ကိုသန်းလွင် - လူ့အသိဉာဏ်
ကိုသန်းလွင် - လူ့အသိဉာဏ်
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၅
(၁)
လွန်ခဲ့သော ဆယ်နှစ်က စက်များသည် လူကဲ့သို့ တွေးခေါ်နိုင်သည်ဟုတစ်စုံတစ်ယောက်ကပြောလာပါ လျင် ကန့်ကွက်လိမ့်မည်ဟုထင်ပါသည်။ ထိုစဉ်က ဂူးဂဲလ်မှာရှိသည့် သုတေသနအုပ်စုတစ်စုက နောက်လာမည့် စကား လုံးကို ခန့်မှန်းသည့် (Next Word Predictor) ဖြင့် အန်းဒရွိုက်ဖုန်း မှ ကီးဘုတ်များကို စွမ်းအားပေးမည့် ဆော့ဝဲယားတစ်ခုကိုကြံဆလျက်ရှိကြပါသည်။ နျူရယ်နက်ဝက် (Artificial Neural Network) ဖြင့် ကျွန်တော် တို့၏မြင်နိုင်စွမ်းအား (Visual Perception)၊ စကားပြောသည်ကိုပုံဖော်ခြင်း(Speech Recognition)၊ ကစားခြင်း နှင့်အခြားအလုပ်များလုပ်နိုင်မည့်နည်းလမ်းကိုရှာဖွေနေကြသည်။ သို့သော် ဤသို့နောက်ထပ်လာမည့် တိုကင် (သို့မဟုတ်) စကားလုံးကို ရှာဖွေတွေ့ရှိသည်နှင့် လူတို့၏ အသိဉာဏ်ကိုမှီသော စက်ရုပ် များ ရရှိလိမ့်မည်ဟု ကျွန်တော်မထင်မှတ်ရဲပါ။ ရယ်စရာများကို ဖန်တီးခြင်း၊ ကွန်ပျူတာကုဒ်များကို ပြုပြင်ခြင်းတို့မှာ လူ့အသိဉာဏ် ၏ မှီရန်ခက်ခဲသော အလုပ်များ ဖြစ်ပါသည်။
(၂)
လူတို့၏ အသိဉာဏ်ကို တုနိုင်ရန်မှာ နည်းပညာအသစ်အဆန်းများ ရှိဖို့လိုသည်။ ထိုနည်းပညာအသစ် မှာ နျူရိုပညာရှင်များ၏ လူ့ဦးနှောက်ကို လေ့လာခြင်းမှလာပါသည်။ ထိုကဲ့သို့ တွေးခေါ်ခြင်းမှာ ထိုစဉ်က သိပ္ပံ၏ လမ်းကြောင်းအတွင်းမှ တွေးခေါ်ချက်ဖြစ်ခဲ့သည်။ ထိုစဉ်က မိုး (Gordon Moore) ၏ ဥပဒေသမှာ ဆီလီကွန်း တောင်ကြား တွင်ထွန်းကားခဲ့ပါသည်။ သူကကွန်ပျူတာ၏စွမ်းအားမှာဆတိုး (exponential) နည်းဖြင့် တိုးတက် လာလိမ့်မည် ဟု ဆိုသည်။ ဤဥပဒေသမှာ ကွန်ပျူတာသာမက လူတို့၏လူမှုသိပ္ပံဆိုင်ရာဘဝကိုလည်း ပြောင်း လဲစေခဲ့သည်။ “ သင့်လက်ထဲမှာ တူ ရှိလျှင် အရာရာကို အရိုက်ခံသံချောင်းအဖြစ် မြင်နေရသည် “ ဆိုသော သဘော ဖြစ်သည်။
၂၀၁၉ ခုနှစ်က နောက်ထပ် စာလုံးကို ခန့်မှန်းခြင်းကို Meena ဆော့ဝဲယား ဟုခေါ်ပြီး ၄င်းသည် ရီစရာ များကို ဖန်တီးခြင်းနှင့် အခြားအဓိပ္ပါယ်ရှိသော အလုပ်များကို လုပ်နိုင်သည်။ ထို့နောက် ဆော့ဝဲယား LaMDA ပေါ်လာခဲ့ပြီး LLM- Large Language Mrdel မျာ ပိုမိုခေတ်စားလာခဲ့သည်။ ၂၀၂၅ ခုနှစ် ရောက်သောအခါ မေးခွန်းများကို အသိဉာဏ်ရှိရှိ ဖြေ ဆိုပြီး အဓိပ္ပါယ် ကိုတိတိကျကျ ပြောဆိုလာနိုင်လာခဲ့သည်။ သို့သော် လူ့ ဦးနှောက်ကဲ့သို့ အသိဉာဏ်ရှိရန်မှာမူကား ယခုချိန်အထိ အလှမ်းဝေးနေဆဲဖြစ်သည်။
