Breaking News

ခိုင်မျိုး - ရွာထဲမှာ

Art- SKB 
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၆


အိမ်ရဲ့
ထုတ်မှာလားယောက်မှာလား
ဒိုင်းမှာလားမြှားမှာလား
ပိုးဥတွေနေ့စဉ်ကျနေတယ်
ခြတွေစားနေတယ်
အိုကြီးအိုမညီမနဲ့ညီ
ငါတို့ကိုယ်၌ရောဂါရနေတာကြာခဲ့ပါပြီ
မီတာစာရွက်နဲ့ရေခွန်စာရွက်တွေ
ပုံမှန်လာကောက်ခံ ခံရပြီး
မီးနဲ့ရေပုံမှန်မရတဲ့ရပ်ကွက်မှာရှင်သန်ပါတယ်
လုံခြုံမှုမရှိတဲ့
နေ့စဉ်ဘဝမှာနေပါတယ်
အမည်မြေစာပါ