ကိုရာဇာ - လက်ယဉ်တဲ့ ကဗျာဆရာ (၁)
ကိုရာဇာ - လက်ယဉ်တဲ့ ကဗျာဆရာ (၁)
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆
ပန်းချီဆရာသိဏ်းသိဏ်းရယ်၊ကဗျာဆရာဝင်းမြင့်ရယ်၊ကျနော်ရယ် သုဝဏ္ဏက ဗိုလ်ချုပ်ရွာလို့ခေါ်တဲ့ ရပ်ကွက်တခုမှာ ကာလတခုဖြတ်သန်းခဲ့ကြဖူးတယ်။ တကယ်တန်းနေတာက လေးယောက်ဆိုပေမယ့် ဘောလုံးသမား ကိုဝင်းနိုင်ဦးက ကျနော်တို့လောကနဲ့စိမ်းသူမို့ ဒီထဲထည့်မပြောတော့ပါဘူး။ အတူတူနေကြပေမယ့် ကျနော်နဲ့သဏ်းသိဏ်းကသာ အမြဲလိုတတွဲတွဲ ရှိနေတတ်ပြီး ဝင်းမြင့်နဲ့ကတော့ သိပ်မဆုံဖြစ်ပါဘူး။ အထူးသဖြင့် ဝင်းမြင့်တယောက် ဘုရားမူးမူးနေတဲ့ကာလဆို ပိုလို့ဆိုးပါတယ်။ အဲ့အချိန်တွေဆို သူကညဘက် တရားထိုင်တယ် ရှင်ဇနကဘိဝံသရဲ့ တဘဝသာသနာကို စေ့စေ့စပ်စပ်ဖတ်နေတတ်တယ်။(ဘုရားမူးမူးတယ်ဆိုတဲ့စကားလုံးက သွားနှင့်လေသူ သိဏ်းသိဏ်းရဲ့ စကားလုံးပါ)။ ဝင်းမြင့် အပေါ်ထပ်မှာနေပြီး ကျနော်တို့နှစ်ယောက်က အောက်ထပ်အခန်းထဲနေပါတယ်။ အတူနေသုံးယောက်မှာ ဝင်းမြင့်တယောက်ပဲ အလုပ်ရှိတာပါ။
ကျနော်တို့လို အာဝါလားတွေက ဒီလိုနေရာမျိုးမှာ ဘာ့ကြောင့်နေနိုင်သလဲဆိုတာ နောက်မှပြောပါ့မယ်။ ကျနော်တို့အိမ်က အခု ကမာကြည်တံတားရဲ့ ထိပ်လောက်က ဘုရင့်နောင်လမ်းက ၂ထပ်တိုက်ကြီးပါ။ ကျနော်တို့ဘေးအိမ်က အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်ရဲ့အိမ်ဖြစ်ပြီး မျက်စောင်းထိုးမှာက တခေတ်တခါရဲ့ နာမည်ကျော် ထောက်လှမ်းရေးဗိုလ်ချုပ်အိမ်ပါ။ ကျနော်တို့အိမ်ရဲ့ ပိုင်ရှင်ကတော့ ပေါင်းတည်သား အင်ဂျင်နီယာကျောင်းဆင်း ကိုမိုးကြီးပါ။ သူစုမိဆောင်းမိရှိတုန်း အဲ့ဒီအိမ်ကိုဝယ်တယ်။ အိမ်စောင့်မရှိတော့ သူ့သူငယ်ချင်း ပန်းချီသိဏ်းသိဏ်းကို အိမ်စောင့်ခိုင်းရာကစလို့ နောင်တချိန်မှာ ကဗျာဆရာ ပန်းချီဆရာတွေစုဝေးတဲ့ အသိုက်ကြီးဖြစ်လာတာပါပဲ။
ကျနော်ရန်ကုန်မှာ နေထိုင်စရာမရှိ ခွေးတိုးဝက်ဝင်ဖြစ်နေတာကို သိဏ်းသိဏ်းကသိသွားပြီး ငါနဲ့လိုက်ခဲ့ဆိုတာနဲ့ အဲ့အိမ်ကြီးပေါ်ရောက်သွားတော့တာပဲ။
“ဟေ့ယောင် အဲ့ဒါ ကဗျာဆရာ ဝင်းမြင့်ပဲ”
ဝင်းမြင့်ကတော့ သူ့နာမည်ကျော်အပြုံးနဲ့ ဟုတ်ကဲ့ပါဆိုပြီး လက်ဆွဲနှုတ်ဆက်ပြီး အပေါ်ထပ်ပြန်တက်သွားလေရဲ့။ ဇဝေဇဝါနဲ့ အူကြောင်ကြောင်ဖြစ်နေသူက ကျနော်ပါပဲ။
ဘာလို့ဆိုတော့ ဝင်းမြင့်က နာမည်ကြီးကဗျာဆရာလေ။ ကျနော်တို့လူငယ်တွေရဲ့ အိုက်ဒေါတယောက်။ မော်ဒန်ကဗျာဆရာကို ကိုယ်ပုံဖော်ထားတဲ့ပုံစံနဲ့ မကိုက်ညီလို့ မယုံရဲရဲပေါ့။ ခုနကမြင်လိုက်ရတဲ့ ဝင်းမြင့်က လူကောင်သေးသေး ဆံပင်ကိုဘိုကေအတိအကျညှပ်ထားပြီး မော်ဒန်ကဗျာဆရာဆိုတာထက် စစ်သားလူထွက်နဲ့ပိုတူနေပါတယ်။
ဆက်အုံးမယ်ဗျာ စိတ်ကအရာရာ အဆင်မပြေဖြစ်နေလို့ လိုရင်းမရောက်ရင်တောင်းပန်ပါတယ်။