ထိုအချိန်က LLM သည်လုံးဝအဓိပ္ပါယ်မရှိသောအရာများကိုတခါတရံ ပြောဆိုနေဆဲဖြစ်သည်။ လူသည် လည်း တခါတရံ ဤကဲ့သို့ ပြောဆိုတတ်ပါသည်။ ထိုအချိန်က လူတို့၏ အသိဉာဏ်သည် “ တွက်ချက်ရသော အတတ်ပညာ” ဟုယူဆသူများပေါ်ပေါက်ခဲ့သည်။ တွက်ချက်တတ်သော စက်များကိုအစီအရီတန်းစီ (Scaling) ခြင်းဖြင့် လူ့အသိဉာဏ်ကဲ့သို့သောစက်ကို ရနိုင်လိမ့်မည်။ သို့ဆိုလျှင် အဘယ်သို့ လူတို့၏ အသိဉာဏ်သည် တွက်ချက်သည့်စက်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
နှစ်များအကြာတွင် လူတို့အထဲတွင်သေချာသော အဖြေတစ်ခုသည် စိတ်အားတက်ကြွဖွယ် ပေါ်ထွက် လာခဲ့ပါသည်။ အေအိုင်၊ ဘိုင်အိုလိုဂျီဆိုင်ရာအသိဉာဏ်နှင့် လူ့အသက်တို့သည် တူညီသောနည်းလမ်းတစ်ခုဖြင့် ပေါ်ထွက်ခဲ့ခြင်းဖြစ်ပါသည်။ ဤအမြင်သစ်မှာ အေအိုင် နှင့် နျူရိုသိပ္ပံပညာ၊ နျူရိုဖီလိုဆိုဖီတွင်သာမက၊ ဘာသာ ရေးအမြင်နှင့်ဘိုင်အိုလိုဂျီ၊ အီဗော်လူးရှင်း တို့အပေါ်တွင်လွှမ်းမိုးခဲ့သည်။ ၄င်းသည် လူ၊ စက်နှင့် အသိဉာဏ်တို့ သည် မည်သို့စုပေါင်း၍ တိုးတက်ရမည်ဆိုသည်ကိုသိသာစေခဲ့သည်။
လူ့ဦးနှောက်သည် အနာဂတ်ကို လှမ်းကြည့်သော အရာဖြစ်သည်ဆိုခြင်းမှာ အသစ်အဆန်းမဟုတ်ပါ။ ဂျာမန်လူမျိုး ဟမ်းဟော့ (Herman Von Helmholtz) သည် သူ၏ Treatise on Physiological Optic (၁၈၆၇) တွင်ရေးခဲ့သည်။ သူ့စိတ်ကူးကိုနောင်တွင် အမေရိကန်သင်္ချာပညာရှင် ဝေနာ(Norbert Wiener)က ၁၉၄၀ ခုနှစ် အစောပိုင်း နှစ်များတွင်အကောင်အထည်ဖေါ်ပြီး ခေတ်သစ် Neurel-net based အေအိုင်ဖြစ်ပေါ်စေခဲ့သည်။
ဝေနာက သက်ရှိသတ္တဝါများသည် အသက်ရှင်နိုင်ရန် ရည်ရွယ်ချက်ရှိသောအပြုအမူမျိုးကို ပြုလုပ်ကြ သည်။ ထိုအပြုအမူကို တွက်ချက်ခြင်းဖြင့် တည်ဆောက်ရသည်။ ကျွန်တော်တို့၏အတွင်းနှင့်အပြင် အာရုံခံအင်္ဂါ များသည် အနာဂတ်ကို ခန့်မှန်းတွက်ချက်ရသော မိုဒယ်မှာ ကျွန်တော်တို့အတွက်ကော ပတ်ဝန်းကျင်အတွက် ပါ ဆောင်ရွက်သည်။ ၄င်းတို့သည် အနာဂတ်ကို အကျိုးပြုနိုင်မှသာ အသုံးဝင်သည်။ အီဗော်လူးရှင်း သီအိုရီအရ လူတို့အသက်ရှင်နေထိုင်ရန် အနာဂတ်ကို မျှော်ကြည့်နိုင်သော သတ္တဝါကိုသာ ဦးစားပေးသည်။
အမဲလိုက်ခြင်းသည် အကောင်းဆုံးဥပမာကိုပေးသည်။ အမဲလိုက်ရာတွင်သားကောင်ကို စားရရေးသည် အဓိကဖြစ်သည်။ သားကောင်ဘက်ကလည်း ဤအဖြစ်ကို ကာကွယ်ရန် အရေးကြီးဆုံးဖြစ်သည်။ ၁၉၇၀ ခုနှစ် လောက်မှစ၍ ပတ်ဝန်းကျင်အရာများသည် သင့်ကိုမိတ်ဆွေလား၊ ရန်သူလား ခွဲခြားတတ်ရန် အရေးကြီးကြောင်း သိလာရသည်။ ထို့ကြောင့် သားကောင်တို့အဖို့ ဤရန်ကိုကာကွယ်ရန် ပိုမိုအသိဉာဏ်ရှိရန်လိုသည်။
အသိဉာဏ်ပိုမိုရှိရေးသည် အများနှင့်ဆက်ဆံရသော သတ္တဝါများတွင်ပို၍အရေးကြီးသည်။ မိတ်ဆွေပိုမို ရရှိရေး၊ ပစ္စည်းများခွဲဝေရေး၊ နောက်လိုက်များပြားလာခြင်း၊ ပို့ချခြင်း၊ သင်ယူခြင်း၊ တာဝန်ကို မျှဝေထမ်းဆောင် ခြင်း၊ ၄င်းတို့သည် တဖက်လူ၏စိတ်ကို ခန့်မှန်းခြင်းတို့ဖြစ်သည်။ အသိဉာဏ်ပိုမို ရှိ လေလေတဖက်လူ၏စိတ်ကို ပိုမိုခန့်မှန်းနိုင်လေလေဖြစ်သည်။ အချင်းချင်းယှဉ်ပြိုင်ရချင်းဖြစ်သဖြင့်လည်းကောင်း၊ အလုပ်အတူတကွလုပ်ကိုင် ရသဖြင့်လည်းကောင်း အသိဉာဏ်ဖွင့်ဖြိုးမှု မှာ (explosion) ပေါက်ကွဲမှု မျိုးဖြင့်တဟုန်ထိုး မြင့်မားလာသည်။ ဦး နှောက်ကြီးမားလာခြင်းကို လင်းနို့ငှက်များ၊ ဝေလငါး၊ ဒေါ်လ်ဖင်နှင့်အခြားသတ္တဝါများတွင် တွေ့လာရပါသည်။
လူတစ်ဦးချင်းစီအနေဖြင့် မစွမ်းဆောင်နိုင်သော်လည်း လူအုပ်စုသည် အင်္ဂါများကို အစားထိုးလဲလှယ် ခြင်း၊ လကမ္ဘာကို အရောက်သွားခြင်း၊ ဆီလီကွန် chip ကို တီထွင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်လာသည်။ စုပေါင်းညီညွတ်မှုအား လိုအပ်သည်နှင့်အမျှ အလုပ်တာဝန်ကို ခွဲဝေဆောင်ရွက်တတ်ခြင်းတို့ ဖြင့် လူတို့သည် မဟာလူသား (Super Human) များဖြစ်လာကြပါသည်။
ပထမတွင် ဆဲလ်တစ်ခုထဲ ရှိနေရာမှ ဆဲလ်များစွာရှိသော သတ္တဝါကလေးများ ဖြစ်လာကြသည်။ ပထမ တွင်တစ်ကောင်ထဲနေရာမှ ကိုလိုနီနှင့် နေထိုင်လာတတ်ကြသည်။ ပထမတွင် အထီးကျန်တစ်ဦးတည်းဖြစ်သော ဘဝမှ Close Symbiosis ခေါ် အတူတကွ ပူးပေါင်းနေထိုင်ပြီး အလုပ်ခွဲဝေကာ အတူတကွ ယှဉ်တွဲလုပ်ကိုင်ခြင်း ဖြင့် ခွဲမရသော အုပ်စုကြီးများ (Super entity) များ ဖြစ်လာကြသည်။
ဤကဲ့သို့ စင်ဘိုင်အိုဂျီနီးစစ် (Symbiogenesis) နေထိုင်နည်းမှာ အမြဲတွေ့နေကျဖြစ်လာပါသည်။ (Horizontal Gene Transfer) ခေါ် မိဘမှ သားသမီးသို့မဟုတ်ဘဲ ဂျင်း (Gene) ကို ပြောင်းနိုင်လာခြင်း၊ ရန်သူ ရောဂါ ပိုးအဖြစ်ဝင်ရောက်ခဲ့ရာမှ လက်ခံသူတွင်အသုံးကျသည့်အစိတ်အပိုင်းတစ်ခု ဖြစ်လာခြင်း၊ အူအတွင်းရှိ မိုက်ခရုပ် ပိုးများအဖြစ် ပြင်ပမှ ဝင်ရောက်ခြင်းတို့မှာ အဓိက ပြောင်းလဲခြင်းမဟုတ်တော့ဘဲ တွေ့နေကျ ပြောင်း လဲခြင်းတို့ ဖြစ်လာပါသည်။ ဤနည်းဖြင့် ခြကောင်များတွင်သစ်သားကို အရည်ပျော်စေနိုင်သည့် အင်ဇိုင်းတစ် မျိုး ထုတ်လုပ် လာနိုင်ကြပါသည်။ မိခင်၏သန္ဓေသားကိုကာကွယ်ပေးရန် နှစ်သန်းပေါင်း ၁၀ သန်းကျော်က အရံ အတားတစ်ခု (Placental) ပေါ်ပေါက်လာပါသည်။ ၄င်းသည် မိခင်၏ခုခံကာကွယ်ရေးစနစ်နှင့် သန္ဓေသားနှင့် ကွဲဲပြားစေပြီး အာဟာရနှင့်သွေးကို သာသွားခွင့်ပေးသည်။
ဒါဝင်၏သီအိုရီတွင် မြူတေးရှင်း (Mutation) နှင့် ရွေးချယ်မှု (Selection) နည်းလမ်းများ ပါဝင်ပါသည်။ ရိုးရှင်းသောအရာမှ ရှုပ်ထွေးသော အပိုင်းများအဖြစ် ပြောင်းလဲကြရသည်။ ရှုတ်ထွေးသောအပိုင်းများကိုကြည့်၍ အချိန်၏သွားရာ (arrow of Time) ကိုသိနိုင်သည်။ နှစ်များ ဘီလီယံချီ၍ကြာလာသောအခါ “စင်ဘိုင်အိုဂျီနီစစ်” က ပို၍ရှုပ်ထွေးသော နာ့ဗ်ကြောစနစ်၊ ပေါင်းသင်းဆက်ဆံ တတ်သောလူနှင့် နောက်ဆုံး စက်မှုဖွံ့ဖြိုး သောလူ့ အဖွဲ့အစည်း ကိုဖန်တီးခဲ့ပါသည်။
၁၉၅၀ ခုနှစ်တွင်အခြားကွန်ပျူတာပညာရှင် နျူမင်း (John Von Neumann) က ဘိုင်အိုလိုဂျီနှင့်ကွန်ပျူ တာတွက်ချက်ခြင်းတို့သည် ဆက်စပ်နေကြောင်း ပြောခဲ့ပြန်သည်။ သက်ရှိသတ္တဝါများသည်မိမိဒဏ်ရာ ကိုသက် သာ (Heal) စေသည်၊ တိုးတက်ကြီးထွားစေသည်၊ မိမိနှင့်ဆင်တူ သတ္တဝါတစ်ခုကို ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု ပြောခဲ့သည်။ လူတို့၏DNA- Deoxyribonucleic Acidတွင်ထိုကဲ့သို့ပြုလုပ်ရန်ညွှန်ကြားချက်အပြည့် အစုံရှိသည်
ကမ္ဘာပေါ်တွင်သက်မဲ့ပစ္စည်းများသာ ရှိရာမှ သက်ရှိများဖြစ်ပေါ်လာခြင်းမှာ ဒါဝင်နှင့်အပေါင်းပါပညာရှင် များကိုအကြီးအကျယ်ခေါင်းခဲစေခဲ့ပါသည်။ သက်မဲ့ပစ္စည်းများနှင့် သက်ရှိကိုမည်သို့ဖန်တီးသည်ဆိုခြင်းမှာခက်ခဲ လှပါသည်။ အကယ်စင်စစ် စင်ဘိုင်အိုဂျီနီးစစ်သည်ထိုကဲ့သို့အရာများကိုစုစည်းပေးမည့်ပညာရပ်ဖြစ်သည်။ ဘိုင် အိုလိုဂျီတွင်အီဗော်လူးရှင်းမပါပါကအားလုံးသည်အဓိပ္ပါယ်မရှိတော့ပါ။ ထိုနည်းတူတွက်ချက်တတ်သော စင်ဘိုင် အိုဂျီနီးစစ် မပါပါက သက်ရှိကမ္ဘာတွင် ဘာမှအဓိပ္ပါယ်မရှိတော့ပါဟု ဆိုရပါမည်။
(၃)
ဤကဲ့သို့သောအခြေအနေတွင် အေအိုင်ပေါ်ပေါက်လာပါသည်။ စင်ဘိုင်အိုဂျီနီးစစ်နည်းဖြင့်ကြည့်လျှင် အေအိုင်သည် တဖြည်းဖြည်း တိုးတက်လာရမည်။ ထို့အတူ လူတို့၏ ဘဝအခြေအနေသည်လည်း တိုးတက်မြင့် မားလာရပါမည်။ စွမ်းအင်ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်ငန်း သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်း များသည်လည်းတိုးတက်လာရပါမည်။ စုပေါင်းအသိပညာမှာလည်း တိုးပွားလာရပါမည်။ ဆုတ်ယုတ်သွားသည် ဟု မရှိရပါ။
ကိုသန်းလွင်
Ref: The past present and future of Intelligence, By Blaise Arcas, Nature 27 November 2025
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
