှာ ၎င်းတို့ ချို့ယွင်းမှုကြောင့် သွေးထဲတွင် Creatinine ပါဝင်နှုန်း များပြားလာခြင်းကို တွေ့ရပြီး ကျောက်ကပ်သည် ပုံမှန်အလုပ်မလုပ်တော့ကြောင်း သိရသည်။ ထို့အတူ ဆီးထဲတွင် ပရိုတိန်းဓာတ်များပြားလာသည်။
ကျောက်ကပ် လုံးဝပျက်စီးမသွားမီ လုပ်သင့်သောအချက်များ ရှိပါသည်။ လူများအတွက် ဆီးချိုရောဂါကို ထိန်းသိမ်းခြင်း၊ သွေးတိုးနှုန်းကို ထိန်းပေးခြင်းဖြင့် ကျောက်ကပ်ကို အန္တရာယ်မဖြစ်အောင် ကာကွယ်နိုင်ကြသည်။ အစားအသောက်ကို ပြုပြင်စားသုံး၍ ဖြစ်စေ၊ နေပူဒဏ်ခံရသောအလုပ်မှ ရှောင်လွှဲခြင်းများကိုလည်း တတ်နိုင်သမျှ လုပ်ပေးရန်လိုသည်။
ကိုသန်းလွင်
Ref: What’s driving a mysterious Epidemic of kidney Diesease By Carrie Avnold, Nature 5, June, 2025
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar