Breaking News

နွေလယ်နေ - အစွဲအလမ်း

Art - Aung Htet
အစွဲအလမ်း
နွေလယ်နေ
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၆


လေအေးတွေ တဟူးဟူးထန်
မိုးနှင်းသည်းသည်းမှာ
ငန်းရိုင်းတွေက အုပ်ဖွဲ့ပျံလို့
ဟောဒီ သူစိမ်းဆန်ဆန်ကောင်းကင်ကြီး
ငါ ရွက်ထားရတာပင်ပန်းဘိ ။

အိုဇုန်းလွှာပဲပေါက်ပေါက်
ခရမ်းလွန်ရောင်ခြည်ပဲ နှောက်နှောက်
မှဲ့ခြောက်လေးတွေနဲ့ချစ်သူ့ပါးပြင်လို
ပြစ်မျိုးမစင်စေဦးတော့
ငါ့ကောင်းကင်ကိုသာ ငါလွမ်းမိ  ။  ။ 
 -