Breaking News

ဖလော်ဒါဟန် - ရူးနေသူ မဟုတ်ပါ၊ ယုတ်နေသူသာ ဖြစ်သည်

ဖလော်ဒါဟန် - ရူးနေသူ မဟုတ်ပါ၊ ယုတ်နေသူသာ ဖြစ်သည်

မိုးမခ ၊ ဇန်နဝါရီ ၆ ၊ ၂၀၂၆


မြန်မာပြည်တွင် ပြုံးဖြီးဖြီး ပြီပတီတီနဲ့ အမြဲတမ်းလိုလို ဆန့်ကျင်ဘက်စကားတွေ ပြောပြီး အာဏာရူးနေသူတယောက် ရှိသည်။

သူသည် စကားပြောရာတွင် ကလေးကလားဆန်စွာ ပြောဆို‌နေတတ်ပြီး သူ့ကိုယ်သူ ဘာရာထူးယူ၍ ဘာဆက်လုပ်ရမည်ကို မသိရအောင် အလကားနေ ပြုံး‌ပျော်ဟန်ဆောင်နေတတ်သည်။

စကားပြောရာတွင်လည်း အတည်အတန့် ပြောရမည်ကိုလည်း ပြုံး၍‌ပြောနေတတ်သည်။

ပါးစပ်မှလည်း အတွင်တွင် အာဏာရပါတီကို အာဏာလွှဲပေးမည်ဟုလည်း ပြောနေတတ်သေးသည်။

သို့သော် ပါးစပ်ဖျားမှ ထွက်လာသည့် စကားတိုင်းသည် သူ့အတွက် မဟုတ်ကြောင်း တွင်တွင်ပြောလေ့ရှိသော်လည်း တကယ့်လက်တွေ့မှာတော့ စလွယ်နဲ့ ခေါင်းပေါင်း စစ်ယူနီဖောင်းမှာ အပြည့်တံဆိပ်ကပ်နေတာ သူပဲ ဖြစ်နေတတ်သည်။

တခါ တခါ ထိုင်ခုံမှာ ထိုင်၍သော်လည်းကောင်း၊ စတိတ်စင်ထက်မှ လည်းကောင်း မအလ မှ မအလ သို့ ရာထူးဂုဏ်အသီသီးကို လွှဲပြောင်ပေးရန် လက်မှတ်ထိုး အမိန့်ပေး ညွှန်ကြားနေတတ်‌သေးသည်။

 ပြီတည်တည်နဲ့ ပြုံးပြုံးဖြီးဖြီး မျက်နှာသည် ယခုရက်ပိုင်းတွင် ပို၍ မြင်တွေ့လာရသသည်။

ရူးနေသည်တော့ မဟုတ်ပါ။ ယုတ်နေတာ ဖြစ်သည်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar