Breaking News

တပ်ဦးလ - ကျနော့်ပြည်တွင်းစစ်

Art- Than Htay Maung
 
ကျနော့်ပြည်တွင်းစစ်
တပ်ဦးလ
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၅


မင်းကို
နှလုံးသားနဲ့ မဲပေးခဲ့တာ
ပဋ္ဌာန်းဆက်

ငါ့ကို
သေနတ်နဲ့ မဲထဲ့ခိုင်းတာ
အကြမ်းဖက်

ငါတို့
မီးကုန်
ယမ်းကုန်
အချစ်မြေပြင်မှာ တဒိုင်းဒိုင်းပွင့်ကြပုံ။ 
 -