သိဏ်းသိဏ်းတို့နဲ့ နေရတာက ဘာစည်းကမ်းသတ်မှတ်ချက်မှမရှိပါဘူး။ သူတို့ကိုယ်တိုင်လည်း အဲ့လိုစည်းကမ်းတို့ဘာတို့ဆိုတာကို မုန်းဟန်တူပါတယ်။ တခုပါပဲ သိဏ်းသိဏ်းက မနက်စောစောထရင်တော့ ဆဲတတ်ပါတယ်။ ကျနော်ပြောတဲ့ မနက်အစောဆိုတာက ၉/၁၀ နာရီလောက်ကိုပြောတာပါ။ အဲ့အချိန်လောက် ကျနော်ထရင် “စောက်ကလေး ပြန်အိပ်” ဆိုပြီး သူလည်းပြန်အိပ်ပါတယ်။ တခါတလေကျ ကျနော့်ကိုသာ ပြန်အိပ်ခိုင်းနေတာ သူကတော့လှဲရက်သား ဆေးလိပ်ဖွာနေတတ်ပါတယ်။ ၁၁ခွဲ ၁၂ လောက်ဆို သိဏ်းသိဏ်းထပါပြီ။ အုတ်ရေကန်ထဲ လက်ခုပ်တခါခပ်လိုက်ပြီး မျက်နှာသပ်ချပါတယ်။ ဝတ်ထားတဲ့ ပုဆိုးကို ဖြည်ချလိုက်ပြီး မျက်နှာကို အုပ်ပြီးသုတ်လိုက်ပါတယ်။ အဲ့ဒါ သိဏ်းသိဏ်းရဲ့ တနေကုန်စာ သန့်ရှင်းရေးလုပ်လိုက်တာပါပဲ။ ပြီးတာနဲ့ တခုခုကို စရှာပါတော့တယ်။
ပါးစပ်ကလည်း ဆဲလိုက်ဆိုလိုက်နဲ့ မြည်တွန်တောက်တီးလိုက်နဲ့ပေါ့။ နောက်ဆုံး ၂၀၀ တန်ပိုက်ဆံအရွက်ကိုတွေ့ပါတယ်။ အဲ့တော့မှ “ငါရိုးမဝင်းမြင့် နေ့တိုင်းအဲ့လိုလုပ်နေ ညနေကအပြတ်ပြောတော့မယ် စောက်ကလေးရေချိုး လက်ဖက်ရည်ဆိုင်သွားမယ် “ဆိုမှ ကျနော်လည်း ကမန်းကတန်းရေချိုး သူ့နောက်ကလိုက် သုဝဏ္ဏစျေးထိပ်က “မောင့် လက်ဖက်ရည်ဝိုင်း” ဆိုတဲ့ဆိုင်ကို ဗူးဘုရားလမ်းအတိုင်းချီတက် အကျအနထိုင်ပါတော့တယ်။
အခြေအနေတွေကို လိပ်ပတ်မလည်ခင်က ကျနော်လည်း အူကြောင်ကျားဖြစ်နေတာပေါ့လေ။ အနေကြာတော့မှ အဲ့အခြေအနေကို ကောင်းကောင်းသဘောပေါက်ပါတယ်။ ဝင်းမြင့်က အလုပ်ရှိသမားဆိုတော့ မနက်အစောထတယ် အလုပ်မသွားခင် ပိုက်ဆံ ၂၀၀ ကို သိဏ်းသိဏ်းကိုပေးတယ်။ ပေးတော့ လက်ထဲလည်းမထည့်ခဲ့ ထင်သာမြင်သာလည်းမထား ပံ့သကူပစ်သလို တနေ့ကို တနေရာမှာ ပစ်ချထားတတ်တာပါပဲ။ အဲ့ဒါကို သိဏ်းသိဏ်းကဆဲဆို လိုက်ရှာ တွေ့တော့မှ လက်ဖက်ရည်ဆိုင်သွားရသကိုး။(ခုပြန်တွေးကြည့်တော့ သူတို့ဖာသာ ရှာကြံပြီး ပျော်စရာများ ဖန်တီးကြသလားပေါ့လေ)။ လက်ဖက်ရည်ဆိုင်ရောက်တော့မှ ဆရာသိဏ်းရဲ့ ချွေတာရေးဒဿနကို သိခွင့်ရတော့တယ်။
“ခုလို အိပ်ယာက နောက်ကျမှထတော့ ငါတို့တနပ်စာသက်သာမသွားဘူးလား”တဲ့ ကျနော်လည်း ရယ်ရအခက် ငိုရအခက်။ လက်ဖက်ရည်ဆိုင်ကထရင် သိဏ်းသိဏ်းက ကျနော့်ကို ပိုက်ဆံ ၂၀ ပေးတယ်။ လမ်းစရိတ်ပေါ့။ ကျနော်ကအဲ့ပိုက်ဆံယူ သွားရာရှိတာသွား ညနေကျတော့ လေထန်ကုန်းချီတက် ရောက်နှင့်ပြီးသား သိဏ်းသိဏ်းတို့ ကိုလှသန်းတို့နဲ့ ၄၂၊ ၁၉ လမ်း၊ မယ်ဇလီပင်လမ်း အလျဉ်းသင့်သလိုထိုင် အပုပ်ချိန်ရောက်ခါမှ ၂၀၅ သို့မဟုတ် ၅၆ စီးပြီးပြန်ကြတာပေါ့။ အဲ့အချိန်ထိ တအိမ်ထဲနေ လူသုံးယောက် ပေါင်းစည်းရေးက ဖြစ်မလာသေးဘူး။ ကျနော်တို့ အိမ်ပြန်ရောက်ချိန်ဆို ဝင်းမြင့်က တရားထိုင်နေပြီလေ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar